တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု၊ တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဝရမ်းအသစ်ထုတ်ပေးဖို့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ဧပြီ ၂၈ ရက်နေ့ လျှောက်လဲချက် ကြားနာမည်

ရန်ကုန်၊ ဧပြီ ၂၂ – တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုက ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို တရားခံပြေးသတ် မှတ်တဲ့ကိစ္စနဲ့ ဖမ်းဝရမ်းအသစ်ထပ်ထုတ်ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းတရား လွှတ်တော်မှာ ဧပြီလ ၂၈ ရက်နေ့လျှောက်လဲ ချက်ပေးရမှာဖြစ်တယ်လို့ သိရတယ်။
ပြစ်ထွေ ၂၀ (ဖမ်းမမိသေးတဲ့ တရားခံပြေးအောင်ဝင်းခိုင်အမှု)ကို တိုင်းကလက်ခံထားတယ်၊ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က အမှုတင်တာ၊ အမှုတွဲလက်ခံတဲ့ရုံးခန့်က ပြင်ဆင်မှုကိုတိုက်ရိုက် လက်ခံခဲ့တာ၊ လာမယ့် ၂၈ ရက်နေ့ လျှောက်လဲချက်ကြားနာမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။
ပြစ်မှုဆိုင်ရာအထွေထွေအမှုအမှတ် ၂၀/ ၂၀၁၇ နဲ့ အောင်ဝင်းခိုင် (ဖမ်းမမိသေးသူ)ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/ ၅၁၂ နဲ့ စွဲဆိုထားမှုက တရားခံဖမ်းဆီးရရှိ နိုင်ခြေမရှိလို့ သက်သေငါးဦးကို စစ်ဆေးပြီး အမှုစစ်ခရိုင် တရားသူကြီးများက တရားခံပြေးအဖြစ် သတ်မှတ်ကြောင်း မတ်လ ၁၇ ရက်နေ့က အမှုစစ်မြောက်ပိုင်းခရိုင် တရားရုံး တရားသူကြီးသုံးဦးပါဝင်တဲ့ အထူးခုံရုံးက အမိန့်ချထားပါ တယ်။
အထက်ရုံးကို ပြင်ဆင်မှုတင်သွင်းတာ အချက်နှစ်ချက်ကိုအခြေခံ ထားတယ်လို့သိရတယ်။ ပထမအချက်အနေနဲ့ တရားခံအောင်ဝင်းခိုင် ကိုဖမ်းဖို့ ဝရမ်းအသစ်ထပ်မံထုတ်ပေးဖို့ဖြစ်ပြီး ဒုတိယတစ်ချက်က တော့ တရားခံပြေး အမှုစစ်တဲ့အခါမှာ ဥပဒေလိုအပ်ချက်ရှိတဲ့ အပိုင်း တွေကို အခြေခံပြီး ပြင်ဆင်မှုတင်ထားတာဖြစ်တယ်လို့သိရတယ်။
တရားခံပြေးရှိတဲ့အမှုမှာ တရားခံပြေးသတ်မှတ်ပြီးမှ ဖမ်းဆီးရမိသူများ ပါဝင်တဲ့ အမှုကိုစစ်ဆေးနိုင်တာဖြစ်ပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ် ၄၅/၂၀၁၇ တရားခံ(၁)ကြည်လင်းအပါအဝင် လေးဦးအမှုနဲ့ ပြစ်မှုဆိုင်ရာ အထွေထွေ အမှတ် ၂၀/ ၂၀၁၇ (ယခုပြင်ဆင်မှုတက်တဲ့အမှု) ဆက်စပ်နေတာကြောင့် သည်ပြင်ဆင်မှုကို တိုင်းတရားလွှတ်တော်က လက်ခံကြားနာလိုက်ရင် ခရိုင်တရားရုံးမှာရှိတဲ့အမှုတွဲနှစ်ခုလုံးကို အထက်ရုံးပို့ပေးဖို့ ခေါ်စာရောက်လာလို့ ခရိုင်တရားရုံးမှာစစ်ဆေး နေတဲ့ အမှုကိုရပ်ထားပါတယ်။
သည်အမှုကိုစစ်ဆေးတဲ့ အထူးခုံရုံးမှာပါတဲ့ မြောက်ပိုင်းခရိုင်တရား သူကြီးက တရားခံပြေးရှိတဲ့အမှုမှာ တရားခံကိုဖမ်းမမိချိန် တရားခံ မျက်ကွယ်မှာ အမှုစစ်ဆေးနိုင်အောင်လို့ ပြေးနေတဲ့တရားခံမိရင်လည်း တရားလိုပြသက်သေ တချို့ထပ်စစ်ဆေးဖို့ အဆင်မပြေတဲ့အခါ တရားခံမျက်ကွယ်မှာ စစ်ပြီးအမိန့်ချနိုင်အောင်၊ အမှုကြန့်ကြာမှုမရှိ အောင်တရားခံပြေးသတ်မှတ်တာဖြစ်ကြောင်း ရှင်းပြပါတယ်။
တရားခံပြေး အောင်ဝင်းခိုင်ဖမ်းဆီးရမိရေးနဲ့ပတ်သက်ပြီး အင်တာပို နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချိတ်ဆက်ဆောင်ရွက်နေကြောင်း မတ်လ ၃၀ ရက်နေ့က ကြေညာခဲ့ပြီး အင်တာပိုကလည်း ဧပြီလ ၇ ရက်နေ့ က တရားခံပြေး အောင်ဝင်းခိုင်ကို အဖွဲ့ဝင်နိုင်ငံများအနေနဲ့တွေ့ရင် ဖမ်းဆီးပေးဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်အကျဉ်း
ဖြစ်စဉ်မှာ ပြန်ကြားရေးဝန်ကြီးပါဝင်တဲ့အဖွဲ့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ လေ့လာရေးခရီးကပြန်လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဇန်နဝါဝါရီ ၂၉ ရက်နေ့ ညနေ ၄း၅၅ နာရီအချိန် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှေ့ပလက်ဖောင်းပေါ်မှာ မြေးဖြစ်သူကိုချီပြီး ရပ်နေစဉ် ၉ မမသေနတ်နဲ့ အနီးကပ်ပစ် ခတ်လုပ်ကြံမှုဖြစ်ပါတယ်။ သေနတ်သမား ကြည်လင်းကိုအခင်းဖြစ် နေရာမှာပဲဖမ်းဆီးရမိတာဖြစ်ပါတယ်။ ဖမ်းဆီးရေးမှာ ပူးပေါင်းပါဝင် ခဲ့တဲ့ အငှားယာဉ်မောင် ဦးနေဝင်းလည်း သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
Author – လူမွန်

No comments:

Powered by Blogger.