အယ်လ်ဂျီ G6 နဲ့ ဂူးဂဲလ် Pixel XL စမတ်ဖုန်းတို့ နှိုင်းယှဉ်ချက်

ရန်ကုန်၊ ဧပြီ ၂၃ – နောက်ဆုံးမော်ဒယ်လ်တွေ ဖြစ်တဲ့  အယ်လ်ဂျီ G6 နဲ့ ဂူးဂဲလ် Pixel XL စမတ်ဖုန်းတို့ရဲ့ နှိုင်းယှဉ်ချက် ကို ဖြစ်ပါတယ်။ စီနက်နည်းပညာ ဘလော့ဂ်ကနေ ကိုးကားဖော်ပြ တာဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းနဲ့ ဖွဲ့စည်းပုံအရ Google Pixel XL k LG G6 က Pixel ထက်ပိုကြီးပါတယ်။ နောက်ပြီး Pixel ကို သတ္ထုနဲ့ဖွဲ့စည်းထားပြီး အနားသပ်တွေကို မှန်တွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး အိုင်ဖုန်းနဲ့ဆင်တူပါတယ်။
သုံးစွဲသူတွေကို ဒီဇိုင်းပိုင်းအနေနဲ့ကတော့ Pixel ဖုန်းကပိုဆွဲဆောင် နိုင်စတာဖြစ်ပါတယ်။ ဒါပေမဲ့မှန်နဲ့ အနားသပ်ပြုလုပ်ထားတာက မတော်တဆကျကွဲတဲ့အခါ အက်တဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်။
အယ်လ်ဂျီကတော့ ပေါလစ်တိုက်ထားတဲ့ ပုံစံမျိုးနဲ့ပြောင်ချောချော နဲ့ unibody ဒီဇိုင်းကို သုံး ထားတာဖြစ်ပါတယ်။
ဖုန်ဒဏ်၊ သဲဒဏ်၊ ရေစိုဒဏ်ခံနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ ရေစိမ်ခံနိုင်ဖို့ IP 68 နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နောက်ပြီးသုံးစွဲသူအနေနဲ့ ဖုန်းပေါ်ကိုမတော်တဆ ကော်ဖီမှောက်ကျတာတွေ၊ အအေးရည် မှောက်ကျရင်တောင် ဖုန်းကမပျက်စီးဘဲ  အလုပ်လုပ်စေမှာ ဖြစ်ကြောင်းသိရပါတယ်။
ကျောဘက်ကင်မရာ 13-megapixel lens နဲ့ ၁၂၀ ဒီဂရီ wide -angle lens 13 mp ပါတာကြောင့် ကင်မရာနှစ်စုံဖြစ်ပြီး မြင်ကွင်း အကျယ်နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဆယ်ဖီကင်မရာရှေ့ကင်မရာ ကတော့ 5-megapixel အပြင် wide-angle နဲ့လည်း ရိုက်ကူးနိုင်မှာပါ။
Pixel ဖုန်းမှာဆိုရင်တော့ ရေစိုခံနည်းပညာကို အာမခံပေးမထား ပါဘူး။ သူ့ရဲ့ကျောဘက် ကင်မရာ ၁၂.၃ 12.3 megapixel camera နဲ့ ဆယ်ဖီကင်မရာ 8-megapixel camera ပါဝင် တာကြောင့် ဆယ်ဖီကင်မရာမှာတော့ အယ်လ်ဂျီထက်ပိုသာတာကို တွေ့ရပါတယ်။ LG နဲ့ Pixel နှစ်မျိုးလုံးမှာ စခရင်ရဲ့ resolution ကိုလည်း အရင်ကထက်တိုးမြှင့်ပြီး HD ကို 4K နဲ့ လာမှာဖြစ် တာကြောင့် ဗီဒီယိုတွေကို အကြည်ဆုံးနဲ့ zoom ဘယ်လောက်ချဲ့ချဲ့ မဝါးသွားဘဲ ပြတ်သားကြည်လင်တဲ့ ရုပ်ထွက်ကိုစွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။
ဓာတ်ပုံတွေရိုက်ကူးတဲ့အခါ လက်တုန်နေရင်တောင်မဝါးစေဘဲ အငြိမ် စနစ်ပါဝင်တာကြောင့် ရုပ်ပုံတွေကိုတော်ရုံမဝါးစေဘဲ ကြည်ကြည်လင် လင်အနေအထား နဲ့ ထွက်လာမှာဖြစ်ပါတယ်။
ဘက်ထရီ ပိုင်းမှာဆိုရင်တော့  G6 က 3300 mAh  ba-ttery ရှိပြီး pixel XL ကတော့ 3450 mAh ရှိတာကြောင့် G6 ထက်ပိုသာပါ တယ်။ လုပ်ငန်းပိုင်းအသုံးချမယ်ဆိုရင်တော့ Pixel က အဆင်ပြေစေ မှာဖြစ်ပါတယ်။ အယ်လ်ဂျီကတော့ လူငယ်တွေနဲ့ စမတ်ဖုန်း ရူးသွပ်သူတွေအတွက် ပိုအသုံးတည့်စေမှာဖြစ်ပါတယ်။
ဖုန်းနှစ်မျိုးလုံးကို စမ်းသပ်ချက်အရ airplane mode ကို ဖွင့်ထား ရင် G6 ကို  ၁၃ နာရီနဲ့ ၂၁ မိနစ်ဆက်တိုက်ကြာကြာ အသုံးပြုနိုင် မှာဖြစ်ပြီး Pixel ဖုန်းဆိုရင်တော့ ၁၃ နာရီနဲ့ ၄၉ မိနစ် ကြာကြာ  သုံးနိုင်တာကြောင့် G6 ထက် ၂၈ မိနစ် အားပိုခံကြောင်းသိရပါတယ်။
ဖုန်းနှစ်မျိုးလုံးမှာ ဆော့ဖ်ဝဲပိုင်းက လက်ရှိနာမည်ကြီးနေတဲ့ Android Nougat ဗားရှင်းပါဝင်ပါတယ်။ ဆော့ဖ်ဝဲတွေ အပ်ဒိတ်လုပ်ရမှာတော့  Pixel က ပိုမြန်စေပြီး အယ်လ်ဂျီကတော့ အနည်းငယ်ကြန့်ကြာပါ တယ်။
Pixel က ဂူးဂဲလ်က ထုတ်လုပ်တာဖြစ်တာကြောင့် ဂူးဂဲလ်ပလေးစတိုး ကနေ အက်ပ်တွေ ဒေါင်းလုပ်ဒ်ဆွဲတာနဲ့ အပ်ဒိတ်လုပ်တာက ပိုပြီး မြန်ဆန်စေတာ ဖြစ်ပါတယ်။ Author –  မေဘယ်လ်

No comments:

Powered by Blogger.