အောင်ဘာလေထီ ၅၀ ဖိုးတယ်လီဖုန်းနဲ့ ထိုးဖို့ပြင်

လက်ရှိအောင်ဘာလေထီစနစ်က ရောင်းချတဲ့ဆိုင်မှာရှိတဲ့ နံပါတ်တွေကိုသာရွေးချယ်ဝယ်ယူရတာပါ။
ရန်ကုန်၊ ဧပြီ ၂၃ – ၅၀ ကျပ်တန်အောင်ဘာလေထီအသစ်ကို တယ်လီဖုန်းကနေထိုးနိုင်ဖို့ အောင်ဘာလေထီ ဥပဒေသစ်မှာ  ရေးဆွဲထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးကျော်ဝင်းက ပြောတယ်။ 
သည်လကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ဒုတိယသမ္မတ၊ ဝန်ကြီးများအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လစဉ်တွေ့ဆုံပွဲမှာ ပြောတာပါ။  မိုဘိုင်းလ်ဖုန်းကနေ ထိုးနိုင်တဲ့ ကျပ် ၅၀ တန် အောင်ဘာလေထီကို တစ်လနှစ်ကြိမ် ဖွင့်ပေးမှာပါ။ အမြင့်ဆုံးဆုကြေးငွေက ကျပ်တစ်သိန်း ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြီးခဲ့တဲ့လွှတ်တော်မှာ အောင်ဘာလေလောနဲ့ပတ်သက်လို့ အချိန်မီတင်ပြခဲ့ပါတယ်၊ အကြောင်းကြောင်းကြောင့် ပြီးခဲ့တဲ့လွှတ်တော်မှာ ဒီဥပဒေမထွက် ခဲ့ပါဘူး၊ အဲဒီဥပဒေနဲ့ဆောင်ရွက်ဖို့ ၅၀ တန်ထီပါပါတယ်၊ အောင်ဘာ လေထီစနစ်ကို ဖုန်းနဲ့ထိုးလို့ရအောင် ဆောင်ရွက်ပေးထားပါတယ်၊ သာမန်လူတန်းစားတွေအတွက်ထိုးလို့ရအောင် လုပ်ပေးထားတာပါ၊ တစ်လမှာ နှစ်ကြိမ်စဉ်းစားထားပါတယ်၊ တစ်ကြိမ်မှာဆုကအများကြီး မဟုတ်ပါဘူး၊ တစ်သိန်းဆုပဲဖြစ်ပါတယ်လို့ ပြောပါတယ်။ ကျပ် ၅၀ တန် ထီအသစ်ရောင်းချပေးရတာက အခြေခံလူတန်း စားတွေအတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။
အောင်ဘာလေထီဥပဒေသစ်ကိုရေးဆွဲပြဋ္ဌာန်းဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း သည်နေ့ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့အခွန် ကိုယ်တိုင်စည်းကြပ် သည့်အခွန်စနစ် အကြောင်းရှင်းလင်းဆွေးနွေး ပွဲမှာ ပြောပါတယ်။ ထီဥပဒေထွက်လာရင်တော့ အီလက်ထရွန်းနစ် (e-lottery)စနစ်ကျင့် သုံးဖို့ရှိတယ်လို့ သိရပါတယ်။
လက်ရှိအောင်ဘာလေထီစနစ်က paper lottery ဖြစ်ပါတယ်။ စက္ကူ ထီလက်မှတ်ရောင်းချတာပါ။ ထီထိုးသူတွေက အောင်ဘာလေသိန်း ဆုဌာနခွဲကသတ်မှတ်ထားတဲ့ တန်ဖိုးထက် ပိုပြီးဝယ်ယူနေရပါတယ်။ ကိန်းဂဏန်းကိုလည်း ရောင်းချတဲ့ဆိုင်မှာရှိတဲ့ နံပါတ်တွေကိုသာ  ရွေးချယ်ဝယ်ယူရတာပါ။
ပြီးခဲ့တဲ့ အစိုးရလက်ထက်ကစပြီး အောင်ဘာလေထီ အက္ခရာ နံပါတ်တွေ တိုးမြှင့်တာ၊ ဆုကြေးတိုးမြှင့်တာတွေ စီစဉ်ခဲ့ပါတယ်။ ၂၀၁၇ မတ်လက ရောင်းချတဲ့ထီက စတင်ပြီး ကျပ်သိန်း ၁၀,ဝ၀ဝ အထိတိုးမြှင့်ခဲ့ပါတယ်။
Author – ပို့ပို့မြင့်မွန်

No comments:

Powered by Blogger.