ထိုင်း လူ့အဖွဲ့အစည်းအတွင်း အယုံလွယ်ခြင်းနှင့် သိပ္ပံနည်းကျ တွေးခေါ်ခြင်း ဝိရောဓိများ

ပွက်ပွက်ဆူနေသော ဆီအိုးထဲတွင် သင်္ကန်းဝတ် ထိုင်းဘုန်း တော်ကြီးတစ်ပါးက ဣနြေ္ဒရရ ထိုင်နေသည်။ နောက်လိုက် တပည့်တစ်ဦးက ဆီအိုးအောက် ခြေမှ မီးအားကောင်းအောင် ထင်း များ အဆက်မပြတ် ထိုးပေးနေ သည်။ အခြားတစ်ဦးက ဘုန်း တော်ကြီးအား ဝိုင်းဝန်းကြည့်ရှု နေသူများ ကမ်းပေးသည့် ပစ္စည်း များကို ဘုန်းတော်ကြီးထံသို့ ခပ် လှမ်းလှမ်းမှနေ၍ တုတ်တစ် ချောင်းဖြင့် လှမ်းထိုးပေးသည်။ တန်ခိုးပြနေသည့် ဘုန်းကြီး၏ လက်နှင့် ထိမိသော ပစ္စည်းများ သည် သိဒ္ဓိဝင်သွားပြီး ကံကောင်း စေသည်ဟု ထိုင်းအများအပြား က ယုံကြည်ကြသည်။
ထိုကဲ့သို့ တန်ခိုးပြနေသည့် ဘုန်းတော်ကြီးများကို ထိုင်းနိုင်ငံ နေရာအနှံ့တွင် တွေ့မြင်ရလေ့ရှိ သည်။ ဆီပူအိုးထဲတွင် ငြိမ်းငြိမ်း ချမ်းချမ်းပုံစံဖြင့် ဝင်ထိုင်ပြနေ ခြင်းသည် ထူးခြားသည့် တန်ခိုး ကြောင့်ဟု ထိုင်းပြည်သူ အများ အပြားက ယုံကြည်လေ့ရှိသလို အလှူငွေများ ရက်ရောစွာ ပေး အပ်လှူဒါန်းလေ့ ရှိကြသည်။ ဘူအမ်လမ်ဖူရှိ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းတွင် ဘုန်း တော်ကြီး ဝင်ထိုင်ထားသည့် ဆီ များကို ပုလင်းများထဲထည့်ကာ ဆီမန်းအဖြစ်ပင် ရောင်းချပြီး စီး ပွားဖြစ်လျက် ရှိသည်။
သို့သော် ဘန်ကောက်ရှိ ချူ လာလောင်ကွန်း တက္ကသိုလ်မှ ဇီဝဗေဒဘာသာရပ်နည်းပြ ဂျက် ဆာဒါ ဒန်ဒူယန်ဘိုရင်ပတ်အ တွက်မူ ထိုသို့သောအပြုအမူမျိုး ကို တန်ခိုးပြနေခြင်းဟု လက်ခံရန် ခက်နေသည်။ ဘုန်းတော်ကြီး တစ်ပါး ဆီအိုးထဲတရားထိုင်နေ သည့် ဗီဒီယိုတစ်ခုကို ကြည့်မိ သည့်နောက် ဂျက်ဆာဒါ ဦးစွာ သတိပြုမိသည်မှာ ထူးခြားနေ သည့် ဆီအိုးပုံသဏ္ဌာန် ဖြစ်သည်။ ဆီအိုးသည် လုံးဝန်းသော အိုး ကင်း၏ အထက်တွင် အပြား သဏ္ဌာန်တစ်ခုဖြင့် တွယ်ကပ် ထားသည်။ ယင်းတို့၏ကြားတွင် အပူကာ အလွှာတစ်ခု ရှိနေဦး မည်ဟု ဂျက်ဆာဒါက ယူဆခဲ့ သည်။ဂျက်ဆာဒါသည် ၎င်း၏ စိတ်ကူးကို သက်သေပြရန် ကြိုး စားခဲ့သည်။ ၎င်းသည် တက္က သိုလ် ဓာတ်ခွဲခန်းတွင် ယင်းနှင့် ပတ်သက်၍ လက်တွေ့စမ်းသပ် ကြည့်ခဲ့သည်။ ဂျက်ဆာဒါသည် ဓာတ်ခွဲခန်းသုံး ဖန်ကရားတစ်ခု ထဲတွင် ရေထက်ဝက်ထည့်သည်။ ယင်း၏ အပေါ်တွင် သံလွင်ဆီကို လောင်းထည့်လိုက်သည်။ ထို့ နောက် ရေကရားကို မီးဖိုပေါ်တွင် တည်ထားသည်။ ထို့နောက် အ တန်ကြာ စောင့်ကြည့်ပြီး ကရား ထဲမှ ဆီကို လက်နှစ်ကြည့်ရာ မည်သည့်အန္တရာယ်မျှ မရှိကြောင်း ဂျက်ဆာဒါက ဖော်ထုတ်တွေ့ရှိ လာသည်။
ကရား၏ အောက်ဘက်မှ ပြင်းပြင်းထန်ထန် အပူပေးနေ သော်လည်း အဆိုပါ အပူဓာတ်ကို ရေက စုပ်ယူထားလိုက်ပြီး ဆီက ပူလာတော့မည်မဟုတ်ကြောင်း ဂျက်ဆာဒါက ဖော်ထုတ်နိုင်ခဲ့ သည်။ အောက်ဘက်မှ ဆူနေ သော ရေက လေဘောလုံးများ မှုတ်ထုတ်ရာ ဆီထုကို ဖြတ်သန်း ပြီး မျက်နှာပြင်ပေါ်တက်လာ သည့်အတွက် ဆီကပါ ပွက်ပွက် ဆူသကဲ့သို့ ထင်မြင်စရာ ဖြစ်နေ သည်။ ဆီနှင့်ရေကြားတွင် အလွှာ တစ်ခု ခြားထားပါက လူတစ်ဦး အနေဖြင့် မည်သည့် အထိအခိုက် မျှ မရှိဘဲ ဝင်ထိုင်နေနိုင်မည်ဖြစ် ကြောင်း ဂျက်ဆာဒါက သက်သေ ထူနိုင်ခဲ့သည်။
‘‘ဘာတန်ခိုးမှ မဟုတ်ဘူး။ ဒါက လှည့်ကွက်တစ်ခုသာ ဖြစ် တယ်။ အဲဒီ လှည့်ကွက်ကိုပဲ သုံးပြီး ဘုန်းကြီးတချို့က နှစ်ရှည်လများ လုပ်စားနေခဲ့တာပါ။ အဲဒီ ဘုန်းကြီး တွေဟာ မွန်မြတ်တဲ့ ဗုဒ္ဓဘာသာ ရဲ့ ပုံရိပ်ကို ဖျက်ဆီးနေတာ ဖြစ် တယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကျော် ကြားမှုနဲ့ လာဘ်လာဘအတွက် လိမ်ညာနေတာသာ ဖြစ်တယ်’’ ဟု လူမှုကွန်ရက် မီဒီယာများတွင် ဂျက်ဆာဒါက ဖွင့်ချခဲ့သည်။
၎င်းက ထိုင်းနိုင်ငံအတွင်း အခြားသော လှည့်စားသည့် နည်း လမ်းများဖြင့် တန်ခိုးရှင်ယောင်၊ သူတော်စင်ယောင်ဆောင်ကာ လှည့်ဖြားနေသူများ၏ အကြံအ စည်များကိုလည်း လေ့လာ ဖော် ထုတ်သွားလိုကြောင်း ဆိုသည်။
‘‘ထိုင်းလူ့အဖွဲ့အစည်းက ရှေးရိုးစွဲ ဓလေ့ထုံးစံတွေအပေါ် အလွန်အကျွံ မှီခိုပြီး ယုံလွယ်လွန်း တယ်။ ဒါတွေကို ပြောင်းလဲပစ်ဖို့ ကျွန်တော် ကြိုးစားသွားမှာပါ’’ ဟု ဂျက်ဆာဒါက ဆိုသည်။
ဂျက်ဆာဒါသည် ထိုင်းနိုင်ငံ တွင် သိပ္ပံနည်းကျ လေ့လာတွေး ခေါ်မှု အပိုင်းကို အမြင်သစ်ဖွင့် လှစ်ပေးသည့် ပညာရှင်တစ်ဦးအ ဖြစ် လေးစားခြင်း ခံရသည်။ ၎င်း သည် ယူကျု့ဘ်ဝက်ဘ်ဆိုက်တွင် Wittaya Tasawang (သိပ္ပံအသိ အမြင်နဲ့ ကြည့်ပါ)ဆိုသည့် Channel တစ်ခုကိုလည်း ဖွင့်လှစ် ထားသည်။ ဂျက်ဆာဒါကဲ့သို့ပင် ဓာတုဗေဒပါမောက္ခ ၀ီရချိုင်းက လည်း အယုံလွယ်သော ထိုင်း ပြည်သူများ အလိမ်ခံနေရမှုများ ကို သိပ္ပံပညာဖြင့် ရဲရဲဝံ့ဝံ့သက် သေပြနေသူတစ်ဦးဖြစ်သည်။

ဆောင်းဦးပေါက် ကာလများ တွင် ထိုင်းနိုင်ငံ အရှေ့မြောက် ပိုင်း၌ နဂါးမီးလျှံဟု အဓိပ္ပာယ်ရ သည့် ဘန်ဖိုင်ဖာယာ နတ်ပွဲတော် ကို ကျင်းပလေ့ ရှိသည်။ ထိုအချိန် တွင် မဲခေါင်မြစ်ပေါ်၌ အမည် မသိ မီးလုံးကြီးများ ပျံသန်းနေ လေ့ရှိပြီး နဂါးများ၏ မီးလျှံဟု ဒေသခံများက ယုံကြည်လေ့ရှိ သည်။ ထိုအကြောင်းကို ဂျက်ဆာ ဒါ ကြားသိရသောအခါ သူငယ် ချင်းတစ်ဦး၏ အကူအညီဖြင့် ယင်းမြင်ကွင်းကို ဗီဒီယို ရိုက် ကူးစေခဲ့သည်။ ထိုဗီဒီယိုကို ယူ ကျု့ဘ်တွင် ပြန်တင်ပြီး ၎င်းက ရှင်းပြထားရာ၌ ကောင်းကင်တွင် မီးလုံးကြီးများ ပေါ်မလာမီ သေ နတ်သံကဲ့သို့ ပေါက်ကွဲသံများ ကြားနေရခြင်းကို ထောက်ပြ ထားသည်။
‘‘တစ်ခုခုနဲ့ ပစ်တင်လိုက် တာမျိုးပါ။ အသံတွေ အတိုင်း သား ကြားနေရတယ်။ ပေါက်ကွဲ သံ တစ်ခုကြားပြီးတိုင်း အနီရောင် အလင်းလုံးကြီးတွေ တက်တက် လာတာ။ ထိုင်းမှာက ယုံလွယ်သူ တွေ များတယ်။ လူငယ်ပိုင်းက လည်း အလွယ်တကူ လက်ခံလေ့ ရှိတယ်။ ကျွန်တော်က သိပ္ပံနည်း ကျနဲ့ လက်တွေ့ဆန်တဲ့ အတွေး အမြင် ချဉ်းကပ်မှုမျိုး ပြသပေး ချင်ရုံပါ’’ ဟု ဂျက်ဆာဒါက ပြော ကြားခဲ့သည်။
‘‘ကျွန်တော် အခုလိုလုပ်နေ တာကို လူမုန်းများချင်လည်း များမယ်။ ဒါပေမဲ့ ထပြောတဲ့လူမရှိ ရင် လူတွေက ဆက်ပြီးယုံနေမှာ ပဲ။ တန်ခိုးတွေ၊ လျှို့ဝှက်ဆန်း ကြယ် ကိစ္စတွေဆိုပြီး လက်ဆင့် ကမ်း ယုံကြည်သွားကြမှာပဲလေ’’ ဟု ၎င်းက ဆိုသည်။
၎င်းသည် ထိုင်းနိုင်ငံ၏ ကျေး လက်ဒေသ အချို့သို့လည်း ခြေ ဆန့်သွားလာကာ သိပ္ပံနည်းကျ တွေးခေါ်နိုင်ရေး ပညာပေးဟော ပြောမှုများ ပြုလုပ်ခဲ့ဖူးသည်။ ဂျက်ဆာဒါအနေဖြင့် ၎င်းအလုပ် လုပ်နေသည့် ချူလာလောင်ကွန်း တက္ကသိုလ်ဝင်းထဲတွင်ပင် အယူ သီးသည့် ကိုးကွယ်ယုံကြည်မှု တစ်ခုနှင့် ပတ်သက်၍ လောလော လတ်လတ် ဖြေရှင်းပေးထားရပြီး ဖြစ်သည်။
ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး၊ အစဉ်အလာအကြီးဆုံး ပညာရေး ဌာနတစ်ခုအဖြစ် အသိအမှတ် ပြုခံထားရသည့် ချူလာလောင် ကွန်း တက္ကသိုလ်ပရိဝုဏ်ထဲတွင် နဂါးနှစ်ကောင်ပုံ ပလတ်စတာ အရုပ်ကြီးများ အလှဆင်ချထား သည်။ ထိုနဂါးရုပ်ကြီးများအနီး တွင် လက်သည်းရာကဲ့သို့ ခြစ် ထားထွင်းထားသည့် အရာများ၊ မြေပြင်ပေါ်တွင် တစ်စုံတစ်ခု ခွေ နေခဲ့ဟန် ခြေရာလက်ရာများကို တွေ့မြင်လာရသည်။ ထိုအခါ ကျောင်းသူ၊ ကျောင်းသား အချို့ နှင့် တက္ကသိုလ်ဆရာ၊ ဆရာမ များက ညဘက်တွင် နဂါးရုပ် များ အသက်ဝင်လာပြီး ပျော်ပါး မြူးထူးလေ့ရှိခြင်းဟု ယုံကြည် လာသည်။ အချို့က နဂါးရုပ်ကို ပူဇော်ပသမှုများပင် ပြုလုပ်လာ သည်။
ထုံးစံအတိုင်း ဂျက်ဆာဒါက မယုံကြည်ခဲ့ချေ။ ၎င်းက ထိုကိစ္စကို ထဲထဲဝင်ဝင် စုံစမ်းပြီးနောက် ကြွင်းကျန်နေသည့် ခြစ်ရာများ၊ အခွေရာများသည် သန့်ရှင်းရေး လုပ်သားများ၏ ကပျက်ကချော် ပြုမှုကြောင့် အထိအခိုက် ရှိခဲ့သည့် ကိစ္စသက်သက်သာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
‘‘ဒီလို ယုံလွယ်မှုမျိုးက ကျွန် တော့် ရုံးခန်းရှေ့တင် ဖြစ်နေခဲ့ တာနော်။ ကျွန်တော့်လုပ်ဖော် ကိုင်ဖက် တချို့ကတောင် တက္က သိုလ်ဝင်းထဲ နဂါးတွေ ရှိနေ တယ်လို့ တကယ်ထင်နေကြ တာ။ ကဲ၊ ဒါမျိုးဖြစ်နေတာကို ခင်ဗျား ယုံနိုင်မလား’’ ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ထိုင်းသည် ပြီးခဲ့သည့် နှစ် ပိုင်းများအတွင်း စီးပွားရေးသိသိ သာသာ တိုးတက်လာပြီး ခေတ်မီ သော နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့ရေး ရာများတွင် ပါဝင်လာသော်လည်း ထိုင်းပြည်သူ အများစုသည် အ လွန်အကျွံ ရှေးရိုးစွဲ ယုံကြည်မှု နယ်ပယ်ထဲမှ ရုန်းမထွက်နိုင်သေး ချေ။ ထိုအခြေအနေသည် ထိုင်း နိုင်ငံ၏ လူ့အသိုက်အဝန်းအလွှာ အသီးသီးတွင် အမြစ်တွယ်နေဆဲ ဟု သိရသည်။
ထိုင်းတွင် အာဏာသိမ်း ထားသည့် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ် ပရာယွတ်ချန်အိုချာ ကိုယ်တိုင်က မကြာသေးမီက သတင်းစာရှင်းလင်းပွဲ တစ်ရပ် တွင် ၎င်း၏အင်္ကျီအောက်၌ ဖုံး ကွယ်ကာ လည်ပင်းတွင်ဆွဲထား သည့် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ပြပြီး ထိုအဆောင်က မိမိကို အကာအကွယ်ပေးကာ ကံဆိုးမှု များကို ဖယ်ရှားပေးသည်ဟု ယုံ ကြည်ကြောင်း ပြောကြားခဲ့သည်။
၎င်းမတိုင်မီ ထိုင်းဝန်ကြီး ချုပ် ဖြစ်ခဲ့သည့် ယင်လပ်ရှင်နာ ဝပ်ထရာတွင်လည်း အလားတူ အဆောင်မျိုးရှိခဲ့သော်လည်း သူမ အတွက် လုံလောက်သည့် အကာအကွယ်မဖြစ်ခဲ့ဘဲ ပရာယွတ်၏ အာဏာသိမ်းယူမှုနှင့် ကြုံခဲ့ရသ လို တောင်သူလယ်သမား ထောက်ပံ့ကြေး မူဝါဒပိုင်းနှင့် ဆက်နွှယ်၍လည်း ထိုင်းတရားရုံး တစ်ခုတွင် ရာဇဝတ်ကြောင်း စွဲ ချက်ဖြင့် အမှုရင်ဆိုင်နေရသည်။

ဝီရာချိုင် ဖူဒွါဝေါင်သည် ကာဆတ်ဆာ့ တက္ကသိုလ်မှ အော် ဂင်းနစ် ဓာတုဗေဒ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်သည်။ ၎င်းသည် ဂျက်ဆာဒါနည်းတူ ရှေးရိုးစွဲ ယုံ ကြည်မှုများကို သိပ္ပံနည်းကျနည်း လမ်းများဖြင့် ချေဖျက်ပြပြီး ထင် ရှားသူ တစ်ဦးဖြစ်သည်။
သို့သော် အရိုးစွဲနေသည့် ယုံ ကြည်မှုများကို အမြစ်တူးထုတ်ပြ ရခြင်းမှာ အန္တရာယ်ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
‘‘ကျွန်တော်တို့က အမှန်ကို ဖော်ထုတ်ပြပေမယ့် ဒီအတွက် စော်ကားခံရတာ၊ ခြိမ်းခြောက်ခံရ တာတွေ ရှိလာတယ်။ ဘုန်းကြီး တစ်ပါးဆိုရင် ကျွန်တော့်ကို ရန် လုပ်ဖို့တောင် ကြိုးစားလာတာ’’ ဟု ခပ်အေးအေး စကားပြောလေ့ ရှိသည့် ဝီရာချိုင်က ရှင်းပြသည်။
ဘုန်းတော်ကြီး ဖာရာအာ ဂျန်ချာသည် ၎င်း၏သွေးများက အနီရောင် ပုံဆောင်ခဲများအဖြစ် ပြောင်းလဲသွားတတ်ကြောင်း ဂုဏ် သတင်းဖြင့် ကျော်ကြားလာသူ ဖြစ်သည်။ ထိုင်းတောင်ပိုင်းရှိ နာ ခွန်သီရိ သမ္မာရတ်ဒေသမှ ဘုန်း တော်ကြီးမှာ အကျင့်သီလကောင်း မွန်သဖြင့် ဆံရိတ်ပြီးနောက် ဓား ထိ၍ ကျလာသည့် သွေးစက်များ သည် အနီရောင် ပုံဆောင်ခဲများ အသွင် ပြောင်းသွားကြောင်း ထင် ရှားလာသည်။ ထိုအနီရောင် အခဲ များကို ဓာတ်တော်များအဖြစ် ယုံကြည်စွာ ကိုးကွယ်သူများစွာ ရှိခဲ့သည်။
ဝီရာချိုင်က ထိုကိစ္စကို မယုံ ချေ။ ထို့ကြောင့် ၎င်းက ပုံဆောင် ခဲအချို့ကို ရအောင်ကြံဆောင်ပြီး ဓာတ်ခွဲစမ်းသပ်ခဲ့သည်။ ရလဒ်အ နေဖြင့် ယင်းသည် ပေါ်လီမာနည်းများဖြင့် ဖန်တီးထားသည့် ပလတ်စတစ်ခဲများသာ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထိုကိစ္စကို လူသိရှင်ကြား ကြေညာခဲ့ပြီးနောက် အာဂျန်ချာသည် တန်ခိုးရှင်မဟုတ်ဘဲ လူလိမ်တစ်ဦးသာဖြစ်ကြောင်း ပေါ်လွင်သွားသည်။ ဝီရာချိုင်တွင်လည်း ရန်သူအရေအတွက် သိသိသာသာ တိုးလာသည်။
‘‘ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံ လွယ်မှုကို တလွဲအသုံးချနေတဲ့ ဘုန်းကြီးတွေ အများကြီးရှိနေပါ တယ်။ သူတို့ဟာ ထိုင်းနိုင်ငံသား တွေရဲ့ ယုံကြည်မှုကို လှည့်ဖြား ရယူပြီး ကိုယ်ကျိုးရှာနေကြတာ ဖြစ်ပါတယ်။ လူတွေရဲ့ သတိမမူ မှုကို အခွင့်ကောင်းယူပြီး အင်မ တန် ထူးကဲတဲ့ လျှို့ဝှက်ဆန်းကြယ် တန်ခိုးမျိုး ပုံစံယူပြီး လိမ်ညာနေ ကြတာပါ’’ ဟု ဝီရာချိုင်က မှတ် ချက်ပြုခဲ့သည်။
ဝီရာချိုင် ဖော်ကောင်လုပ်၍ အရှက်ရခဲ့သူများတွင် ဖတ်သာ လွန်ဒေသ၌ နေထိုင်သည့် အမျိုး သမီးတစ်ဦးလည်း ပါဝင်သည်။ သူမက နေအိမ်တစ်ဝိုက်တွင် အ လိုအလျောက် မီးလောင်မှုများ ဖြစ်နေပြီး ဆွေမျိုးများ ထိတ်လန့် အံ့ဩနေကြောင်း ချဲ့ကားပြောဆို ရာမှ သတင်းကြီးလာသူ ဖြစ် သည်။ ထိုအိမ်သို့ လူပေါင်းများစွာ လာကြည့်ကြသလို နိုင်ငံ၏ အ ထင်ကရ မီဒီယာများတွင်ပါ ဖော် ပြခြင်း ခံလာရသည်။
မီဒီယာသမားများ ကိုယ်တိုင် က အိမ်၏ နေရာအနှံ့တွင် မီးထ လောင်နိုင်သည့် အခြေအနေ ရှိနေကြောင်း တွေ့ရှိခဲ့သည်။ အောက်လမ်းဆရာအချို့က ယင်းဖြစ်ရပ်သည် မကျွတ်လွတ်သေးသည့် ကလေးတစ္ဆေ၏ လက်ချက်ဟု ပြောကြားခဲ့သော်လည်း မကောင်းဆိုးရွားကို နှင်ထုတ်၍မရနိုင် ဖြစ်နေသည်။ ထိုအခါ ဝီရာချိုင်က မီဒီယာသမားများကို ဆက်သွယ်ကာ အိမ်၏ နေရာအချို့တွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားရန် အကြံပေးခဲ့သည်။ ကင်မရာတစ်လုံးက အမျိုးသမီးသည် အိမ်သားများ အလစ်တွင် အဝတ်တစ်စကို မီးရှို့ကာ ရေးကြီးသုတ်ပျာ ပြေးထွက်သွားသည်ကို မှတ်တမ်းတင်နိုင်ခဲ့ သည်။ ထိုကိစ္စလည်း ရှင်းသွား သည်။
အမျိုးသမီးသည် လျှို့ဝှက် ဆန်းကြယ် ဇာတ်လမ်းကို လုပ်ကြံ ဖန်တီးကာ ကျော်ကြားလာသလို လာရောက်ကြည့်ရှုသူများ ပေး ကမ်းသည့် ငွေကြေးများစွာ ရရှိ နေရာ ဝီရာချိုင်၏ အထုပ်ဖြေမှုက သူမအတွက် အကြီးအကျယ် နစ် နာသွားခဲ့သည်။ ထိုကိစ္စတွင် ဝီရာ ချိုင်သည် အသရေဖျက်မှုဖြင့် တရားစွဲခံရရန် ခြိမ်းခြောက်မှုနှင့် ပင် ကြုံခဲ့သေးသည်။
‘‘ထိုင်းပြည်သူ အများစုရဲ့ အယုံလွယ်မှု ထုထည်က တော် တော်ကြီးနေပြီ။ ကျွန်တော်တို့ရဲ့ ရှင်းလင်းမှုတွေကိုတောင် လက် မခံချင်တဲ့သူ အများကြီးရှိပါ တယ်’’ ဟု ဝီရာချိုင်က ဆိုသည်။
ဂျက်ဆာဒါကလည်း ‘‘အယုံ လွယ်အောင် ထောင်ချောက်ဆင် ထားတဲ့ လှည့်ကွက် အများစုဟာ သိပ္ပံပညာကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဒီတော့ အဲဒီကိစ္စ တွေရဲ့ အဖြေဟာ သိပ္ပံပညာမှာပဲ ရှိတယ်။ ထူးထူးကဲကဲ တန်ခိုးပြ နေတာ မဟုတ်ပါဘူး။ ဒီအချက် ကို နားလည်မှသာ ကျွန်တော်တို့ ဟာ အမှန်တကယ် ခေတ်မီတဲ့ လူ့အဖွဲ့အစည်းကို ပိုင်ဆိုင်ထား တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ’’ ဟု ပြောကြားသွားသည်။
Credit: 7day daily



No comments:

Powered by Blogger.