မြောက်ကိုရီးယားက အာရုံကြောအဆိပ်သင့်ဓာတ်ငွေ့ပါသည့် ဒုံးကျည် ပစ်လွှတ်နိုင်ဟု ဂျပန်ပြော

မြောက်ကိုရီးယား အစိုးရဟာ ဆာရင်း အာရုံကြောအဆိပ်သင့် ဓာတ်ငွေ့ လက်နက်ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်ကို ပစ်လွှတ်နိုင်စွမ်း ရှိကောင်း ရှိနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေက ဧပြီ ၁၃ ရက်နေ့က ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားက ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုနဲ့ နောက်ထပ် ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုတွေ လုပ်မှာကို စိုးရိမ်နေကြချိန်မှာ ခုလို ပြောလိုက်တာပါ။
ဂျပန်လူမျိုး ပျက်သုဉ်းခြင်းနေ့ ဂိုဏ်းဝင်တွေဟာ ၁၉၉၅ ခုနှစ်က မြို့တော်တိုကျိုက မြေအောက်ရထား ငါးစီးပေါ်မှာ ဆာရင်း အာရုံကြော အဆိပ်သင့်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခဲ့လို့ လူ ၁၂ ဦး သေဆုံးပြီး လူထောင်နဲ့ချီ နေမကောင်း ဖြစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ဆက်တိုက် စမ်းသပ်မှုတွေကြောင့် ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုမြင့်နေပါတယ်။
အမေရိကန်ကတော့ အရေးယူနိုင်တယ်လို့ သတိပေးထားပြီး ရေတပ် တိုက်ခိုက်ရေး သင်္ဘောအုပ်ကို ကိုရီးယား ကျွန်းဆွယ်နား စေလွှတ်ထားပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ စနေနေ့ကလည်း နိုင်ငံတည်ထောင်သူ ကင်မ်အီဆွန်းရဲ့ ၁၀၅ နှစ်ပြည့် မွေးနေ့ကို သူရိယနေဝန်းနေ့အဖြစ် မြို့တော် ပြုံယမ်းမှာ ကျင်းပပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်တွေဟာ ဒီနေ့မျိုးမှာ လက်နက်တွေကို စမ်းသပ်လေ့ ရှိပါတယ်။

No comments:

Powered by Blogger.