သဘောင်္သားမိန်းမ မို့ဖောက်ပြားပါသတဲ့လား။

ဒီစကားလုံးမျိုးတွေဟာ မြန်မာကားဆန်ဆန် ခဏခဏပြော
နေတတ်ကြပြီး အခု သဘောင်္သားမိန်းမတစ်ယောက်ရဲ့
ဖောက်ပြန်မှု့ကြောင့် လူသတ်မှု့ ဖြစ်သွားတဲ့ ကိစ္စကနေ
ဒီစကားလုံးဟာ ပြန်ဖောင်းကြွလာပြန်တယ်။
ကျမ ပတ်ဝန်းကျင်မှာရှိတဲ့ သဘောင်္သားအမျိုးသမီး
အများစုကတော့
အမျိုးသားမရှိတဲ့ အချိန် ဖောက်ပြားတယ်ဆိုတာ
ဘာမှန်းမသိအောင်ကို
ယောကျာင်္းအလုပ် မိန်းမအလုပ် တာဝန်၂ဆ လုပ်နေရသူတွေ
ဘုရားစင်ရှေ့မှာ စိုးရိမ်ပူပန်မှု့များစွာနဲ့
နေ့စဉ် ဆုတောင်း မေတ္တာပို့နေကြရတဲ့သူတွေ
အဆက်အသွယ်ရမယ့် အချိန်လေးကို
မျက်ရည်တွေနဲ့ ဖြေသိမ့်ရင်း မျှော်လင့်လွမ်းဆွတ်ရ
သူတွေ
လိုင်းရမယ့် အချိန် မသိမယ်စိုးလို့
အင်တာနက် အမြဲဖွင့် ဖုန်းတကိုင်ကိုင်နဲ့
ညတောင် နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဲပဲ စောင့်နေရသူတွေ
အခက်အခဲတွေ မပြောပြရက်ပဲ
စိတ်ညစ်စရာ ဆိုလည်း ၂ ဆ စိတ်ညစ်နေရသူတွေ
ပြန်လာမယ့် နေ့သာ မျှော်လင့်ပြီး
ဖြစ်ချင်တာ မှန်သမျှ မျိုသိမ့်ထားရတဲ့ သူတွေ
ပြန်လာလို့ တွေ့ခွင့်ရတဲ့ခဏတောင်
ထပ်ဝေး ရဦးမယ့်အသိနဲ့ အမြဲအားငယ်ဝမ်းနည်းရသူတွေ
ချွေးသွေးရင်းထားတဲ့ ဒေါ်လာမပြောနဲ့
မြန်မာငွေတောင် မလိုအပ်ပဲ မသုံးမစွဲ ရက်သူတွေ ပါ
ဒီလို ဇနီးမယား၊ချစ်သူတွေ ကျမ
ပတ်ဝန်းကျင်မှာတော့ အများကြီး ရှိနေကြတယ်။
ဒါတွေဟာလည်း ကိုယ်တိုင်မခံစားဖူးပဲ နားလည်ကြဖို့တော့
တကယ်မလွယ်ကူဘူးပြောရမယ်
တကယ်က
သဘောင်္သားမိန်းမမို့ ဖောက်ပြားတာမဟုတ်ဘူး။
ဖောက်ပြားတတ်တဲ့ မိန်းမကို ယူမိထားလို့နဲ့ပဲဆိုင်တယ်။
ဒါဟာ တစ်ဦးတစ်ယောက်ရဲ့ စာရိတ္တကိုယ်ကျင့်တရားပဲ။
အကျင့်သိက္ခာကို တန်ဖိုးထားလေးစားတဲ့
ယောကျာင်္း ၊ မိန်းမတွေရဲ့
သစ္စာတရားဆိုတာ
ကိုယ့်ချစ်သူ ကို ချစ်လို့ တကူးတကသစ္စာရှိပေးနေရတာ
မျိုးမဟုတ်ပဲ လုပ်ယူထားစရာ မလိုအောင်ကို
ဗီဇတစ်ခုအနေနဲ့ ကပ်ပါလာပြီးသားပါ။
စာရိတ္တချို့ယွင်း ဖောက်ပြားတယ်ဆိုတာ
ယောကျာင်္းဖြစ်နေလို့ မဟုတ် မိန်းမဖြစ်နေလို့မဟုတ် သလို
သူ့ရာထူး သူ့အလုပ် သူ့မျိုးရိုးနဲ့လည်း မသက်ဆိုင်ပဲ
တစ်ဦးတစ်ယောက်သော စိတ်ဓာတ်နဲ့သာ သက်ဆိုင်တာမို့
သင်တို့ အပြောအဆိုတွေဟာ
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တဲ့
အနေအထားတွေ မရောက်အောင်
သတိလေးတော့ ပြုနိုင်ကြပါစေလေ :)
(ကျမ မှာလည်း ခုချစ်သူသက်တမ်း ၆နှစ်ကျော်တဲ့ထိ တူတူနေနိုင်ဖို့အရေး
ကြိုးစားနေတဲ့ ချစ်လို့မဝ တွေ့လို့တောင် မဝတဲ့ သဘောင်္သားချစ်သူ
လေး တစ်ယောက်ရှိပါတယ် )
#NlN

No comments:

Powered by Blogger.