လင်မယားနှစ်ဦးကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား အမျိုးသမီး သေဒါဏ်ပေး၍ ကွပ်မြစ်ခံရ

လွန်ခဲ့တဲ့နှစ်ပေါင် ၂၃ နှစ်က တရုတ်နိုင်ငံတွင် ကျောက်မီးသွေး စက်ရုံပိုင်ရှင်ရဲ့ သား နဲ့ ချွေးမ အသတ်ခံရမှုနဲ့ ပါတ်သတ် လို့ စက်ရုံအလုပ် သမ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ သေဒါဏ်ပေးခဲ့သည့် ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
လူသတ်သမား အမျိုးသမီးသည် 1974 ခုနှစ်မှာ ဖွားမြင်ပြီး လူသတ်မှုမဖြစ်ခင် သူမနှင့်သူမ၏သူငယ်ချင်းများ တူတူနေ၍ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွင် တောင်တက်သည့် အလုပ် လုပ်ကိုင်ခဲ့ကြပါတယ်။
လူသတ်သမား အမျိုးသမီးသည် လူသတ်မှုမတိုင်ခင် တနှစ်လောက်က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွင် စက်ရုံ ပိုင်ရှင် သူဌေးသားနှင့် ချစ်သူတွေ ဖြစ်ခဲ့ကြပြီးနောက် လူငယ်သဘာဝ မှားယွင်းခဲ့ကြရာမှ သူဌေးသားနဲ့ ကိုယ်ဝန်ရှိခဲ့ခြင်း ဖြစ်ပါသည်။
ထိုအခါ စက်ရုံပိုင်ရှင် သူဌေးသားက စက်ရုံ အလုပ်သမ အမျိုးသမီးကို မယူပဲ သူ၏ဖခင် စီစဉ်ပေးစားသည့် တခြားအမျိုး သမီး တယောက်ကို ယူကာ တခြားတနေရာကို ရှောင်တိမ်းပြီး ခြေရာဖြောက် နေထိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ဒီလိုနဲ့အဆိုပါ အလုပ်သမ အမျိုးသမီးသည် သူနဲ့ သူ့သူငယ်ချင်းများ တိုင်ပင်လျှက် သူမ၏ ကိုယ်ဝန်ကို ဖြတ်ချခဲ့ပြီးေ နာ က် ကျောက်မီးသွေးစက်ရုံကနေ အလုပ်ထွက်ခဲ့ကြကာ သူဌေးသား လင်မယားကို ရအောင်ရှာခဲ့ပြီး တွေ့ရှိခဲ့ပြီးနောက် စက်ရုံပိုင်ရှင်၏ သား နှင့် ချွေးမအား ညသန်ခေါင် အိပ့်ပျော်နေချိန်မှာ နေအိမ်သို့ ဝင်ရောက်ပြီး လင်မယားနှစ်ဦးအား ချုပ်နှောင်ကာ သွေးအေးအေးနှင့် ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသွင်း၍ သတ်ဖြတ်ခဲ့ပါသည်။

အဆိုပါ လူသတ်သမား အမျိုးသမီးကို တရုတ်ရဲများ အပူတပြင်း ရှာဖွေ ဖမ်းဆီးခဲ့ပြီးနောက် ရာဇဝတ်မှုကျူးလွန်သော သူမကိုအာဏာပိုင်တွေက ရက်ရက်စက်စက် သေဒါဏ်ပေး ကွပ်မြစ်ခဲ့ကြပါသည်။
အရင်းအမြစ် : liekr.com
Credit to MCNews

No comments:

Powered by Blogger.