ငါ့ဘဝက အလကားပါ

သူများတွေက ပြောတယ်။ မိမိဘဝမှာ လူတစ်ယောက်ကို စိတ်ဒဏ်
ရာ ရအောင် ဘယ်တော့မှ မလုပ်ရဘူးတဲ့။ အခုတော့ သမီးဘဝမှာ
လူတစ်ယောက် က စိတ်ဒဏ်ရာပေးခဲ့သည်။ အဲဒါ အခြားလူမဟုတ်
ကျွန်မရဲ့ ခင်ပွန်းပဲ။

မိန်းမသားတိုင်း နားလည်ကျမှာပါ။ အိမ်ထောင်ရေးဖောက်ပြန်တာ
က ဘယ်လောက်ထိ ခွင့်မလွှတ်နိုင်စရာ ပြစ်မူကြီးလဲဆိုတာ။
တကယ်တမ်း မိန်းမသားတွေ ဘဝဟာ ဆုတ်လေဖြာ သဲနင်းဆို
သလိုမျိုး ကိုယ်က အလျှော့ပေးပြီး နေခဲ့ရင် ယောကျာ်းတွေက
ပိုပြီး ရောင်းတတ်ပါတယ်။

လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေပါ။ ကောင်းသော ယောကျာ်းတွေကို မပြောပါ။ ကျွန်မ ယောကျာ်းလိုမျိုး လူမျိုးတွေ
ကိုပြောတာပါ။ သူတို့တွေ အတွက် တကယ်တမ်းတော့ အချစ်ဆို
သော စကားဟာ ပါးစပ်ဖျားမှာဘဲ တည်တာပါ။ သူတို့တွေအတွက်
အပျော်ဟာ အရှင်သခင်ဖြစ်ပြီး … အချစ်ဆိုသော သံယောဇဉ်ဆို
သော အရာဟာ ကျေးကျွန်လိုပါပဲ ။

ကျွန်မမှာ ကိုယ်ဝန်ရင့်မကြီးဖြင့် မသွားနိုင်… မလာနိုင် ။ တကယ်ဆို
ရင် သူကျွန်မ အနားမှာ ရှိနေဖို့ကောင်းတယ်။ သိုသော် သူဟာ
လွတ်လပ်မူကို ကြိုက်နေတုန်းပဲ။ နှစ်သက်နေတုန်းပဲ ။ မြတ်နိုး
နေတုန်းပါပဲ။ အဲဒီအတွက် သူအိမ်မှာ မကပ်ဖူးလေ။ သူကို
ကျွန်မ အစက စိတ်မနာပါဘူး။ သိုသော် တဖြည်းတဖြည်း
စိတ်နာလာမိသည်။

အိမ်ထောင်ဦးစီး ဆိုသော တာဝန်ကို ခေါင်းရှောင်နေသော ယောကျာ်း … ဖအေ မပီသသော ဖခင်မျိုးကို ကျွန်မအတွက်ရော
… ကျွန်မ မွေးလာမယ့် ရင်သွေး အတွက်ကော အလိုမရှိဘူး။
ဒီလိုယောကျာ်းမျိုးကို ဘာလုပ်ရမှာလဲ?

ကျွန်မဟာတကယ်တမ်းတော့ ထမင်းစား ကျွန်ခံရုံ သက်သက်ပါပဲ
လား လို့ တွေးရင်း မျက်ရည်တွေ လျှံတက်ပြီး စီးကျနေခဲ့မိသည်။
သူပြောသော စကားတစ်ခွန်း
'' ငါ လူပျိုဘဝလိုဘဲ နေချင်တယ် … ငါဟာ လွတ်လွတ်လပ်လပ်
ကို ကြိုက်တယ် ''
'' ရှင်က လူပျိုမှ မဟုတ်တာ … အိမ်ထောင်ကျပြီးသော လူတစ်ယောက်လေ … ဒီလို လူမျိုးက ဘယ်လိုလုပ် လူပျိုတစ်ယောက်လို နေလို့ရမှာလဲ? ရှင် စဉ်စားပြီးလည်း ပြောပါ
ရှင် ''
''ဟာ … အဲဒါတွေပဲ မင်းတို့ မိန်းမတွေက ခက်တာ …
အိမ်ထောင်ကျသွားရင် ဟိုနေရာ မသွားနဲ့ ဒီနေရာ မသွားနဲ့
ချုပ်ခြယ်ကျတာ ဒါကြောင့်လည်း ငါတို့လို ယောကျာ်းတွေ
စိတ်နာ တာလည်း မပြောနဲ့''
'' ဘာ … ရှင့် !!
ရှသ် ဘာပြောလိုက်တယ် … ရှင်က ကျွန်မ ကိုစိတ်နာနေပြီးလား
ဟုတ်လား'' သူဘာမှပြန်မပြော။

ကျွန်မ ရင်ထဲမှာ ငိုခဲ့ရပေါင်းများပြီး ။ အပြင်ပိုင်းမှာလည်း မျက်ရည်
ကျရ ပေါင်းများပြီ။ အားလုံးဘဲ သိကြမှာပေါ့။ ကိုယ်ဝန်ဆောင်
မိခင်သည် တစ်ယောက်က စိတ်မဆင်းရဲ ရဘူးဆိုတာ။
အခု ကျွန်မ မှာ မျက်ရည်ဖြင့် မျက်ခွပ် သုတ်နေရပြီ။
သူက တစ်ခုတော့ကောင်းပါတယ်။ ကျွန်မ ကို မရိုက်နှုတ်သတ်ပါဘူး။ ကျွန်မ အသားတော့ နာအောင် မလုပ်ဘူး။
သိုသော် ပညာရှိ သားသမီးကြီး ပါရှင့်။ ရိုက်တာထက် နာအောင်
အပြောအဆိုတွေဖြင့် ကျွန်မ နှလုံးသားကို ထပ်ကာ တလဲလဲ
နှိပ်စက်ခဲ့ ညင်းပန်းခဲ့ပါသညိ။

သူကို အမြဲတမ်း နားပူနာဆာ လုပ်နေတယ်ပဲ သူအဲလိုထင်တယိ။
ဟုတ်တယ် ထားပါအုံး … ကျွန်မ က သူကို နားပူနားဆာ လုပ်ခဲ့
ရင်တောင် သူအတွက်ပါ စေတနာ တွေ… မေတ္တာတွေကြောင့်ပါ။
ကျွန်မ သူကို ချစ်လိုလေ။ ဒါကို သူနားမလည်ပါဘူး။
ကျွန်မ မရှိတော့ရင် သူကြားချင်ပါတယ်ဆိုရင်တောင် သူကြား
ရမှာ မဟုတ်တော့ပါဘူး။

ကျွန်မ မပေါ့မပါးကြီးဖြင့် တစ်ယောက်တည်း ဟင်းတွေချက်ပြုတ်ပြီး
သူအတွက် ပြန်လာရင် စားရအောင် ဆိုပြီး ထမင်းတွေ ဟင်းတွေကို
အဆင့်သင့် အုပ်စောင်းဖြင့် အုပ်ပြီး ထားထားတယ်။ အပြင်ထွက်
ပြီး မျှော်ရတာလည်း လည်ပင်တောင် ရှည်ထွက်လာတော့မယ်။
သစ်ကုလားအုပ်လည်း ဖြစ်တော့မယ်။ သူအခု ထိပြန်မလာသေး
ဘူး။ တိုင်မှာ ကပ်ထားသော နာရီက ၁၂ နာရီထိုးသွားခဲ့ပေပြီ။
မရတော့ဘူး။ ကျွန်မ အိပ်ချင်လာပြီ။ မအိပ်အောင် ကြိုးစားလည်း
မျက်လုံးတွေက သူအလိုလို မှိတ်ကျသွားသည်။

ကျွန်မ နားထဲမှာ အသံတစ်သံကြားရသည်။ မျက်လုံးကို ဖွင့်ကာ
ကြည့်လိုက်မိသည်။ အိမ်ရှေ့မှာ ကားတစ်စီးပါလား။ သူလည်း
လူတစ်ယောက်ဖြင့် စကားတွေပြောနေသည်။ ဘယ်သူလဲပေါ့။
သေသေချာချာ သဲသဲကွဲကွဲ မမြင်ရသေးသော အချိန်မှာပင်။
သူအိမ်ပေါ်တက်လာခဲ့သည်။
'' ရှင် ဘယ်အချိန်ရှိပြီလဲ? ပြန်လာတာနောက်ကျလွန်းတယ် ''
'' ဟာ … မင်းကလည်း ငါအိမ်ပေါ်ရောက်တာနဲ့ ရစ်ပြီ …
အဲဒါကြောင့် အိမ်မပြန်လာချင်တာ'''
'' ဟုတ်ပါပြီ … ဟုတ်ပါပြီ ထားပါတော့ ရှင်ထမင်းစားတော့မလား?
ကျွန်မ ပြင်ထားတယ် ''
'' ဟာ … ဒီအချိန်ကြီးကျမှ ထမင်းစားရမှာလား ?
ငါစားလာပြီး သွားပြီ မင်းဘာသာ မင်းစားတော့''
ပြောပြီး အထဲထဲဝင်သွားသည်။ ကျွန်မ ဝမ်းနည်းသွားသည်။
ကျွန်မ ကတော့ အခုထိ ထမင်းမစားရသေး။ သူကို စောင့်နေရင်း
အချိန်တွေတောင် လွန်ကုန်ပြီ။
အချိန်တွေကြာသွားသောကြောင့် အေးစက်နေသော ထမင်း
ပန်ကန်လေးကို ကြည့်ပြီး မျက်ရည်တွေ တသောက်သောက်
စီးကျခဲ့မိသည်။ ကျွန်မရဲ့ မျက်ရည်တွေဟာ ထမင်းဖြူဖြူလေး
တွေ အပေါ်မှာ ကျသွားသည်။ ကျွန်မရင်ထဲ တကယ်မကောင်းဘူး။
ကျွန်မရဲ့ စေတနာ မေတ္တာတွေ စော်ကားသွားသလိုပါပဲ။
ခေါင်းကို မော့ပြီး မျက်ရည်ကို ပြန်ရုတ်သိမ်းလိုက်မိသညိ။
ထားလိုက်ပါတော့လေ တွေးပြီး အဲဒီနေ့ညက ကျွန်မလည်း
ထမင်းမစားတော့ပါဘူး။

ကျွန်မ မှာကိုယ်ဝန်တကားကား ကြီးဖြင့် ဈေးဝယ်ဈေး ဈေးခြင်း
တောင်းကို ဆွဲကာ အိမ်ပြန်လာခဲ့သည်။
အိမ်ပြန်လာတဲ့လမ်းမှာ ယောကျာ်းဖြစ်သူက သူငယ်ချင်းနှင့်
လဖ္ဘရည်ထိုင်သောက်နေသည်။
'' ဟဲ့ရောင် သားကြီး … ဟိုမှာ မင်းမိန်းမ မှတ်လား ''
ကြည့်လိုက်သည်။ တွေ့တော့
'' အေး ဟုတ်တယ်လေ ဘာဖြစ်လည်း ''
'' ဟမ် !! ဘာဖြစ်ရမှာလည်း မင်းမိန်းမ ဟိုမှာ ကိုယ်ဝန်ကြီး
ဖြင့် ဈေးခြင်းတောင်း ဆွဲပြီး အိမ်ပြန်သွားနေတာကို မင်းလိုက်
မပို့ဘူးလား ''
'' ဟာ … ဘာဆိုင် လို့လဲ? ငါက ဘာလို့ လိုက်ပို့ရမှာလဲ?
သူဘာသာ ဈေးကနေ ခြင်းတောင်းဆွဲပြီး ပြန်လာတာ
ငါနှင့် ဘာမှမဆိုင်ဘူး ''
'' မင်း တကယ်နေနိုင်တယ်နော်''
'' နေနိုင်တာပေါ့ … သူက သူ … ငါက ငါလေ ဘာဆိုင်လိုလည်း ''
'' ဆိုင်တာပေါ့ကွာ… မင်း မိန်းမ လေ … နောက်ပြီး ကိုယ်ဝန်ကြီး
တကားကားလေ ''
'' ထားလိုက်စမ်းပါကွာ… လွှတ်ထားလိုက်စမ်းပါ … အရှေ့မှာဆို
အိမ်ရောက်ပြီ '' ပြောပြီး ဒီအတိုင်း လဖ္ဘရည်မော့ပြီး ဆက်ထိုင်
နေသည်။

တကယ်တော့ ကျွန်မ ယောကျာ်းက ဖောက်ပြန်နေတာ။
အဲဒါ ကျွန်မ မသိ။ မထင်လည်း မထင်ထားခဲ့ဘူး။
ကျွန်မ က ကိုယ်ဝန်ကြီးနှင့် ဆိုတော့ သူအဲလို လုပ်မယ်
မထင်ထားခဲ့ဘူး အခုခေတ် မိန်းကလေးတွေကလည်း
ခက်ပါ့။ သူများ ယောကျာ်းရှိလျက် မယားကြီးရှိမှန်း သိလျက်ဖြင့်။
ကြောင်တောင် နှိုက်ခြင်ကြတယ်။ စနှိုက်ကျော်ခြင်ကြတယ်။
တကယ်ကို ဝဋ် လိုက်မှာ မကြောက်ကျ ဘူးလား မသိပါဘူး။

ကျွန်မ ယောကျာ်းက အိမ်ကို ကပ်တဲ့ အချိန်ဆိုလည်း ပိုပိုပြီး
ရှားလာတယ်။ မရှိသလောက်ဖြစ်လာတယ်။ ကျွန်မ က တစ်ကောင်
ကြွက်လေ။ သူရဲ့ အဒေါ်ကတော့ တစ်ခါတစ်လေ လာကြည့်ပေးပါ
တယ်။ သူအဒေါ်ကလည်း အဝေးမှာနေတာ ဆိုတော့ နေ့တိုင်း
ဘယ်လာနိုင်ပါ့မလဲ ရှင်။
'' သမီး ဟိုအကောင် အိမ်မှာ မရှိဘူးလား ''
'' မရှိပါဘူး … အဒေါ်ရယ် အခုအိမ်မှာ တစ်ယောက်တည်း။
မွေးခါနီး ဖွားခါနီး မိုလိုလား မသိဘူး။ အရမ်းကြောက်တယ်။
ကံလည်း နိမ့်နေတယ် ထင်ပါတယ်။ အသံတွေ ကြားကြား
နေရတယ်။ သမီး မှာ အားကိုစရာ ယောက်ျားက အနားမှာ မရှိဘူး''
'' အေးပါကွယ် … အေးပါ အဒေါ်နားလည်ပါတယ်။
ဟိုအကောင်ကို ပြောထားအုံးမယ် ။ ''

အဒေါ်က ပြောပြီး ပြန်သွားတော့ ယောကျာ်းက
'' အဲဒါ မင်းကြောင့် … မင်း ပြောလိုဖြစ်ရတာ … မင်း ဟာမိန်းမယုတ်ပဲ… ''
'' ဘာ … ရှင့် !! ကျွန်မ က မိန်းမယုတ်ဟုတ်လား ?
မွေးခါနီး ဖွားခါနီး ကိုယ်ယောကျာ်း အနားမှာ မရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကို ရှင်နားလည်လား ?
တစ်ယောက်တည်း အားငယ်ပြီး ကြောက်နေတဲ့ မိန်းမသား
တစ်ယောက်ရဲ့ ခံစားချက်တွေကို ရှင်နားမလည်နိုင်ပါဘူး''
'' ဟုတ်တယ် ကျွန်မ ရှင့် အဒေါ်ကို ပြောခဲ့တယ် …
ဒါပေမယ့် အဲခါ အဖြစ်မှန်လေ … ရှင်ကို ကျွန်မ က
ရှင့်အဒေါ်ဆဲပါစေ … ဆိုပါစေ ဆိုပြီး ပြောတာမှ မဟုတ်တာ
ကျွန်မရဲ့ ရင်ထဲက တကယ့်ကို ခံစားနေရသော အစစ်မှန်
ကြောင်းတွေကို အနည်းလေး ပြောပြလိုက်တာပါ။
ရှင် သိလား ? ကျွန်မ ရင်ထဲမှာ ရှင့်ကို မပြောဘဲ
ထိမ်ကျန်ထားတဲ့ ဘယ်လောက်တောင် ခံစားရခက်တဲ့
ဒုက္ခ္ဒတွေ ရှိလဲဆိုတာ… ရှင်သိလား ? လို့ ကျွန်မ မေးနေတယ်''
'' ဘာမှ အပိုတွေ ပြောမနေနဲ့… မင်း ဟာ ဥာဏ်အရမ်းများတဲ့
မိန်းမ … မြေးခွေးလို ကောက်ကျစ်စဉ်းလဲ သော မိန်းမ''
'' ရှင် ပြောရက်တယ်နော် … ရှင် တကယ်ပဲပြောရက်တယ်
ကျွန်မ မြေးခွေးမဟုတ်ပါဘူး … ရှင်ပြောလို့ မြေးခွေးမဟုတ်ဘူး။
တကယ်တမ်းတော့ ခွေးအ မ တစ်ကောင် အဲဒါ ရှင်သိလား?
ဘာမှ ဖွင့်မပြောတတ်ဘဲ အ အ ပြီး စွံ့အ နေရသော မျက်ရည်ဘဲ
ကျနေရတယ်။ ခွေးတစ်ကောင် လို သစ္စာ ရှိတဲ့ ကျွန်မ လို
ခွေး အမ တစ်ကောင်ကို ရှင့် က ပြောရက်တယ်''
'' ဟာ… ကွာ ''
ဆိုပြီး သူက ပေါက်ကွဲကာ စားပွဲပေါ်မှာ တင်ထားသော
ပန်ကန်ပြားတွေကို ကိုင်ပြီး ပစ်ချလိုက်သည်။ ခွမ်း ခနဲ မြည်သွားသည်။ ကွဲရှ သွားကုန်ကြသည်။ ထိုအသံနှင့်
အတူတူ ကျွန်မ လန့်ဖြန့်သွား ခဲ့ရသည်။

သူရူးနေတာလား မသိ။ ကိုယ်မိန်းမ က သွေးနုသားနု
ဆိုတာ သူခေါင်းထဲမှာ မရှိဘူး လားမသိ။ တကယ်ကို
ကြောက်စရာကောင်းသော အပြုမူကို သူပြုလိုက်တာပါပဲ။
ထိုနောက် ပေါက်ကွဲပြီး ဒေါသ ပါသော တောက်ခေါက်သံ
ကြီးနှင့်အတူတူ ထွက်ခွာသွားခဲ့သည်။ အိမ်ပေါ်က ဆင်းသွားသည်။
ကျွန်မ ကတော့ ငိုပြီး ကျန်ရစ်နေခဲ့မိသည်။

ကျွန်မ အရမ်းဝမ်းနည်းတာပဲရှင်။ ကျွန်မ အဖြစ်ကိုလည်း
ဘယ်သူမှ မသိနိုင်ဘူး။ ကျွန်မ တရှိုက်ငိုကြွေးနေမိလေသည်။
ကျွန်မ ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် သူခဏခဏ
လုပ်တယ်။ သြော် ငါ့မိန်းမက သွေးနုသားနု ကိုယ်ဝန်
အရင့်မာကြီးနဲ့ပါလား ဆိုတာ သူမသိ။ ကိုယ်ချင်း မစာတတ်ဘူး။
အရင်တုန်းက လိုမဟုတ် ပြောင်းလဲသွားခဲ့သည်။
ကျွန်မ ကွဲသွားသော ပန်းကန် အကွဲပိုင်းစလေးတွေ သိမ်းရင်း
'' အား '' ခနဲ လက်ထိ ရှသွားသည်။ ဒဏ်ရာ က မကြီးပါဘူး။
သေးသေးလေး။ သိုသော် သွေးတွေကတော့ မနည်းမနော ယိုးစီး
ထွက်လာခဲ့သည်။ အာခံလေးထဲ ထည့်ပြီး စုပ်ထားလိုက်မိသညိ။
သွေးလေး တိတ်အောင်ပါ။ မျက်ရည်က စက်လက် စက်လက်
သွေးလည်း ကတစ်ထွက်တစ်ထွက်ဖြင့် ကျွန်မဘဝက တကယ်ကံ
ဆိုးပါသည်။

တကယ်တမ်းတော့ ဒီလိုယောကျာ်းမျိုးက မပေါင်းသင့်ဘူး။
ကွာလိုက်သင့်တာ။ လမ်းခွဲလိုက်သင့်တာ။ သိုသော် ကျွန်မ
ခေါင်းထဲကို အတွေးတစ်ခုက အမြဲရောက်ရောက်လာသည်။
ကျွန်မ ရင်သွေးလေးရဲ့ မျက်နှာ။ မမွေးရသေးသော ကလေး
မျက်နှာကို ပြေးပြေးမြင်ယောင်မိသည်။ သြော်ငါသာ ကွာရှင်းလိုက်
ရင် ငါမွေးလာမယ့်ကလေးက ဒုက္ခရောက်မှာပဲ။ ဖအေ မရှိတဲ့
ကလေး ဖြစ်သွားလိမ့်မယ်။ ကလေးဟာ အဖေ အသက်ရှင်ရှိလျက်
အဖေ ခေါ်ခွင့် မရနိုင်သော အဖြစ်မျိုးကို ငါ ဖြစ်ခံမလား။
လို့ကိုယ်ကို ပြန်စဉ်းစားပြီး အမြဲတမ်း အလျှော့ပေးခဲ့သည်။
ဒါကြောင့်လည်း သူရဲ့ စိတ်ဆင်းရဲအောင် နှိပ်စက်မူအောင်
အမြဲတမ်း ငိုပြီး အလူးလူးလိမ့်လိမ့် ခံခဲ့ရရှာတာ။
ဟုတ်ပါတယ် … မှန်ပါတယ် ။ တကယ်တမ်းတော့ ကျွန်မတို့
မိန်းမသားတွေဟာ အချစ်ဆိုတာ ချစ်သူ သမီး ဘဝမှာပဲ။
အသက်လို တန်ဖိုးထားခဲ့ကြတာပါ။ အိမ်ထောင်တစ်ခု ထူထောင်
လိုက်ပြီ ဆိုရင်တော့ အချစ်ဆိုတာ ကလေး မရခင် အထိပါပဲ။
တကယ်လို ကလေးရလာခဲ့ရင် အချစ်ဆိုတာ မရှိတော့ဘူး။
အဲဒီ အချစ်ဆိုသော နေရာ မှာဘာတွေ အစားထိုဝင်လာကြသလဲ
ဆိုရင် သံယောဇဉ်တွေ… ကြင်နာမူတွေ… မေတ္တာတရားတွေ
သာ အစားထိုဝင်လာခဲ့တာပါ။ ကျွန်မ ဆိုလိုချင်သော အရာကို
ရှင်တို့ နားလည်ချင်မှ နားလည်မှာပါ။ တကယ်တမ်း ကိုယ်ဟာ
အိမ်ထောင်ရက်သား ကျပြီး မိခင်နေရာရောက်လာခဲ့ရင်
ကျွန်မ ဘာကိုဆိုလိုတာလဲ ဆိုတာ အဲဒီအချိန်ကျရင် သိလိမ့်မယ်။
နားလည် လိမ့်မယ်။

ကျွန်မတစ်ယောက် သူအိမ်ပေါ်ကနေ မပြောမဆိုဘဲ ဆင်းသွား
ခဲ့တာ တစ်ယောက်ကျော် ကြာသွားပြီ။ အခုထိ ပြန်မလာသေး။
သိုသော် သူကို တော့စိတ်ပူနေမိသည်။ ပြီးပြီ သားကိစ္စကိုတော့
ကျွန်မ ခွင့်လွှတ်ပါသည်။ သူပြန်လာချိန်ကိုတာ မျှော်နေမိသည်။

ယောကျာ်းးဖြစ်သူကတော့ နောက်ထပ် မိန်းမတစ်ယောက်ဖြင့်
တည်းခိုခန်းမှာ ရောက်နေသည်။ တစ်ည အတူတူ အိပ်ပြီးသွားပြီ။
'' မောင် !!!''
''အင်း ပြောလေ ဇူး ''
'' ဇူး ကို ချစ်လား ''
'' ဘယ်လိုပြောလိုက်တာလဲ ဇူးရယ် သိပ်ချစ်တာပေါ့ ''
'' အဲဒါ ဆို ဟို မောင်ရဲ့ မယားကြီးကို ကွာလိုက်တော့လေ
ဘာလုပ်နေတာလဲ''
'' အော် ကွာချင်တာပေါ့ ဇူးရယ် ဘယိလိုများ ပြောလိုက်တာလဲ?
ဒါပေမယ့် မကြာခင်မှာ ကွာတော့မှာပါ။ အချိန်လေးတစ်ခုလောက်
စောင့်ပေးပါနော်ဇူး''
'' ဟာ … မောင်ကတော့ ပြောလိုက်ရင် အဲဒီတိုင်းပဲအချိန်ခဏလေး
စောင့်ပါ… စောင့်ပါ နဲ့ ဘယ်ချိန်ထိ စောင့်ရမှာလဲကွာ…
ဘာလဲ ဇူးကို မချစ်တာ လားပြော''
'' အမ်!! ချစ် … မချစ် လာ သက်သေ ပြမယ် ''
'' ဟိုက် လူဆိုး''
ဆိုပြီး မီးငြိမ်းခဲ့ကြသည်။

ကျွန်မကတော့ မပေါ့မပါးကြီးဖြင့် ရေဆွဲနေမိသည်။ အိမ်သာ
ထဲမှာ ရေမရှိလိုလေ။ ရုတ်တရက် ခဲလုံးကို ချော်ပြီး ချော်လှဲသွားခဲ့
မိသည်။ ဘုန်း ခနဲ လူကာ ရေဘုံးကော အားလုံး မြေကြီး
ပေါ်မှာ မှောက်ကျကုန်တာ။ နာလိုက်တာလွန်ရော ။
ထိုအချိန်တစ်ဆက်တည်းမှာပဲ ကျွန်မ ဗိုက်က ရုတ်တရက်
ချော်လှဲသော အရှိန်ကြောင့် တအားအောင့်သွားတယ်။
ယောကျာ်းရေ'' ယောကျာ်း '' ကျွန်မကို ကယ်ပါအုံး လို
ရေရွတ်နေမိသညိ။ သိုသော် ဘယ်သူမျှမရှိပေ။ မည်သူမျှမရှိပေ။
ကျွန်မ ခြေထောက်မှာကော အောက်ပိုင်းတဝိုက်မှာကော သွေးတွေ
အများကြီးပဲ။ ဗိုက်ထဲကနေ စီးဆင်းလာသည်။ ကြီးရတာ။
အစ်စ်ဆိုက်ရှင်းမန် ခေါ် ကိုယ်ဝန်ပျက်ကျတာလား မသိ။
ကျွန်မ ဗိုက်တွေ အရမ်းအောင့်ပြီး သားအိမ်ကအရမ်းနာတာပဲ။
မိုးတွေကလည်း ရွာချနေသည်။ ကျွန်မ ဘဝက သနားစရာ။
ယောကျိာလည်း အနားမှာမရှိ။ အကူညီ ပေးမယ့်လူ တစ်ယောက်
မှမရှိ။ နောက်ဆုံး အချိန်ထိ သူကို ရေရွတ်အော်ခေါ်နေမိစဲပဲ။
သူကို အားကိုးမိနေစဲပဲ။ သိုသော် ကိုယ်ဝန်ပျက်ကျရင် အသက်အန္တ
ရယ်ပါ ထိခိုက်စေနိုင်တယ်ဆိုသော စကားက အမှန်ကန်ပဲ။
ကျွန်မလည်း မျက်ဝန်းထဲမှာ မျက်ရည်တွေဖြင့် နောက်ဆုံးမှာ
ဟုတ်တယ်။ ငါ့အသက်ရှင်တာ ဘာမှမထူးဘူး။
သေသွားတာက ပိုကောင်းတယ်။ ငါ့ဘဝက အလကားပါ။ တွေးရင်း
မြေကြီးပေါ်မှာ ဘုန်းခနဲလှဲချလိုက်ကာ အသက်တောင် ပါသွားခဲ့ရလေတော့သည်။

စာဖတ်သူ၏ရင်ထဲမှာ တစ်စုံတစ်ရာ ကျန်နေခဲ့သည်ဆိုသည်
နှင့် ကျေနပ်လှပါပြီ။ ( မှတ်ချက်… ။ ။ ကူးယူထားချင် မဟုတ်ဘဲ
ကိုယ်တိုင် ဖန်တီးရေးသားထားခြင်းဖြစ်လေသည်။ )

ဤနေရာတွင် ကျွန်တော် Sti Moe ရေးသားသော ငါ့ဘဝက အလကားပါ ပညာပေး ဇာတ်လမ်း ပြီးဆုံးလေသတည်း။

အစဉ်လေးစားလျက်ပရိတ်သတ်
Sti Moe

ပြီးပါပြီ

No comments:

Powered by Blogger.