မေမေ သားကို အချစ်တွေ ပေးသနားပါ


ကျွန်တော်နမည်က မိုးလင်းပါ။ အသက်က ၉ နှစ်ရွယ် ။ ကလေး
ငယ်လေး တစ်ယောက် ။ သား အမေက ရုံးက မန်နေဂျုာ
တစ်ယောက် ။ အချိန်တိုင်း အလုပ်တွေ ရှူပ်နေတယ် ။
သူရဲ့ ကုမ္ပဏီ အလုပ်စာရင်းတွေဖြင့် အချိန် မပေးနိုင်ဘူး။
မိခင်တစ်ယောက်ရဲ့ တာဝန်ဆိုတာ ကျောင်းထားပေးရုံ …
ထမင်း ရှာကျွေး ပေးရုံ ဘဲဟု ထင်နေသော မိခင်ထဲမှာ
ကျွန်တော် မေမေ တစ်ယောက်လည်း ပါသည်။

သား ပန်ချီကားလေးမှာ မေမေရဲ့ လက်ကို ဆွဲပြီး ရပ်နေသော
ပုံလေး တစ်ပုံကို ဆွဲပြီး မေမေ ဆီသွားခဲ့သည်။ မေမေက
ထမင်းစားနေရင်း အလုပ်က ဖုန်းကို ပြောနေသည်။
သား က မျက်နှာငယ်လေးဖြင့် မေမေ အနားမှာ သွားရပ်စောင့်နေ
မိသည်။ မေမေ က ဖုန်းတွေ အကြာကြီး ပဲပြောနေသည်။
သား ရပ်နေမှန်းတောင် မသိရှာဘူး။

မေမေ တစ်ယောက် လျစ်လျူရှူခဲ့သည်။ သား ရဲ့ လက်ကလေးကို
ဖယ်ရှားလိုက်သည်။ သားလည်း စိတ်ပျက်လက်ပျက်ဖြင့်
ပန်ချီဆွဲထားသော စက္ကူ ကပ်ထူပြား ကလေးကို ယူပြီး
ခေါင်းလေး ငေါက်စိုက်ဖြင့် ထွက်ခွာ သွားခဲ့သည်။
သား အရမ်း ဝမ်းနည်း တာပါပဲ ။ ဦးလေး တို့ အန်တီ တို့ ။
ဘာကြောင့် မေမေ က သားကို ဂရုမစိုက်ရတာလဲ ။
ငွေ ဆိုသော အရာက အဲလောက်တောင် အရေးကြီးနေတာလား။
သားရဲ့ နောင်ရေး အတွက်ပဲ ဆိုတဲ့ စကားကို အရမ်းမုန်းတယ်။
သား ဟာ ဒီအချိန်မှာ လိုချင်နေတာ … လိုအပ်နေတာ မေမေရဲ့
မေတ္တာ ပါ။ မေမေက သားကို လျစ်လျူရှူထား တယ်။
စာရွက်လေးရဲ့ အနောက်မှာ မေမေ သားကို အချစ်တွေ ပေးသနား
ပါ။ လို့ ရေးလိုက်မိသည်။ မျက်ရည်တွေ လည်းကျနေမိသည်။

နောက်တစ်နေ့မှာ မေမေ ဟာ အလုပ် နောက်ကျနေလို့ သား
အမေ သားကို ကားပေါ်တင်ပေး လိုက်သည်။ taxi ကားပေါ်
ကို သားကို တင်ပေးလိုက်ပြီး ကားသမားကို ကျောင်းရှေ့သို့
ချပေးရန် မှာလိုက်သည်။ ကား သမားကလည်း ကားကို
မောင်းပြီး ထွက်ခွာသွားခဲ့သည်။

ကားသမား ဦးလေးကြီးက ကားကို ရပ်လိုက်သည်။
'' သားလေး မှတ်တိုင်ရောက်ပြီနော်… ဆင်းတော့ '' ပြောလို့ သား
လည်း ကားပေါ်ကနေ ဆင်းလာခဲ့မိသည်။
ကားကလည် သားကို ချပေးပြီး သည်နှင့်တစ်ပြိုင်နက် ထွက်ခွာသွား
ခဲ့သည်။

ညနေ အလုပ်ဆင်းချိန်ရောက်တော့ မိခင်ဖြစ်သူက မေ့ပြီးသားဖြစ်
သူကို ကျောင်းသွားကြိုရန် မေ့လျော့နေသောကြောင့် လန့်ကာ
'' ဟာ … သွားပြီ
အတော်လေး ငါနောက်ကျနေပြီ '' လို့ပြောကာ ပစ္စည်းတွေ သိမ်းပြီး
ကျောငိးသို့ taxi ဖြင့် ရောက်ရှိလာခဲ့သည်။
ကျောင်းရှေ့ရောက်တော့ ကျောင်းတံခါးက ပိတ်ထားသည်။
ကျောင်းဂိတ်မှာ စောင့်နေသော ဆရာမငယ်လေးအား
'' ဆရာမ … ဆရာမ ကျွန်မ သားလေး ကျောင်းဆင်းသွားပြီးလား
ရှင့် !''
'' သြော် ဘယ်သူမိခင်လည်း မသိ''
'' ကျွန်မက ဖိုးပြည့် ရဲ့ အမေပါ။ ၄ တန်းထဲကပါ ဆရာမ။ ''
'' သြော် … လေးတန်း ကျောင်းသား/ ကျောင်းသူ တွေအားလုံး
ဆင်းသွားကြပါပြီ ရှင့်! အထဲမှာက ဆယ်တန်း ကျောင်းသားတွေ
ချည်းပဲ ရှိကြပါတယ် ''
'' သြော် ဟုတ် ကျေးဇူးပါပဲနော် ''
'' သြော် ဟုတ်ရပါတယ် ''
ကျွန်မလည်း သူရဲ့သူငယ်ချင်းဖြစ်သူ မီးမီးလေးတို့ သားအမိနှင့်
အိမ်ပြန်သွားပြီ အထင်မှတ် အယုံမှတ်ဖြင့် ကိုယ်အိမ်ကို ပြန်လာခဲ့
သည်။ အိမ်တံခါးက သော့ခတ်ထားသည်။ ကျွန်မ သွားတုန်းကတိုင်း သော့ခလောက် က ခတ်ထားစဲပဲ။ ထူးဆန်း
တယ်။ သားတာ အိမ်ပြန်ရောက်နေရင် တံခါးဟာ သော့ပွင့်နေ
ရမှာ ။ ထိတ်လန့်ပြီး ဘုရားရေ ဆိုပြီး ချက်ချင်း ပစ္စည်းများကို
ပစ်ချကာ သူသူငယ်ချင်း ဖြစ်သူ မီးမီးလေး အိမ်သို့ ပြေးလွှားသွား
ခဲ့သည်။
မီးမီး အမေကို တွေ့တော့။
'' ညီမ … ညီမ ''
'' သြော် မမ ပါလား ''
'' အင်း အမရဲ့ သား ဖိုးပြည့် အိမ်မှာလား ?''
'' ဟမ် !! ဖိုးပြည့်က မမနှင့် အိမ်ပြန်သွားပြီ မဟုတ်ဘူးလား ?''
'' ဟာ ဘယ်ကသာ ဖိုးပြည့်ကို မမ လာမကြိုဘူး။
ဖိုးပြည့် ကို မမ နောက်ကျလို့ ကျောင်းသွားကြည့်တော့ ဆရာမလေး
တစ်ယောက်က ပြန်သွားပြီတဲ့ ''
'' ဟုတ်လား ထူးဆန်းတယ် ''
မီးမီးလေး က ထွက်လာခဲ့သည်။
'' သမီး … သမီး ''
'' ရှင် အန်တီ''
'' သမီး သူငယ်ချင်း ဖိုးပြည့်ကော… ဖိုးပြည့် ကို သမီးလေးတွေလား''
ခေါင်းခါယမ်းပြသည်။ '' ဟင့်အင်း အန်တီ… သမီးတို့ ကျောင်းကို
ဖိုးပြည့် ဒီနေ့မလာဘူး''
ထိုစကားကြားတော့ များစွာ ထိတ်လန့်သွားသည်။
ကျွန်မ ကျောင်းသို့ တစ်ခေါက် အလောတကြီး ပြေးလွှားသွားခဲ့
ပြန်သည်။
မီးမီး လေးပြောသော စကားများ နားထဲမှာ ပြန်ကြားယောင်နေ
သည်။
'' ဖိုးပြည့် ဒီနေ့ကျောင်းကို မလာပါဘူး အန်တီ။
ဆရာမ တောင်မေးသေးတယ်။ သိုသော် ဖိုးပြည့် ကိုကျောင်းရှေ့
မှာတွေ့လိုက်မိသည်။ လူကြီး တစ်ယောက်က သူလက်ကို
ဆွဲပြီး ခေါ်ဆောငိသွားတာကိုး။ ''
ထိုအသံတွေ နားထဲမှာ ပြန်ကြားရတော့ အရမ်းကိုထိတ်လန့်သွားသည်။
ထိုအနီးနားက ပတ်ဝန်းကျင်က လူတွေမေးကြည့်တော့လည်း
တစ်ယောက် မှမသိကြဘူး။ မတွေ့မိဘူးတဲ့။
ကျွန်မရင်ထဲမှာ မီးတွေ တဟုန်းဟုန်းတောက်လောင်နေသည်
ပူလောင်နေမိသည်။ နှုတ်ကနေ လည်း တဖွဖွ'' မဟုတ်ဘူး…
မဟုတ်ဘူး မေမေ့သားလည်း မဖြစ်ရဘူး။ '' ဆိုပြီး ရေရွတ်နေမိ
ူသည်။

မေမေသား အရမ်းကြောက်တာပဲ။ သားကို အဲဒီလူတွေ ဘယ်ခေါ်လာမှန်း မသိဘူး။ သားလို ကလေး အတွေးအများကြီး
ပဲ မေမေ။ သားကို အမြန်ဆုံး လာခေါ်ပါ သားကြောက်လို့ပါ။
လို့ မျက်လုံး ကလေးကို မှိတ်ပြီး စိတ်ထဲကနေ ရေရွတ်နေမိသည်။

တကယ်တော့ သားကို လူသတ်သမားတွေ ဖမ်းထားခဲ့တာပါ။
ကလေးလေးတွေကို သတ်ပြီး နှလုံး… အသည်း… ကျောက်ကပ်
အစရှိသော ကလေးတစ်ယောက်ရဲ့ အတွင်းပိုင်း ကလီစာတွေ
အား ရင်ကို ခွဲထုတ်ပြီး ထုတ်ယူကာ ရောင်းစားနေကြသော
လူစိတ်မရှိတဲ့ လူသတ်သမားတွေပါ။

သား အရမ်းကြောက်တာပဲ။ သား ငိုလည်း ငိုနေမိသည်။ အိမ်လည်း
ပြန်ခြင်မိသည်။ မနက်ဖြန်ဆိုရင် သားကို သူတို့တွေ သတ်ကြတော့
မယ်။ ဖြတ်ကြတော့မယ်။ ထုတ်ကြတော့မယ်။ သား ကို
ထမင်းလာကျွေးကြသည်။ ထမင်း ပန်ကန်ကို ကြည့်ပြီး မေမေ့
ကို အရမ်း သတိရသည်။ မေမေသာ သားကို အဲဒီနေ့က အလုပ်ကို
မသွားဘဲ ကျောင်းကို လိုက်ပို့ပေးခဲ့ရင် သားလည်း ထိုလူနောက်
ကို လိုက်မိမှာ မဟုတ်ဘူး။ အခုတော့ … အခုတော့ သား ဘာမှ
မသိပဲ သေရတော့မယ် မေမေ ။

ထိုလူကပြောသည် ။ သား အမေက သားကို ဦးဦနှင့် လိုက်ခဲ့ဖို့ပြော
တယ်။ သား အမေ အလုပ်ရှေ့မှာ စောင့်နေတယ်တဲ့ ။ ဦးဦး
က သားအမေရဲ့ သူငယ်ချင်း လားလို့ ပြန်မေးခဲ့တယ် ။
ဟုတ်တယ် ဆိုလို သားလိုက်လာခဲ့မိတာပါ။

အသံတွေပေါင်းစုံ ကြားနေရသည်။ သားနှင့်သက်တူ ရွယ်တူ
ကလေးငယ်မလေး တစ်ယောက်ရဲ့ အော်သံတွေပါ။
သမီး ကို မလုပ်ကြပါနဲ့… သမီး ရှစ်ခိုးပြီး တောင်းပန်ပါတယ်။
သမီး ကို မသတ်ကြပါနဲ့… သမီး မသေချင်လို့ပါ။
အား … အား ဆိုပြီး ဆူညံသံတွေ ကို ကြားခဲ့ရသည်။
ထိတ်လန့်ဖို့ ကောင်းလိုက်တာ မေမေရယ် ။

ဖိုးပြည့်ကို လူကြီးတစ်ယောက်က ချုပ်ပြီး ခေါ်ဆောင်လာသည်။
လူသတ်သမားတွေက အချင်းချင်း စကားပြောနေကြသည်။
'' ဒီ ကောင်လေး နှလုံးကို အရင်ဖောက်မယ်။ ''
'' ထုံး ဆေး သုံးအုံး မလား ''
'' မသုံးတော့ပါဘူးကွာ … ထုံဆေး တွေက အခုတလော ဈေးကြီး
နေတယ် ''
'' ဟုတ်လား ? ဒါဆိုရင် ဒီအတိုင်းပဲ ထုတ်ကြတာပေါ့။ ''
'' အေး … '' ပြောပြီး လူသုံးယောက်က စကားပြောနေကြသည်။
ကုတင်ပေါ်မှာ ကလေးငယ်ကလေးကို သားရေလက်ပတ်ကြိုး ဖြင့်
တုတ်နှောင် ထားသည်။ ရုန်း လို့ မရ ။ ကန် လို့ မရ။
ကြောက်လို့ အော်တာ ငိုနေမိသည် ။

'' သားကို မလုပ်ကြပါနဲ့… လွှတ်ပေးကြပါ ။ သား ကို မသတ်ကြ
ပါနဲ့ တောင်းပန်ပါတယ် … မေမေ ရယ် သားကို ကယ်ပါအုံး…
သား ကို ကယ်ပါအုံး အမေ သားကြောက်တယ်'' လို့ အကျယ်ကြီး
အော်နေမိသည်။
'' ဒီကလေး တော်တော်ရုန်းတာပဲ ။ ချုပ်ထားစမ်း ။ ''
ဆိုပြီး နှစ်ယောက်က ဝိုင်းဖိထားကြသည်။
ထိုနောက် အသားလှီဓား ပါးပါးဖြင့် ရင်တစ်ဝိုက် တည်နေရာအား
လှီးချလိုက်သည်။
'' အား နာလိုက်တာ … အရမ်းနာတယ် '' ဆိုပြီး အော်နေသည်။
'' မေမေ သားကို ကယ်ပါ… အရမ်းနာတယ်။ သား အရမ်းနာတယ်''
ပြောပြီး အော်နေသော်လည်း လူစိတ်မရှိသော လူတွေက
နှလုံးကို အရှင်လတ်လတ်ဖောက်ပြီး ယူလိုက်လေသောကြောင့်
သွေးတွေ များစွာဖြင့် ကလေးလေးဟာ သေဆုံးသွားခဲ့ရပါတော့သည်။

နောက်နှစ်ရက်ခန့်ကြာတော့ ကလေး ဖမ်းပြီး ကလီစာတွေထုတ်
ကာ အလောင်းတွေ စွန့်ထားကြသညိ။ မြှောင်းတွေ ချောင်းတွေ
မှာ အိတ်တွေဖြင့် သွားရောက်စွန်ပစ်ထားကြသညိ။

ထိုအလောင်းတွေကို သက်ဆိုင်ရာ ရဲတွေမှ တစ်ဆင့် မိခင်တွေ
အား အကြောင်းပြန်ကြားလေတော့ … ဖိုးပြည့် လေးပါ ထိုအထဲမှာ
ပါခဲ့သည်။ သူ အမေဖြစ်သူလည်း သေလောက်အောင် နာကျင်စွာ
ခံစားရင်း ရင်တွေ ကျိုးပြီး ငိုခဲ့ယိုခဲ့ရသည်။ သူရဲ့ အမှားတွေ
ကြောင့် သူကလေး အခုလို ဖြစ်ရတာဆိုပြီး သူမှာ ဖြည့်မဆည်း
နိုင်အောင် ရင်ထဲမှာ မချိစွာ ခံစားရလေသည်။
အဆိုးဆုံးက သားဖြစ်သူ လေးမပျောက်ခင် တစ်ရက်အလိုက
ဆွဲထားသွားခဲ့သော ပန်ချီးကားလေးကို ကြည့်ပြီး အချိန်တိုင်း
ငိုခဲ့ရသည်။ ပန်ချီ စာရွက်လေးနောက်ကျောမှာ ရေးသားထားသော
စာသားလေးတွေက သူရင်အား ဓားနှင့်မွှန်းသလိုမျိုး ခံစားမိစေတာ
ပါပဲ။ မေမေ သားကို အချစ်တွေ ပေးသနားပါ ဆိုသော စကားလေး
ကြောင့် နောင်တ တွေအကြီးကျယ်ရကာ '' သား '' လို့ ငိုနေမိ
လေတော့သည်။

စာဖတ်သူ၏ရင်ထဲမှာ တစ်စုံတစ်ရာ ကျန်နေခဲ့သည်ဆိုသည်
နှင့် ကျေနပ်လှပါပြီ။ ( မှတ်ချက်… ။ ။ ကူးယူထားချင် မဟုတ်ဘဲ
ကိုယ်တိုင် ဖန်တီးရေးသားထားခြင်းဖြစ်လေသည်။ )

ဤနေရာတွင် ကျွန်တော် Sti Moe ရေးသားသော မေမေ သားကို
အချစ်တွေ ပေးသနားပါ ဇာတ်လမ်း ပြီးဆုံးလေသတည်း။

အစဉ်လေးစားလျက်ပရိတ်သတ်
Sti Moe

ပြီးပါပြီ
Admin~~ Sti Moe Moe Lin

No comments:

Powered by Blogger.