မောင်သုည ဖိုးဝလုံးလေး

သုညဆိုတာ အက္ခရာလေးတွေရဲ့ အားလုံးထဲမှာ အနိမ့်ကျ
ဆုံးပါ။ တစ်တောင် ဖြစ်ခွင့် မရှိသော … အဆင့်မရှိသော ဖိုးဝလုံး
လေး ခေါ် သုည ကလေးပါ။ နမည်အရင်းက ဖိုးဝလုံးလို့ခေါ်ပါတယ်
အားလုံးကတော့ ဖိုးဝလုံးနှင့် ခပ်ဆင်ဆင် မောင်သုည လို့ဘဲပြောင်း
ခေါ်ကြသည်။ သူတို့ခေါ်လည်း ခေါ်ချင်စရာ ရုပ်ကိုက ပေမမှီ
ထောင့်မမှီ ကျပ်မပြည့်တဲ့ ရုပ်လေးဖြစ်နေတာကိုး။ အမြဲစွပ်ကျွယ်
လေး ဖြူဖြူဟောင်းဟောင်း နွမ်းနွမ်းဝတ်ထားတတ်သော ကျွန်တော် လို မောင်သုညဟာ လူအများအမြင်မှာ အဲလိုမြင်နေတာ
မဆန်းပါဘူးလေ … ။
သူငယ်ချင်းတွေက ဂေါ်လီရိုက်တယ်။ ကစားတယ်။
ပျော်ပါးတယ်။ ကျွန်တော်က ကျောငိးဆင်းရင် မေမေသန့်ရှင်းရေး
လုပ်နေခဲ့သော နေရာကို သွားပြီး… မေမေအား သွားကူညီပေးသည်
တုံမြက်စည်းလှဲပေး ဘာလှဲပေးပေါ့ဗျာ … အမှိုက်တွေ ကျုံးပေး
လိုက်သိမ်းပေးတာပေါ့ဗျာ။ ကျွန်တော်က ငယ်သေးတာကိုး ဒါပဲ
လုပ်နိုင်တယ်လေ။ မေမေ ကိုရေတစ်ခွက်ခပ်လာခဲ့ပေးသည်
မေမေထိုင်နေသော အနားလေးမှာ လာထိုင်သည်။
မေမေကို သောက်ရေလေးပေးသည်။ မေမေနဖူးမှာ ချွေးတွေ
တောက်တောက်ကျနေသည်။
''' ငါ့သားလေးက တော်လိုက်တာ~~ အားကိုးရတယ်'''
''' အမေ မောနေပြီးလား '''
''' မမောပါဘူး ငါ့သားရယ် … အမေ မမောပါဘူး ''' အမေ မမောပါဘူးလို့ပြောသော အသံက မောသံပါနေသည်။ မေမေမျက်
နှာလေး ဟာအတော်လေးကို နွမ်းလျကျနေသည်။ မေမေတစ်ယောက် ကျန်းမာရေးကလညိး ကောင်းတာမဟုတ်။
မေမေ ထပြီး ထပ်လှဲမလို့ ဟန်ပြင် … မေမေလက်ထဲက တံမြက်
စည်းကို လှမ်းယူလိုက်ပြီး
'' မေမေ မောနေပါပြီ… သားသိပါတယ် ထိုင်နေပါမေမေ… သားပဲ
ဆက်လှဲလိုက်ပါ့မယ် '' လို့ပြောကာ ပြုံးပြလိုက်မိသည်။
အမေကလည်း တကယ့် မောနေသည်။ ထိုသည့်တွက်ကြောင့်
ပြုံးပြကာ ပြန်ထိုင်လိုက်သည်။ ကျွန်တော် လည်းမေမေအစား
တံမြက်စည်းဖြင့် ဖုန်တွေကို ပြောင်သွားအောင်။ ကြည်သွားအောင်
လှဲပေးခဲ့လိုက်မိတယ်။

နောက်တစ်နေ့ အတန်းထဲမှာ ဆရာက ကြိမ်းလုံးကို ခုံးပေါ်ရိုက်ကာ
အတန်းသူ/သား အားလုံးကို ဆူနေလေသည်။ ထိုအချိန်မှာ
ကျွန်တော်လည်း ကျောငိးကို နောက်ကျလွန်းပြီး ရောက်လာခဲ့လေ
သည်။ အတန်းရှေ့မှာ
''' ဆရာ ကျွန်တော်ကို ဝင်ခွင့်ပြုပါ'''လို့ ခွင့်တောင်းလေသည်။
တကယ်တမ်းဆရာဟာ အားလုံးကို ဆူနေလေခြင်းဖြစ်လေသည်။
အဲဒီနေ့က အမြင်မကြည်မူ မှန်သမျှ… နောက်ပြီး ဆရာဟာ
ကျောင်းစာအုပ်မထပ် တဲ့အတွက် အားလုံးကို ဆူနေသော အချိန်
တစ်ပေါင်းတစ်စုတည်း ဖြစ်နေလေသောဖြစ်နေခဲ့သောကြောင့်
ဆရာရဲ့ ဒေါသမျက်လုံးများဟာ ကျွန်တော်ရဲ့ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့လေသည်။

''' မောင်ဖိုးဝလုံး !'''
'' ဗျာ … ဆရာ ''
'' မင်း ထပ်ပြီး ကျောင်းနောက်ကျပြန်လာပြီးလား '''
'' ဟုတ်ကဲ့ ဆရာ … '''
''' မင်းကို ငါဆုံးမမှဖြစ်တော့မယ် … ဒီကို လာခဲ့စမ်း''' လို့ ဆရာဖြစ်သူက ကြိမ်လုံးဖြင့် ရိုက်ရန် ယက်ခေါ်လေသည်။
ကျွန်တော်လည်း အရိုက်ခံ ရတော့မှာ သိသည်။ သိုသော်လည်း
ကြောက်ကြောက်လန့်လန့်ဖြင့် မဝံ့မရဲ ဆရာအနားသို့ ရောက်
အောင်တော့ လာခဲ့ပေသည်။
ဆရာက ဒေါသမောသော အသံဖြင့်
'' မင်း ဟိုဘက်လှည့် ''' လို့ပြောလိုက်သည်။ ကျွန်တော်လည်း
လှည့်လိုက်မိသည်။ ဆရာဖြစ်သူဟာ အားပါပါဖြင့် ခပ်ပြင်းပြင်း
လေး ကြိမ်လုံး သုံးချက်လောက် ကျွေးလိုက်လေသည်။
မောင်ဖိုးဝလုံးလေးရဲ့ ပါးပြင်ပေါ်သို့ ပုလဲလုံးလေးတွေ လိမ့်ကျ
လာခဲ့သည်။ သိုသော် မငို။ မျက်ရည်ကို လက်ကောက်ဝတ်ကလေး
ဖြင့် ဖယ်ရှား သုတ်ပစ်လိုက်သည်။
''' မင်း အခုချက်ချင်း အလံတိုင် အရှေ့က မြက်တွေကို သွားနုတ်သွား ငါပြန်မခေါ်မချင်း မင်းအထဲကို ပြန်မဝင်လာနဲ့ကြား
လား '''
''' ဟုတ်ကဲ့ ဆရာ '' ပြောပြီး သူလွယ်အိတ်ကလေးကို ဘေးသိုငိးကာ ထွက်ခွာသွားခဲ့သည်။ ကောင်ကင်ပေါ်မှာ နေကလည်း အတော်လေးကို ပူရှာသည်။ ပူတာမှ ချစ်ချစ်တောက်
အောင်ကို ပူတာပါ။ ထိုနေပူပူအောက်မှာ အရိပ်မပါဘာမပါဖြင့်
မောင်သုညဟာ မြတ်လေးတွေ နုတ်နေခဲ့ရသည်။ တစ်ကိုယ်လုံး
ချွေးတွေတဗြိုင်းဗြိုငိစီးကျနေခဲ့မိသည်။
မောငိသုညလေးတစ်ယောက် လွယ်အိတ်ထဲက သတင်းစာကလေး
ကို ကြည့်လိုက်သည်။ ထိုသတင်းစာ တစ်စောင်လေးတော့ ကျန်နေ
သေးသည်။ သူဘာကြောင့် ကျောင်းကို နောက်ကျကျမှ ရောက်ရ
သလဲဆိုလေတော့ မနက်ဆို အစောကြီးကို ထပြီး သတင်းစာတွေ
လိုက်ပို့ပေးရသည်။ အင်္ကျီစွပ်ကျယ်လေးဖြင့် ၂ နာရီကျော်ခန့်
သတင်းစာလေးတွေ လိုက်ပို့ပေးသွားသော အခါကျမှာတာ အိမ်ကို
အမြန်ပြန်လာပြီး အဝတ်အစားကသိုက်ရိုက်လဲ… လွယ်အိတ်လေး
ကို လွယ်ကာ ကျောင်းသို့ ပြေးလာခဲ့ခြင်းဖြစ်သည်။ သိုသော် အမြဲလိုလို တိုင်းလည်း နောက်ကျသည်။ နာရီဝက် ခန့် အမြဲတမ်း
ကျောင်းသို့ နောက်ကျကျပြီး ရောက်လာသော သူအဖို့ကား
အပြစ်ဆိုသော အရာဟာ သူအတွက် မစိမ်းကားတော့ပေ။
မေမေက အခုတလော နေမကောင်းဘူး ဆရာ။ ကျွန်တော်မှာ
အဖေမရှိဘူး။ မေမေက မုဆိုးမ ။ အားကိုးစရာ ဆိုမျိုးလည်းမရှိပါဘူ
နောက်ပြီး သားသမီးဆိုလို့ သားတစ်ယောက်တည်း ရှိတာပါ။ သား
အသက်က အခုမှ ၁၄ နှစ်ပဲရှိပါသေးတယ်ဆရာ။ မေမေ အားကိုးလို့
ရသော အရွယ်တော့မဟုတ်ပါဘူး ဆရာ။ သိုသော် သားသိတတ်
ရမယ်လေ။ မေမေကို သားသနားတယ်။ မေမေကို သားကြင်နာတယ်။ မေမေအား အားကိုးနိုင်သော သားဖြစ်နိုင်သော
လူတစ်ယောက်ဖြစ်အောင် သားကြိုးစားနေတယ်ဆရာ။
သား မရှက်တန်းဝင်ခံရရင် သားမေမေက သန့်ရှင်းရေးသမားပါ။
သားတို့နေတာက မြစ်ကြီးက လမ်းဘေးက တဲစုတ်ကလေးနားက
ပါဆရာ။ သား ကျောင်းဆင်းရင် ဆရာထင်သလိုမျိုး သားဘယ်မှ
လျှောက်မသွားခဲ့ရပါဘူးဆရာ … ။ သား မေမေအလုပ်ဆီကို တန်း
သွားခဲ့တာပါ။ သားရဲ့ မေမေ သနားပါတယ် ဆရာရယ်။ မေမေက
အသက်ကြီးနေပြီလေ။ နောက်ပြီး မေမေက Tv ဆိုလား ဘာဆိုလား မသိ။ ခဏခဏ ချောင်းတဟွတ်ဟွတ်ဆိုးနေတယ်။
အဲဒီ ရောဂါကို ဆရာသိလား ဆရာ။ မေမေကို ကြည့်ပြီး သားစိတ်
မကောင်းပါဘူး ဆရာ။ သား သူများတွေ မသိအောင်… အိမ်သာထဲမှာ ခဏခဏ ငိုခဲ့ရပါတယ် ဆရာ။ အဘယ်ကြောင့်
ဆိုသော် ဟိုတစ်နေ့က မေမေချောင်းဆိုတာလေ သွေးတွေပါနေတယ်ဆရာရယ်။ သား မေမေကို ပြောတယ်။
ဆရာဝန်သွားပြပါလားလို့။ သိုသော် မေမေက ခေါင်းခါတယ်။
သူအလုပ်ရပ်သွားလို့ … ပျက်သွားလို့ မဖြစ်ဘူးတဲ့ ဆရာ။
မေမေ တစ်ယောက် ဝမ်းရေးမရှာနိုင်တော့ဘူး ဆရာ။
အဲဒီအတွက်ကြောင့် သားလည်း အလုပ်ထွက်လုပ်ခဲ့ရပါတယ်ဆရာ။
ဆရာက သားကို အမြဲမေးပါတယ်။ ဘာကြောင့် ကျောင်းစာတွေ
မပြီးသလဲ? မရေးသလဲပေါ့။ သား ကိုခွင့်လွှတ်ပါဆရာ။ သား
အိမ်စာလုပ်ဖို့ အချိန်မရှိလိုပါ ဆရာ။ ကျောင်းက ဆင်းတာနဲ့တပြိုင်
နက် သားသူများဆိုင်မှာ ပန်ကန်ဆေးရပါတယ် ဆရာ။
နောက်ပြီး ၅နာရီလောက် အချိန်ပိုင်း ပန်ကန်ဆေးပြီးရင် အိမ်ပြန်ရောက်တာနဲ့ ဝယ်လာသော ထမင်းထုပ်တွေ… ဟင်းထုပ်
တွေကို မေမေအား ခူးကျွေးရပါတယ်ဆရာ။ မေမေ ထမင်းစားနေတုန်းသားလည်း ရေကပြာကယာ ချိုးနောက်ပြီး…
ထမင်းလည်း ကသုတ်ကရုတ်စားကာ နာရီကြည့်လိုက်တိုင်း။
၉ နာရီထိုးလိုနေပါပြီဆရာ။ မေမေကို နှိပ်ပေးတာနဲ့… ဘာနဲ့
ဆို ၁၁နာရီထိုးသွားပါပြီဆရာ။ ဆရာပေးထားသော သင်ခန်းစာလေး
တွေကို သားပြန်ကျက်ရသေးပါတယ်ဆရာ။ ၁ နာရီလောက်ကျက်ပြီ
သွားတာနဲ့ သားလည်း အိပ်ရပါတယ်ဆရာ။ မနက်ဆိုလေးနာရီထပြီး ဆရာအိမ်စာရေးမယ်လုပ်တော့ အမေအသည်းသန်ဖြစ်လာခဲ့တယ်ဆရာ။ အဲဒါကြောင့်သားအမေကို
ဆေးခန်းကို သွားပိုခဲ့တယ်။ ဆရာဝန်က ပြောတာက လူနာဟာ
လမ်းမှာတင် အသက်ပါမလာခဲ့ဘူတဲ့ ဆရာ။ သားအတော်
လေးနာကျင်စွာ ငိုခဲ့ရပါတယ် ဆရာ။ အခု မောင်ဖိုးဝလုံးခေါ်
မောင်သုည ဘဝမှာ အားကိုးစရာ အမေ တောင်မရှိတော့ပါဘူး
ဆရာ ။ သား စိတိပျက်လက်ပျက်ဖြင့်ကျောင်းကို မလာနိုင်ခဲ့ပါဘူး
ဆရာ။ တကယ်တမ်းတော့ သားပညာတတ်ကြီးတော့ ဖြစ်ချင်ခဲ့ပါ
တယ်။ သိုသော် သားမှာ နှမ်းချက်နှင့် ဆီမကိုက်ဘူး ဖြစ်ခဲ့ရပါတယ်။
အခုပိုးဆိုးတာက သားဘဝမှာ ဘယ်သူမှအားကိုးစရာ…
အားထားစရာမရှိတော့ဘူး ဆရာ။ နွေရာသီ လွင်တီခေါင်မှာ ရပ်တည်နေသော သစ်ပင်ငယ်လေးသဖွယ် ဖြစ်နေရပြီဆရာ။
သား သတင်းစာလိုက်ပို့ခဲ့တာတွေ… သား အမေကို ကျောင်းဆငိး
တိုငိး သွားကူခဲ့တာတွေ ဆရာမသ်ခဲ့ပါဘူး ဆရာ။ ဆရာ ဘဲ
သင်ပေးထားတယ်လေ ယောကျာ်းကောင်းတစ်ယောက်ဆိုတ
အမြဲတမ်း ပြဿနာ တစ်ရပ်ကို အလောတလျင် မဆုံးဖြတ်ရဘူး
ဆို… ဆရာ အဲဒီစကားကို မေ့နေခဲ့သည်။ သားလည်း ပြောပြ
မလို့ပါဘဲ ဆရာ။ ဆရာက အိမ်က ပြဿနာတွေ အမြင်မကြည်မူ
တွေကြောင့် သားကို ရိုက်ခဲ့တယ် လို့ဘယ်တော့မှ မမှတ်ယူခဲ့ပါဘူး။
သားနားလည်ပါတယ်ဆရာ။ နောက်ပြီး တစ်ကျောင်းလုံးက
ကျောင်းသား / ကျောင်းသူ တွေ သားသူငယ်ချင်းတွေက သား
ကို မောင်သုည လို့ခေါ်တာ သားစိတ်မဆိုးပါဘူး ။ သားကို
အဆင့်တန်း မတူလို့ ဝိုင်းပြီး ပစ်ဖယ်ထားတာတော့ သားနည်းနည်း
စိတ်မကောင်းဘူး ဆရာ။ အထူးသဖြင့် ဆရာ … ဆရာမတွေ
အပါဝင် ဆရာကပါသားကို ဆိုးသွမ်းသော နိမ့်ကျသော ကျောင်း
သားတစ်ယောက်ဖြစ်မြင်နေတာကိုး သားရင်ထဲမှာ မကောင်းဘူး
ဆရာရယ်။ သားရန်ဖြစ်တာလည်း မဟုတ်ခဲ့ပါဘူး။ တကယ်တော့
မောင်သုည ရဲ့အမေဟာ သန့်ရှင်းသမား AIDS ရောဂါဖြင့်
မဟုတ်မမှန်တွေပြောသော သန့်စင်နှင့် ကျော်မောင်တို့ကို
သားက အကောင်းပြောခဲ့တာပါ။ သားကို သူတို့ထိုးခဲ့ကြတာပါဆရာ။ သူတို့ရဲ့ မိဘတွေက ဘာပြောလဲဆို
တော့ သူတို့သားကို သားက ထိုးခဲ့တာပါတဲ့။ ဆရာက အဲဒါကို
မသိဘဲ သားကို သူတို့အား ပြန်တောင်ပန်ခဲ့ခဲ့တယ်။ သားနားမလည်နိုင်ဆုံးက ဆရာကဘာလို့သားကို နားလည်မပေးနိုင်
ရတာလဲ? ဘာလို့ သားကို လျစ်လျူရှူနိုင်ရတာလဲ? သားက
ဘာလို့ မောင်သုည ဖိုးဝလုံး ဖြစ်နေရတာလဲ ဆရာရယ် '''
နောက်ဆုံးရေးသားထားသော စက္ကူဟောင်းဟောင်းနွမ်းနွမ်း
လေးကို ဖတ်ပြီးသွားသော အချိန်မှာတော့ ရင်ထဲမှ နွေးထွေးသော
ကြင်နာမေတ္တာ တရားလှိုက်ဖိုသော မျက်ရည်များဟာ တသွင်သွင်
ကို စီးကျလာခဲ့လေသည်။ သူအများကို သူသိသွားပြီ။ သူဟာ
အတော်လေးကို ငွေမျက်နှာကို ကြည့်ပြီး ဘက်လိုက်ခဲ့တာပါလားပေါ့။
တစိမ့်စိမ့်တွေးရင်း တသိမ့်သိမ့် ခံစားလာရကာ နောက်ဆုံးမှာ ငိုချလိုက်မိပါတော့သည်။ ငိုသံပါပါဝဲဝဲဖြင့်
''' မောင်ဖိုးဝလုံးရယ် ဆရာမှားသွားပြီကွာ … ငါအတော်ကလေး
ကိုမှားသွားခဲ့မိပြီကွာ … ငါ့ကို ခွင့်မလွှတ်ပါနဲ့ တောင်းပန်ပါတယ်'''
ထိုသို့ နောင်တတွေရနေချိန်မှာ တစ်ပြိုင်နက်တည်းမှာပင် အတန်း
ထဲက ကျေုာင်းသားဖြစ်သူ မောင်ညိုက အိမ်ပေါ်သို့ အလောတကြီး
သုတ်ပြာပြေးရောက်လာခဲ့သည်။
''' ဆရာ… ဆရာ ''ဆရာဖြစ်သူ မောင်သန်းက ကြည့်လိုက်မိသည်။
'' ဘာဖြစ်လာတာလဲ? မောင်ညို '''
အရမ်းမောပြီး စကားတွေထစ်နေသည်။
''' ဆရာ… မောင်ဖိုးဝလုံးလေ … မောငိဖိုးဝလုံး''
'' ဖိုးဝလုံး … အေး ဖိုးဝလုံး ဘာဖြစ်လည်းပြောလေ '''
'' ဖိုးဝလုံး ကားတိုက်ခံထိထားလို့ပါ ဆရာ '''
'' အေ '' ခနဲဖြစ်သွားသည်။ ဆို့ထင့်သွားသည်။

လူတွေဝိုင်းအုပ်နေကြသည်။ ဆရာဖြစ်သူနှင့် မောင်ညိုတို့လည်း
ထိုအနားသို့ပြေးရောက်လာခဲ့ကြသည်။ တူမလေးဖြစ်သူ
အသက် ၁၀နှစ်ကလေးမလေးကား ဘေးမှာငိုနေသည်။
သွေးအိုင် အကွင်းကွက်ထဲမှာတော့ လှဲကျနေသာ လှဲလျောင်းနေ
သောသူဟာ မောင်ဖိုးဝလုံးခေါ် မောင်သုညပင်ဖြစ်လေသည်။
ထိတ်လန့်မူများစွာဖြင့် ဆရာဟာ ပြေးဝင်လာခဲ့ပြီး လှဲကျနေသော
ကလေးငယ် '' မောင်ဖိုးဝလုံး ''အား ပွေ့ဖက်လိုက်မိသည်။
မေးကလေးကို လှုပ်ကာ နှိုးကာ နှုတ်မှ '' မောင်ဖိုးဝလုံး … မောင်
ဖိုးဝလုံး'' လို့ရေရွတ်နေမိလေသည်။

ဖိုးဝလုံးခေါ် မောင်သုညက မပွင့်နိုင်ပွင့်နိုင် မျက်လွှာကလေး
မ တင်ကာ ကြည့်လိုက်မိသည်။ ဆရာဖြစ်နေတော့။
''' ဆရာ … ရောက်လာပြီးလား ? ဆရာရောက်လာတဲ့ အချိန်ထိ
ကျွန်တော်စောင့်နေတာပါ''
'' မင်း ဘာမှမဖြစ်ပါဘူးကွာ … မင်းက ဘာဖြစ်ရမှာလဲ?
ဆရာရောက်လာပါပြီ'''
''' ဆရာ … ဆရာ ကျွန်တော်ကို နားလည်မခဲ့ပါဘူး… ''
'' မဟုတ်ပါဘူး … ဆရာအခုနားလည်သွားပါပြီ သဘောပေါက်သွား
ပါပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြီး သိသွားပါပြီ…
ဆရာ မှားမှန်း သိပါပြီကွာ ''
'' ဆရာ မမှားပါဘူးဗျာ… တကယ်တမ်းမှားခဲ့တာက ကျွန်တော်ဆိုတဲ့
မောင်ဖိုးဝလုံးပါ။ မပြည့်စုံသော မိဘရင်ခွင်ထဲမှာ ဝင်စားခဲ့မိပြီ…
ငွေဆိုသော အရာမရှိခဲ့လို့ ဆရာလျစ်လျူရှူတာ ခံခဲ့ရတာပါ။
ဆရာပြောသလို သူများတွေပြောသလိုမျိုး ကျွန်တော်ဟာ ကျပ်မပြည့်တဲ့ အကောင် မောင်သုည တစ်တောင် မဖြစ်ခဲ့ပါဘူး…
ဆရာ ကျွန်တော်တောင်းပန်ပါတယ် … ကျွန်တော်သွားတော့မယ်
ဗျာ … ဆရာကို နောက်ထပ် လောကကြီးတစ်ခုမှာစောငိ့နေပါ့မယ်။
ဆရာပြောခဲ့သလိုမျိုး လူတစ်ယောက် သေရေးရှင်ရေး ကြုံနေတာ
မြင်ရင် ကိုယ်အသက်နှင့်လှဲနိုင်အောင် ကြိုးစားပါ။ ဒါဆိုလူတော်
တစ်ယောက်ဖြစ်လိမ့်မယ်။ ဆရာပြောသလိုမျိုး ကျွန်တော်ဟာ
လူတော်တစ်ယောက်ဖြစ်ခဲ့ပြီ ဆရာ… ကျွန်တော်အသက်နှင့်
ဆရာရဲ့ တူမလေးအသက်ကို လှဲခွင့်ရခဲ့တဲ့အတွက် ကျေနပ်ပါတယ်
ဆရာရယ် ''' ပြောပြီ သေဆုံးသွားပါသည်။
ဆရာက သူရဲ့တပည့်လေးဖြစ်သူ မောငိဖိုးဝလုံးလေး လက်လေး
မြေစိုက်သွားတော့ များစွာ ထိတ်လန့်မူများနှင့်အတူတူ
''' တပည့် ဖိုးဝလုံး … တပည့်ဖိုးဝလုံး မင်းမသေရဘူးလေကွာ…
ဆရာရင်တွေကျိုးပါပြီကွာ … ဆရာ အသည်းတွေတစ်စစီကို
ပဲ့ကြွေကုန်ပါပြီ'''ပြောပြီး ရင်ကြုံးမရဖြစ်သွားခဲ့ရပါတော့သည်။

Message'' လောက၌ ငွေမျက်နှာတစ်ခုတည်း မမြင်သင့်
- ကိုယ်ဘယ်လောက်ပဲစိတ်ဖိစီးစိတ်ဖိစီး တစ်ဖက်
သားအပေါ်ကို ဘယ်တော့မှ အပြစ်မဖို့မိစေပါနဲ့
- မိမိ မသိနိုင်သော နောက်ကွယ်မှာ အများကြီးရှိ
ကြောင်း သဘောပေါက်ပါလေ

Own Creator ''' Sti Moe Moe Lin''''

No comments:

Powered by Blogger.