မျှော်လင့်ချက်မဲ့နေသော ပန်းကလေး
သမီးနမည်က ပန်းဖူး လေးပါ။ မေမေက သမီးကို ပန်းလေးလို့
ခေါ်တယ်။ သမီးက မွေးရာပါ ကင်ဆာ သမားတစ်ယောက်ပါ။
သမီး တွက်မျှော်လင့်ချက်မရှိဘူး။ အနာဂတ်ဆိုလည်း သမီးဘဝမှာ
မရှိဘူး။ သမီး အမြဲတမ်းလိုလို ငေးငေးမှိုင်မှိုင် နေမိတတ်တယ်။
သမီး ကျောင်းလည်း မတတ်ရဘူးလေ ။
ကင်ဆာသမားတစ်ယောက်ဆိုသော အသိက ငယ်ငယ်ရွယ်ရွယ်ဖြင့်
သမီးဆီမှာ ရှိနေခဲ့တယ်။ မိုးတွေ တဖွဲဖွဲ ရွာနေတယ် … သမီး
လေ အဝေးကြီးကို ငေးကြည့်နေမိတယ်။ သမီး စိတ်ထဲမှာ ဘာမှ
မရှိဘူး။ အချိန်တိုင်း အားငယ်လိုက် … အချိန်တိုင်းမှာ အားကိုးရာ
မဲ့နေသလိုလို မျိုးခံစားရသည်။ ဦးလေးတို့ အန်တီးတို့ ချမ်းနေလား
ရှင့် ! … သမီး အနွေးထည်ပေးချင်ပါတယ်။ ဖြစ်နိုင်ရင် သမီး
ရဲ့ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ပေးချင်ပါတယ်။ အဘယ်
ကြောင့်ဆိုသော် သမီးဟာ ဘယ်အချိန်မှန်း မသိ… ဘယ်ကာလမှန်း
မှာလည်း မသိ ။ သေရမယ့် အချိန်ကို ထိုငိစောင့်နေရသော လူပါ။
သမီးအတွက်ကား ငွေကြေး ဓန ဥစ္စာတွေ မလိုပါဘူး။ ကျန်မာခြင်း
နှင့် သာမန်ကလေးတွေလိုပဲ နေချင်တာပါ။
မိခင်က ဆေးကို ယူလာပြီး သမီးလေးဖြစ်သူ ပန်းဖူး လေးအနားသို့
ရောက်လာခဲ့သည်။ သမီးကလေး က ပြတင်းပေါက်အနားမှာ ထိုင်နေတာပါ။
အနားရောက်လာတော့ ''' သမီးလေး ဆေးသောက်ရအောင် '''လို့
မေမေက ပြောသည်။ မေမေလက်ထဲမှာ ဖြန့်ထားသော ဆေးတွေ
ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သမီး စိတ်ညစ်လိုက်တာ
အန်ကယ်တို့ ဦးဦး မမတို့ အစ်ကိုတို့ရယ် ။ ဆေးတွေက အများကြီး
ပဲ။ အနည်းဆုံး ၁၀ လုံးထက်တော့ရှိသည်။ ဒီဆေးတွေကို နေ့တိုင်း
သောက်နေရတာ သမီးစိတ်ပျက်လှပြီ။
မာမီမျက်နှာကို ကြည့်ပြီး '' မာမီ သမီး ဆေးမသောက်လို့ ရဘူးလား? ''
'' ဘယ်ရပါ့မလဲ သမီးရယ် သောက်လိုက်ပါ… ဒီဆေးတွေ သောက်
မှသမီး ကျန်မာမှာလေ… သမီး အသက်ရှင်နိုင်မှာပေါ့။ ''
''' ဒါဆိုရင် သမီး အသက်ရှည်အောင် ဒီလိုဆေးတွေ အများကြီးကို
တစ်ခါတည်း သောက်ပြီး အသက်ရှင်လိုက်မယ်လေ … သမီးကို
တိုက်ပါလား အမေ ''
ထိုစကားကြားတော့ အမေဖြစ်သူ ပန်းနုသွေးက ဘာမှပြန်အန်မလာ
နိုင် မျက်ရည်တွေ စီးချောင်း သွားခဲ့သည်။ အံကိုကိုက်၍ လျှာကိုပစ်
ကာ ငိုချင်နေသော စိတ်တွေထိန်းပြီး အသံဝဲဝဲဖြင့်
'' အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲ? သမီးရယ် ''
စိတ်ထဲမှာတော့ အဲလိုသောက်လိုက်ရင်မေမေ့သမီးကလေး သေသွားမှာပေါ့။ သမီးလေး ခံစားနေရတာ မာမီနာလည်ပါတယ်ကွာ
မာမီးလည်း မပြောတတ်တော့ဘူး။ မာမီ သမီးလေးကို စိတ်မကောငိးဖြစ်မိတာပဲ သိတယ်။
အမေကို သမီးဘာမှမမေး … မပြောတော့ပါဘူး ။ ဆေးလေး ၄လုံး
တစ်ခေါက် … နောက်ထပ် လေးလုံး တစ်ခေါက် … နောက်ဆုံး
၅ လုံး ယူပြီး ရေဖြင့် သောက်ချလိုက်သည်။
''' မေမေ သမီးလေးက လိမ္မာတယ်နော် '' ပြောပြီး လက်ဖဝါးဖြင့်
ပါစပ်လေးကို မိုးကာ ထွက်ခွာသွားသည်။ သမီးကတော့ သိသည်။
မေမေ ငိုတော့မယ်လေ။ မေမေက အမြဲငိုနေကျ။ သမီးလည်း
အရင်တုန်းက အမြဲငိုခဲ့ပါသည်။ သိုသော် အခုတော့ မငိုတော့ဘူး
လေ။ ငိုလည်း ဘာမှ ထူးမှမဟုတ်တာ။ သမီး ထွက်ခွာသွားရမှာက
ထွက်ခွာသွားရမှာပါပဲ။
သမီးစိတ်တွေ အချိန်တိုင်းလေးလံနေတယ်။ အချိန်တိုင်း မိနစ်တိုင်း
စက္ကန့်တိုငိးမှာ ငါဟာ ကင်ဆာရောဂါသည်ကလေး အချိန်မရွေး
မှာသေဆုံးနိုင်တယ်။ ငါ့ဘဝဟာ သူများလိုမဟုတ်ဘူး။
ဆိုသော အသိက သမီးရဲ့ နဖူးမှာတင်မက တစ်ကိုယ်လုံးမှာ စာကပ်
ထားသလိုပါပဲ အန်းကယ်လေးတို့ ဦးဦးတို့ မမတို့ ကိုကိုတို့ရယ်။
ကောင်ကင်းပေါ်မှာ နေဟာ ပြန်ဝင်သွားပြန်သည်။ လမင်းကြီးက
အနောက်ကနေ ထွက်ပေါ်လာပြီး ညဆိုသော အချိန်ကာလကြီးကို
ရောက်ရှိလာပြီ။ သမီးအတွက် ဘာလိုလို ညာလိုလို နှင့် တစ်ရက်က
ကုန်ဆုံးသွားပြန်ပါပြီ။ သမီး အတွက် အချိန်က အရမ်းတန်ဖို့ ရှိတယ်
အစ်ကိုတို့ အမတို့ ။ သမီးက ကင်ဆာသည်ဆိုသော ကိုသေရမယ့်
ကို ထိုင်စောင့်နေရတာ ဖြစ်နေသောကြောင့် သမီးလေ တစ်ရက်
ကုန်သွားတိုင်း စက္ကူအရောင်းစုံလေးတွေဖြင့် ကြိုးကြာကလေး
ခေါက်ပြီး ဗူးထဲမှာ ထည့်ကာ သိမ်းထားတယ်။
အမေရောက်လာပြန်ပြီ။ ဆေးထပ်သောက်ရအုံးမယ်ထင်ပါတယ်။
သမီး အရမ်း စိတ်ညစ်တာပါပဲ။ ဒါပေမယ့် ဘာတတ်နိုင်မှာလည်း
လေ။ ဆေးကတော့ သောက်ကို သောက်မှဖြစ်မယ်။
''' သမီးလေး ဆေးသောက်ရအောင်နော် '' ပြောတော့ မေမေလက်ဖဝါးပေါ်က ဆေးလုံးတွေ သမီးရဲ့ လည်အိုးထဲ ရောက်သွားတိုငိး ခါးတီးသော ဒဏ် … နာကျင်သော ဒဏ်။
တွေပါ ထိုဆေးလုံးလေးတွေနှင့်အတူတူ ရောပါသွားခဲ့တယ်။
ညဘက်အိပ်ယာဝင်တိုင်း မေမေနှင့် တူတူအိပ်တယ်။ အိပ်တိုင်း
လည်း မေမေက ပုံပြင်ပြောပြပြီး ချော့သိပ်တယ်။ သမီးမေမေ
ပြောပြသော ပုံပြင်လေးတွေကို နှစ်သက်တယ်။ အဘယ်ကြောင့်
ဆိုတော့ သမီးဘဝမှာ မဖြစ်နိုင်တာတွေ… မရရှိနိုင်တာတွေ
အရာအားလုံးကို ပုံပြင်လေးထဲက မင်းသမီးလေးကရရှိနိုင်တယ်လေ
အထူးသဖြင့် စင်ဒဲရယ်လား ပုံပြင်လေးတို့ စနိုးဝဝိုက် ပုံပြင်လေး
တွေကို နှစ်သက်တယ်။ မင်းသမီးလေးကို မင်းသားလေးရှာပုံတော်
တွေနှင့် သမီးဘဝကို နှိုင်းယှဉ်ပြီး သမီးခဏခဏ မျက်ရည်ကျဆင်း
ခဲ့မိတယ်။ သမီး စိတ်မကောင်းတွေ တအားဖြစ်ခဲ့ရတယ်။
သိုသော် မေမေရင်ခွင်လေးထဲတို့ဝှေ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်
ရတာကို သမီးသဘောကျတယ်။
မနက်မိုးလင်းတဲ့ အခါ … အန်းကယ်တို့ ဦးဦးတို့ မမတို့ အစ်ကိုတို့
သိလား… ဘုရား ရှစ်ခိုးရတယ်လို့ မာမီက မှာထားတယ်။
မာမီးကသင်ထားပေးတယ်။ ဘုရား စာဆိုပြတိုင်း ကိုလိုချင်သော
ဆုကို တစ်ခုတောင်းပါ။ ပြည့်တယ်တဲ့ ။ သမီးနေ့တိုင်းတောင်းခဲ့တယ်။ သိုသော် မပြည့်ဘူး။ အစ်ကိုတို့
အမတို့ကော ပြည်ခဖူးရဲ့လား။ သမီးဆုတောင်းက တစ်ခြား
မဟုတ်ပါဘူး ဒီကင်ဆာကြီးပျောက်ပြီး သမီးအရမ်းချစ်ရသော မာမီ
ဖြင့် တစ်သက်လုံး အတူတူနေသွားချင်တယ်လို့ တောင်းနေခဲ့တာပါ။
မေမေ သမီးဆုတောင်းကြားပြီး သွားပြီး ကြိတ်ငိုနေတာ သမီး သိတယ်။ သမီး မေမေ ငိုနေတာကိုး သွားချောင်းကြည့်နေခဲ့တယ်
လေ။ သမီးလည်း မေမေ ငိုတာကိုကြည့်ပြီး မငိုဘူးလို့ မျက်ရည်
မကျဘူးလို့ ဆုံးဖြတ်ထားပေမယ့်။ သမီး မျက်ရည်ကျလာမိတယ်။
အစ်ကိုတို့ အမတို့ရယ်။ တကယ်တမ်းတော့ မျက်ရည်ကျတာ
ရှက်စရာမဟုတ်ပါဘူး။ ငိုတာကလည်း ရှက်စရာ မဟုတ်ပါဘူး။
ပန်းကလေး အဲလိုဘဲ တွေးမြင်မိပါတယ်။ လူတစ်ယောက်က
မငိုတာထက်စာရင် ငိုပြီး မျက်ရည်ကျကာ အော်လိုက်ပြီးတိုင်း
နေလိုထိုင်လိုကောင်းသွားတာကို သမီးသိထားခဲ့ရပြီးပြီ။
အစ်ကိုတို့ အစ်မတို့ရယ် အချိန်နှင့် ကျန်မာခြင်းတွေကို အလကား
သက်သက် မဖြုန်းတီးပါနဲ့။ သမီးလို ကင်ဆာသည် လူတစ်ယောက်
သာဖြစ်ခဲ့ရင် အဲဒီအရာတွေ တကယ့်ကို တောင်းတ ခဲ့မိပါ။
သမီးကတော့ သေရတော့မယ်ထင်ပါတယ်။ မွေးကတည်းက
ကင်ဆာရောဂါသည်ကလေးဟာ သူရဲ့လမ်းဆုံး ပန်းတိုင်က
မရဏ သေမင်းတံခါးမှာပါပဲ။
ဟိုဘက်အိမ်ကကောင်ကလေးက သမီးနှင့် သက်တူရွယ်တူ။
သူကျောင်းကို သွားတိုင်းကြည့်ပြီး သမီးအရမ်းအာကျခဲ့မိတယ်။
ကျောင်းသွားချင်ခဲ့မိတယ်။ စာသင်ချင်ခဲ့မိတယ်။ သမီးအရမ်းကို
ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင် တယ်။ သိုသော် ဖြစ်ခွင့်မရပေ။
သမီးအရမ်းဝမ်းနာတာပါပဲ။
သမီးခေါင်းမှ ဆံပင်တွေစတင်ကျွတ်လာပြီ။ သမီး မှန်အရှေ့သွား
ကြည့်တာ… အို သမီးရဲ့ ခန္ဓာကိုယ်လေးဟာ အတော်လေးကို
ပိန်ပါးပြီး ချုံလှီနေပါလား။ ခေါင်းကိုကိုင်ကြည့်ပြန်တော့ လညိး
ဆံပင်တွေလက်ထဲမှာ အများကြီး ကပ်ငြိပါလာတယ်။
သမီးထင်တယ် ဒီလိုအချိန်မျိုးမှာ သမီးနေရာ၌ မမ အရွယ်…
မိန်းကလေးတွေဆိုရင် အရမ်းကိုကြောက်ပြီးငိုမိနေမှာ။
ဒါပေမယ့် သမီးတော့ မငိုဘူး။ အစ်ကို တို့ အမတို့။ သမီးလိမ်ညာ
ပြောတာ မဟုတ်ပါဘူး တကယ်ပြောတာပါ။ သမီး ဒီနေ့ကစပြီး
ခံနိုင်ရည်ရှိအောင် ကျင့်ရမယ်။
သမီးအတွကိ မေမေ ခြံထဲမှာ ဥယျာဉ်လေး တစ်ခုလုပ်ထားပေး
တယ်။ ထိုဥယျာဉ်လေးထဲမှာ ပန်းပေါင်းမျိုးစုံကို စိုက်ထားပေးတယ်။
သမီး ဒီနေ့ပန်းလေး တစ်ခုကို အသစ်စိုက်မယ်လေ။ အဲဒါတစ်ခြား
မဟုတ်ဘူး။ နှင်ဆီ အဖြူရောင်လေးပါ။ နှင်းဆီ အဖြူလေးက
ဆူးပါသော်လည်း သူဟာ ဖြူစင်ခြင်း… ရဲရင့်ခြင်းကို ကိုယ်စား
ပြုတယ်လေ။ သမီးရဲ့ ဘဝဟာလည်း နှင်းဆီဖြူလို ဖြစ်ချင်နေမိ
တယ်။ ဒီတွက် သမီးကြိုးစားတယ်။ တတ်နိုင်သလောက်
ကင်ဆာကို ခံနိုင်ရည်ရှိအောင်… အသက်ရှည်ရှည်လေးနေရအောင်
လို့ပေါ့။ မာမီကို ခွဲမသွားချင်ဘူး။ မာမီကို ခွဲသွားရမှာ ကြောက်တယ်။
သမီးကိုမေမေပြောသည်။ သမီးတို့ ဒီနေရာကနေ ထွက်သွားရမယ်
တဲ့။ ဘာလို့မေမေ လို့ပြန်မေးခဲ့တယ်။
'' မာမီ ဒီအိမ်ကို ရောင်းမလို့လား ? '''
'' မဟုတ်ပါဘူး သမီးရယ် ''
'' ဒါဆို ဘာလို့ သမီးတို့ ဒီအိမ်ကနေ ထွက်သွားရမှာလဲဟင် ''
မေမေပြန်မပြောနိုင်။ နှုတ်ဆိတ်နေသည်။ မျက်ရည်တွေကို တာဆီး
ထားသည်။ သိုသော် မေမေမျက်ဝန်းအိမ်ကို ကြည့်ပြီး သမီးသိလာ
သည်။ နားလည်လိုက်သည်။ မေမေကို ဘာမှဆက်မမေးတော့
ဘူး။ မေမေသဘော အတိုင်းပဲ။
အဲဒါနှင့်ပဲ အိမ်ကို ကော ခြံကိုကော သော့ခတ်ကာ လိုအပ်တဲ့
ပစ္စည်းတွေ ယူပြီး သမီးကိုခေါ်လာခဲ့သည်။ မေမေ သမီးကိုဘယ်
ခေါ်သွားလဲမသိ။ သိုသော်နောက်ဆုံးအဲဒီ နေရာရောက်လာတော့မှ
သမီသိလိုက်ရသည်။ အဲဒီနေရာက ကင်းဆာ ရောဂါဆောင်တဲ့။
သမီးမျက်ရည်တွေ လျှံတက်လာသည်။ ဝဲလာသည်။ မျက်ဝန်းအိမ်တွေစိုကာ နီးမြန်းနေသည်။ မေမေ ရယ် ရက်စက်
လိုက်တာ သမီးကို နောက်ဆုံး ဒီနေရာပိုတယ်တဲ့လား။ မေမေ
သမီးကို ဒီမှာ ထားသွားတော့မလို့လား။ သမီး မနေခဲ့ပါရစေနဲ့။
လိုတောင်းတောင်းပန်ပန်ပြောလ ည်း မေမေက လက်သစ်ခံမှာ
မဟုတ်ပါဘူး။ သမီးကို ထားခဲ့မှာပါ သမီး သိတယ်။
မေမေရယ် သမီးကို မရက်စက်ပါနဲ့နော် လို့ဘဲ စိတ်ထဲက
ကြိတ်ပြီးဆုတောင်းနေခဲ့မိသည်။
အထဲရောက်တော့ သမီးအထင်နဲ့ တစ်ခြားစီပါ။ အထဲမှာ သမီး
လိုကလေးတွေအများကြီး အခန်းနံပါတ်တွေဖြင့် … ကုတင်တွေနှင့်
ပေါ့။ သမီးလို ကလေးကင်ဆာသည်တွေ ဒီလောကမှာ အများကြီး
ဆိုတာ သမီးအဲဒီနေ့ကပဲ သိလိုက်ရသည် ။ သမီး အံအားသင့်သွား
ရသည်။ မှေးသက် သွားခဲ့ရသည်။
'' ဒါတွေက … ဒါတွေက ''
'' ဟုတ်တယ် မေမေ့သမီးလေး သူတို့လေးတွေက သမီးနှငိ့ဘဝ
တူလေးတွေပါ'' မေမေ့ ပြောပြချက်ကြောငိ့ သမီးလေ အရမ်းကိုထိတ်လန့်သွားခဲ့ရသည်။ သမီးနှင့် သက်တူရွယ်တူတွေ။
သမီးထက်ငယ်သော မောင်လေးတွေ ညီမလေးတွေ… ကလေး ငယ်ငယ်လေးတွေ အများကြီးပါလား … အစ်ကိုတို့ မမတို့ရယ်။
သူတို့လေးတွေကိုကြည့်ပြီး ကိုယ်ဘဝတောင် ကိုယ်ကိုမေ့သွားခဲ့ရပြီ
သူတို့ အစား ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာသော
သနားဂရုဏာ သက်မူလေးတစ်ခုကြောင့် သမီးမျက်ရည်လေးတွေ
စီးကျလာခဲ့ရသည်။
သူတို့လေးတွေလည်း ကိုယ်လိုပါပဲလား … အချိန်တိုင်း မိနစ်တိုင်း
စက္ကန့်တိုင်းမှာ သေရမယ့် အချိန်လေးတွေကို ထိုင်စောင့်နေရပါလာ
းပေါ့။ အသိစိတ်ကလေးဖြင့် ကိုယ်ဘဝနှင့်ထပ်တူညီပြီး စာနာမိသွား
ခဲ့သည်။
အဲဒီထက်ပိုးဆိုးတာလေးတွေက အစ်ကိုတို့… အမတို့ရယ် …
လူတောင်မဖြစ်သေးသော အူဝဲအူဝဲ အော်နေသော ကလေးငယ်
လေးပေါက်စလေးတွေက အစဒီရောဂါကို ခံစားနေရရှာတယ်။
သူတို့လေးတွေက ဘယ်လိုခံနိုင်ရည် ရှိပါ့မလဲ? ဘယ်လို လုပ်
ဒီ ကင်ဆာဆိုသော မကောင်းဆိုးဝါးကြီးကို ခံနိုင်ရည်စွမ်းရှိပါ့
မလဲ… ။ သမီးလေ အရမ်းကို သနားဂရုဏ သက်မိသည်။
ဘေးနားကုတင်အမှတ် ၃၁၁ က ကလေးအမေဆို သနားပါတယ်။
မနေ့ညက သူသမီး အသည်းသန်ဖြစ်လို့။ ဆရာဝန်မက ရောက်
လာပြီး လက်ကို မှင်နီလေး ပေါက်ပေးသွားတယ်။ အဲဒီ မှင်နီလေး
ကို နားမလည်လို့ ဆရာမ အားမေးခဲ့မိတယ်။
'' ဆရာမ … ဆရာမ အဲဒီမှင် အနီလေးကို ဘာလို့ ပေါက်တာလဲ
ဟင် … သမီးသိချင်လို့ သမီးကို ပြောပြပါလား ဟင် '''
ဆရာမ ဘာမှမပြော ဒီအတိုင်း ထွက်ခွာသွားခဲ့သည်။
မေမေက နောက်မှ ပြောပြသည်။
'' အဲဒါ သမီးလေး မကြာမှီသေတော့မယ် လူလို့ လာသတ်မှတ်ပေး
သွားတာ ''
'' ရှင် '' သမီးလေ မေမေ့ရဲ့ ပြောစကားလေးကြောင့် လန့်သွားသည်
ဖြစ်မှဖြစ်ရလေ … သနား ဂရုဏ အလွန်သက်ဖို့ ကောင်းလိုက်တာ။
အရမ်းကို သနားဖို့ကောင်းလိုက်တာ အစ်ကိုတို့ အမတို့ရယ်။
အမေပြောပြပြီးတဲ့နောက် တစ်ရက်မှာတော့ အလောင်းလာသိမ်း
သော ဆေးရုံဝန်းထမ်းများကို တွေ့ပြီး ထိတ်လန့်ကာ သွားကြည့်
လိုက်တော့ သမီးအားပိုပြီး တုန်လှုပ်သွားစေခဲ့တာက မနေက
မှင်အနီလေး မှတ်ခံရသော လူနာလေးပါပဲ။ သူရဲ့ မိဘများဟာ
ရင်တွေကွဲပြီး ငိုယိုနေကြသည်။ ဘေးနားဝန်ကျင် ကုတင်က
လူတွေလည်း စိတ်မကောင်းတွေဖြစ်… လူနာများဟာလည်း
ကြောက်ပြီး ငိုနေကြခဲ့သည်။ သူတို့လည်း သေရမှာလားပေါ့။
သူတို့မပြောနဲ့ ကျွန်မတောင် အရမ်းကြောက်သွားခဲ့ရသည်။
သေချင်း တရားကို မကြောက်ပါဘူးဆိုတဲ့ ဒုလားဒေ့လား ဖြတ်သန်း
မယ်ဆုံးဖြတ်ချက်ချထားသော သမီးလေ အရမ်းကို ထိတ်လန့်ပြီး
ကိုယ်နေရာကို ပြေးသွားခဲ့မိပြီး မေမေရဲ့ ရင်ခွင်လေးအား တိုးဝှေ့ပြီး
အနက်ရှိုင်းဆုံးထိ ဖက်တွယ်ထားခဲ့လိုက်မိသည်။ သမီးတရှိုက်ရှိုက်ငိုနေသည်။ သမီး မသေချင်ဘူး။ သေချင်းတရားကိုကြောက်တယ်။ သမီးအရမ်းကြောက်တယ်အမေ။
မေမေက သမီးအား ပြန်ဖက်ထားပြီး
'' မကြောက်ပါနဲ့ကွယ် မေမေတစ်ယောက်လုံး ရှိပါတယ်။
အမေ့သမီးလေးကို မသေခိုင်းပါဘူး။ မေမေ သမီးလေးကို အမေ
ကတိပေးပါတယ်။ သမီးလေး မသေစေရပါဘူး။ '''
လို့ပြောပြီး အရမ်းအငိုသန်ခဲ့သော ကြောက်နေသော သမီးအား
မေမေ့ကို ပွေ့ဖက်ထားခဲ့တယ်လေ။ သမီးတကယ့်ကို အရမ်းကြောက်တာပါ။ သေခြင်းတရားက အဲလောက်ထိ ကြောက်ဖို့ကောင်းမှန်း သမီးအစက မသိခဲ့ဘူး… အခုလို မျက်မြင်
တွေ့လိုက်ရတော့ သမီး အရမ်းကို ကြောက်တာပါပဲရှင်။
သမီး သေခြင်းတရားကို ရင်မဆိုင်ရဲတော့ဘူး။ ကြောက်တယ်။
သမီး အရမ်းကြောက်တယ်။ ကြောက်တာပဲ သိတယ်။
မေမေ တစ်ယောက် သမီးစားဖို့ အတွက် ဆန်ပြုတ်သွားဝယ်နေ
တုန်း သမီးရေချိုးခန်းထဲမှာ အန်ခဲ့တယ်။ သမီး ပါစပ်ထဲကနေ
သွေးတွေ တရဟော ဝေါ်ခနဲ ဝေါ်ခနဲ အန်ခဲ့သည်။ သွေးများဟာ
တရဟော ထွက်ကျလာခဲ့သည်။ သမီး သွေးတွေ အန်တာအများကြီး
ပဲ။ သမီး အရမ်းကြောက်နေမိသည်။ သိုသော် သမီး အန်တဲ့ အကြောင်းကို အမေ့ကို မပြောပြခဲ့ဖူး။ မေမေ သိရင် စိတ်ပူမှာ စိုးလို့
ပါ။
သမီးဆံပင်တွေကို မေမေခေါင်းဖီးပေးနေသည်။ သမီးခေါင်းမှာ
ဆံပင်တွေ ကျွတ်လွန်းအားကြီးလွန်းလို့ ဆံပင်အတော်လေးပါး
ပြီး နည်းနေခဲ့ပြီ။ သမီး အမေက ခေါင်းဖီးပေးနေရင်း မျက်ရည်တွေ
ကျနေမိသည်။ မေမေကို သမီးပြောတယ်။ အခုတလော အစားစား
ချင်စိတ်မရှိဘူးလို့။ စားတာလည်း သိပ်မဝင်သလိုပါပဲ။ အူပဲကျဉ်း
သွားတာလား … ရောဂါကြောင့်ပဲလား မသိဘူး။
သမီးတစ်ခါတစ်လေ သေချင်မိတယ်။ ဘာကြောင့်လဲဆိုတော့
သမီးသောက်ရသော ဆေးတွေ … မမြင်ချင်လည်း နေတိုင်းမြင်
နေရာသော လူသေအလောင်းတွေ… တော်ကြာ ဟိုနေရာကသေပြန်ပြီ… ဒီနေရာက သေပြန်ပြီ။ ဆေးရုံက ဝန်းထမ်း
တွေလာရောက်ပြီး လူသေတွေကို ကပ်ဖြင့် သယ်သွားကြပြန်ပြီ။
တကယ့်ကို စိတ်မချမ်းမြေ့စရာတွေဖြင့် ပြည့်နေသော ဆေးရုံ
ထဲကနေ သမီးလည်း ဘယ်မှ မသွားနိုင်။ သူတို့လိုဘဲ သေဖို့ ရက်
ကို သမီးမှာ ထိုငိစောင့်နေရသော ဘဝ ။ ဘယ်လောက်တောင်
စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ… တွေးတာ ကြည့်ပါတော့။
သမီး တို့ဆီကို ပါရဟိတ အသင်းတွေ မကြာခဏ ဆိုသလိုပင်
လာရောက်ဖြစ်ကြတယ်။ လျှူဒါန်းကြတယ်။ ပိုက်ဆံတွေပဲဖြစ်ဖြစ်
အစားသောက်လေးတွေဖြစ်ဖြစ် လာရောက်ပေးကမ်းစွန့်ကြဲကြ
သည်။ ထိုလူတွေထဲကဘဲ အနုပညာသမားတွေပါလာတတ်သည်။
အဆိုတော်တွေ… သရုပ်ဆောင်တွေပါလာခဲ့ရင် သီချင်းဆိုပြ…
ကစားကြသည်။ ဟာသ လူရွှင်တော် အစ်ကိုတွေ ပါလာခဲ့ရင်တော့
တခဏသာ ရယ်မောရသည်။ ကိုယ့်ဘဝကိုမေ့ပြီး သူတို့နှင့် ထပ်တူ
ထပ်မျှ ပျော်ရွှင်ရသည်။ သြော် တကယ့်ကို လောကကြီးမှာ စာနာ
စိတ်… ကြင်နာသော စိတ်တွေရှိကြလေသော လူတွေရဲ့ အပြုမူ
လေးတွေကို သမီး သိခွင့် မြင်ခွင့်ရခဲ့သည်။ သမီးလိုဘဲ ကင်းဆာ
ရောဂါ ဝေဒနာကို ခံစားနေကြရရှာသော မောင်လေးတွေ…
ညီမလေးတွေ … အမတွေ အစ်ကိုတွေအားလုံး တခဏသာ
အခိုက်တန့်လေးမှာ ရယ်မောခဲ့ကြသည်။ အပျော်မျက်ရည်လေး
တွေသုတ်ကာ စီးကျနေခဲ့သည်။ ဘဝမှာ ပြည့်စုံမူလေးတွေ ရှိသွား
သလားလို့ပင် ကိုယ်ကိုကိုယ် တခဏတာ ခံစားလိုက်ရသည်။
သူတို့ပြန်သွားတော့ ဒီဆေးရုံကြီးက အရင်လိုဘဲခြောက်သွေ့သွား
ပြန်သည်။ ဆေးရုံမှာ လူနာစောင့်သော လူနာရှင်တွေ… အလှည့်ကျ
လိုက်ကြည့်နေသော ဆရာဝန်တွေ… အောက်စီဂျင်တွေ လိုက်ထား
ပေးနေသော ဆေးရုံဝန်ထမ်းတွေဖြင့်သာ တည်ရှိနေကြသည်။
တစ်ချို့တွေပြောတယ်။ ဆေးရုံးမှာ သရဲခြောက်တယ်တဲ့။
သမီးတို့ ကင်ဆာကလေးတွေမှာတော့ သရဲခြောက်ဖို့နေနေသာသာ
သေခြင်းတရားကိုသာ အလေးနက် စွဲမြဲစွာ ကြောက်နေခဲ့ရသည်။
ငါမသေချင်ဘူး ဆိုလည်း သူလာခေါ်ရင် သမီးတို့ထဲက လူနာတွေ
တကောက်ကောက်လိုက်သွားရတာပါပဲ။ သမီးတို့ အဖို့မှာမူကား
နေ့မြင်ညပျောက် စကားအတိုင်းပါပဲ။ နောက်ပြီး သမီးမျက်လုံး
တွေ မမှိတ်ရဲဘူး။ မှိတ်လိုက်တာနဲ့ ဘယ်တော့မှ ပြန်မဖွင့်နိုင်တော့
ဘဲ တစ်သက်လုံး အိပ်စက်သွားရမယ့် ဘဝမျိုးကို သမီးမလိုလား
ဘူး။ ကြောက်လည်း ကြောက်တယ်။ စိုးလည်း စိုးရွံတယ်။
သမီးလေး အမှန်တိုင်းပြောရရင် အိမ်ကို ပြန်ချင်တယ်။ အိမ်က ခြံလေးထဲက ဥယျာဉ်လေးကို အရမ်းလွမ်းတာပါပဲ။ အခုချိန်ဆို
သမီးစိုက်ထားခဲ့သော နှင်းဆီဖြူလေးက ဘယ်လိုနေမယ် မသိ။
အပင်တောင်ဖြစ်နေပြီလား… အဖူးတောင်ပွင့်နေပြီလား ။
သမီး အရမ်းသိပ်သိချင်တာပါပဲ။
မေမေရောက်လာသည်။ သမီးအနားကို ရောက်လာပြီး ဆေးသောက် ရအောင်သမီးတဲ့။ သမီးလည်း ဆေးသောက်မလို့
ဟန်ပြင် သမီး ရုတ်တရကိ ချောင်းဟန့်ခြင်လို့ လက်အုပ်လိုက်ရာ
ချောင်းတွေတဟွတ်ဟွတ် ဆိုးလိုက်မိသည်။
ဘုရားရေ … သမီးလက်မှာ သွေးတွေပေကျံ့နေတယ်။
မေမေ လန့်ဖြန့်သွားသည်။
သွေးတွေ ပါလာတာကိုကြည့်ပြီး မေမေဟာ ဆရာဝန်သွားခေါ်ခဲ့
တယ်။ မကြာပါဘူး ဆရာဝန် အစ်ကိုကြီး တစ်ယောက်ရောက်လာ
ခဲ့ပြီး သမီးအား ကြွက်သား မရှိလေသော တင်းပါးစုံကို ဆေးတစ်
လုံးထိုးပေးခဲ့တယ်။ မေမေလည်း ဆရာဝန် နောက်လိုက်သွားတယ်။
ဒီတစ်ခါ မေမေ သွားတာ အရမ်းကြာတယ်။ သိုသော် မေမေ ၂
နာရီခန့်ကြာတော့ ပြန်ရောက်လာခဲ့သည်။ မေမေ ငိုထားတဲ့ပုံပဲ။
မျက်လုံးတွေ ဖောင်းကားပြီးမို့နေသည်။
'' မာမီ ဘာလို့ငိုနေတာလဲဟင် !! မာမီ''
မေမေဘာမှမပြော… ဘာမှပြန်မဖြေ ။ အတန်ငယ်ကြာတော့
ဆရာဝန်မလေးတစ်ယောက်ရောက်လာခဲ့သည်။ ထိုဆရာဝန်မလေး
ကို သမီးသိတယ်။ ထိုဆရာမက လက်တွေမှာ မှင်အနီရောင်
လိုက်ဖောက်ပေးနေတာ။
သမီးရဲ့လက်ကို ကိုင်ပြီး အနီရောင် ဖောက်မလို့ ဟန်ပြင် သမီး
ထိတ်လန့်စွာဖြင့်
'' ဆရာမ … ဆရာမ သမီးကို ဘာလုပ်မလို့လဲ? သမီကို အဲဒီ
အနီရောင် မှင်မဖောက်နဲ့လေ '' အတင်းရုန်းကန်နေသည်။
မေမေကပါ သမီးကို လာချုပ်ပေးသည်။ မရုန်းအောင်။
မျက်ရည်တွေဖြင့် '' မရုန်းပါနဲ့သမီးရယ် …မရုန်းပါနဲ့''
ပြောတော့ သမီးငြိမ်ကျသွားသည်။ ဆရာမကလည်း မှင်အနီရောင်
ဖောက်ပြီး ပြန်ထွက်သွားသည်။ သမီး အရမ်းငိုချင်တာပဲရှင်။
သမီးသေရတော့မယ်။ သမီးကို သေဖို့သတ်မှတ်လိုက်ပြီ။
သမီးကြောက်တယ် အမေ … သမီး အရမ်းကြောက်တယ် အမေ။
ပြောပြီး မေမေကိုယ်ကလေး အားတင်းကြပ်စွာ ဖက်တွယ်ထားမိ
သညိ။ ဒီနေ့က သမီးအတွက်နောက်ဆုံးနေ့။ မေမေ့နှင့်လည်း
ခွဲခွာရတော့မယ်။ သမီး မခွဲခွာချင်ဘူး။ မေမေအနားမှာပဲ ရှိချင်
တယ်။
'' မာမီ ''
'' မေမေ့သမီးလေး ပြောလေ ''
'' မာမီ ဒီနေ့ ဘယ်မှမသွားပါနဲ့နော် သမီးအနားကနေ
တဖွားမှ မခွာသွာပါနဲ့နော် သမီး… သမီး အကယ်လိုသေသွား
ခဲ့ရင်တောင် မေမေရင်ခွင်လေးထဲမှာ သေချငိလို့ပါ။ ''
'' သမီး ရယ် '' မေမေကာ တင်းသထက်တင်းအောင် ပွေ့လိုက်
သည်။ သမီးလေ ဒီနေ့နောက်ဆုံး နေ့မိုလိုလား မသိဘူး။
မေမေရဲ့ ရင်ခွင်လေးထဲမှာ တိုးဝှေ့နေရာတာ အရမ်းကို နွေးထွေး
ပြီးနေရထိုင်ရတာ သိပ်ကောင်းသားပဲ။ သမီး ဘဝမှာ ကင်ဆာတာ
မရှိခဲ့ရင် သိပ်ကောင်းမှာပဲ။ ကင်ဆာ ဝေဒနာ ရောဂါသည်တာ
မဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ။ မေမေ နှင့် မခွဲရရင် သိပ်ကောင်းမှာ
ပဲ။
'' မာမီ ''
'' အေး သမီးပြောလေ ''
'' သမီး သေသွားခဲ့ရင် မာမီကိုနောက်ဘဝမှာ ပြန်တွေ့မယ်နော်
မာမီ နောက်တစ်ဘဝကျရင် သက်ဆုံးတိုင် အတူတူနေပြီ။
ဘယ်တော့မှ မခွဲကြ မခွာကြဘူးနော်''
'' သမီး ရယ် … မေမေ ကိုခွင့်လွှတ်ပါကွယ် ''
'' မေမေ သမီးမသေခင် မေမေ့ ကိုယ်တိုင် ပြုတ်ကျွေးသော
ဆန်ပြုတ်လေးကို စားချင်လိုက်တာ ''
'' အေး… အေး အမေ အခုပဲ သွားပြုတ်လိုက်မယ်နော် ''
'' ဟုတ်ကဲ့ အမေ '' လို့ပြောလိုက်သည်။
အမေ အခန်းထဲကနေ ထွက်ခွာသွားသည်။ သမီးသိတယ်။
သမီး အခုသေတော့မယ်လေ။ သမီးသေဖို့ အချိန်ရောက်နေပြီ
ဆိုတာ သမီးသိနေတယ်။ ဒါကြောင့် မေမေ့ကို သမီး ပ ထုတ်လိုက်
တာပါ။ သမီး သေတာကိုကြည့်ပြီး မေမေ့အား မခံစားရစေချင်လို့ပါ။
သမီး နှလုံးတွေ ခုန်တာနှေးလာပြီ။အရမ်းကို နာကျင်သော ဝေဒနာ
ကို ခံစားရင် အသက်တောင်ရှူလို့မဝတော့ဘူး။ သမီး သွားရတော့
မယ်။ နောက်ဆုံး အနေဖြင့် မေမေကို မှာချင်ခဲ့တာကလေ။
သမီးလေ စိုက်ခဲ့သော နှင်းဆီဖြူလေးကို ဂရုစိုက်ပေးပါ။
နောက်ပြီး မေမေ့ရဲ့ မျှော်လင့်ချက် မဲ့နေသော ပန်းကလေး
မေမေ့ကို နှုတ်ဆက်ခဲ့ပါတယ် ပြောကြားရင်း ကျွန်မရဲ့ အမြင်လွှာတွေ မှိတ်လိုက်ပြီး လက်နှစ်ဖက် ကျသွားခဲ့ရပါလေတော့
သည်။
ကိုယ်တိုင်ရေးသားဖန်တီးသည်။
Sti Moe Moe Lin
ခေါ်တယ်။ သမီးက မွေးရာပါ ကင်ဆာ သမားတစ်ယောက်ပါ။
သမီး တွက်မျှော်လင့်ချက်မရှိဘူး။
မရှိဘူး။ သမီး အမြဲတမ်းလိုလို ငေးငေးမှိုင်မှိုင် နေမိတတ်တယ်။
သမီး ကျောင်းလည်း မတတ်ရဘူးလေ ။
ကင်ဆာသမားတစ်ယောက်ဆိုသော အသိက ငယ်ငယ်ရွယ်ရွယ်ဖြင့်
သမီးဆီမှာ ရှိနေခဲ့တယ်။ မိုးတွေ တဖွဲဖွဲ ရွာနေတယ် … သမီး
လေ အဝေးကြီးကို ငေးကြည့်နေမိတယ်။ သမီး စိတ်ထဲမှာ ဘာမှ
မရှိဘူး။ အချိန်တိုင်း အားငယ်လိုက် … အချိန်တိုင်းမှာ အားကိုးရာ
မဲ့နေသလိုလို မျိုးခံစားရသည်။ ဦးလေးတို့ အန်တီးတို့ ချမ်းနေလား
ရှင့် ! … သမီး အနွေးထည်ပေးချင်ပါတယ်။ ဖြစ်နိုင်ရင် သမီး
ရဲ့ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ပေးချင်ပါတယ်။ အဘယ်
ကြောင့်ဆိုသော် သမီးဟာ ဘယ်အချိန်မှန်း မသိ… ဘယ်ကာလမှန်း
မှာလည်း မသိ ။ သေရမယ့် အချိန်ကို ထိုငိစောင့်နေရသော လူပါ။
သမီးအတွက်ကား ငွေကြေး ဓန ဥစ္စာတွေ မလိုပါဘူး။ ကျန်မာခြင်း
နှင့် သာမန်ကလေးတွေလိုပဲ နေချင်တာပါ။
မိခင်က ဆေးကို ယူလာပြီး သမီးလေးဖြစ်သူ ပန်းဖူး လေးအနားသို့
ရောက်လာခဲ့သည်။ သမီးကလေး က ပြတင်းပေါက်အနားမှာ ထိုင်နေတာပါ။
အနားရောက်လာတော့ ''' သမီးလေး ဆေးသောက်ရအောင် '''လို့
မေမေက ပြောသည်။ မေမေလက်ထဲမှာ ဖြန့်ထားသော ဆေးတွေ
ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သမီး စိတ်ညစ်လိုက်တာ
အန်ကယ်တို့ ဦးဦး မမတို့ အစ်ကိုတို့ရယ် ။ ဆေးတွေက အများကြီး
ပဲ။ အနည်းဆုံး ၁၀ လုံးထက်တော့ရှိသည်။ ဒီဆေးတွေကို နေ့တိုင်း
သောက်နေရတာ သမီးစိတ်ပျက်လှပြီ။
မာမီမျက်နှာကို ကြည့်ပြီး '' မာမီ သမီး ဆေးမသောက်လို့ ရဘူးလား? ''
'' ဘယ်ရပါ့မလဲ သမီးရယ် သောက်လိုက်ပါ… ဒီဆေးတွေ သောက်
မှသမီး ကျန်မာမှာလေ… သမီး အသက်ရှင်နိုင်မှာပေါ့။ ''
''' ဒါဆိုရင် သမီး အသက်ရှည်အောင် ဒီလိုဆေးတွေ အများကြီးကို
တစ်ခါတည်း သောက်ပြီး အသက်ရှင်လိုက်မယ်လေ … သမီးကို
တိုက်ပါလား အမေ ''
ထိုစကားကြားတော့ အမေဖြစ်သူ ပန်းနုသွေးက ဘာမှပြန်အန်မလာ
နိုင် မျက်ရည်တွေ စီးချောင်း သွားခဲ့သည်။ အံကိုကိုက်၍ လျှာကိုပစ်
ကာ ငိုချင်နေသော စိတ်တွေထိန်းပြီး အသံဝဲဝဲဖြင့်
'' အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲ? သမီးရယ် ''
စိတ်ထဲမှာတော့ အဲလိုသောက်လိုက်ရင်မေမေ့သမီ
မာမီးလည်း မပြောတတ်တော့ဘူး။ မာမီ သမီးလေးကို စိတ်မကောငိးဖြစ်မိတာပဲ သိတယ်။
အမေကို သမီးဘာမှမမေး … မပြောတော့ပါဘူး ။ ဆေးလေး ၄လုံး
တစ်ခေါက် … နောက်ထပ် လေးလုံး တစ်ခေါက် … နောက်ဆုံး
၅ လုံး ယူပြီး ရေဖြင့် သောက်ချလိုက်သည်။
''' မေမေ သမီးလေးက လိမ္မာတယ်နော် '' ပြောပြီး လက်ဖဝါးဖြင့်
ပါစပ်လေးကို မိုးကာ ထွက်ခွာသွားသည်။ သမီးကတော့ သိသည်။
မေမေ ငိုတော့မယ်လေ။ မေမေက အမြဲငိုနေကျ။ သမီးလည်း
အရင်တုန်းက အမြဲငိုခဲ့ပါသည်။ သိုသော် အခုတော့ မငိုတော့ဘူး
လေ။ ငိုလည်း ဘာမှ ထူးမှမဟုတ်တာ။ သမီး ထွက်ခွာသွားရမှာက
ထွက်ခွာသွားရမှာပါပဲ။
သမီးစိတ်တွေ အချိန်တိုင်းလေးလံနေတယ်။ အချိန်တိုင်း မိနစ်တိုင်း
စက္ကန့်တိုငိးမှာ ငါဟာ ကင်ဆာရောဂါသည်ကလေး အချိန်မရွေး
မှာသေဆုံးနိုင်တယ်။ ငါ့ဘဝဟာ သူများလိုမဟုတ်ဘူး။
ဆိုသော အသိက သမီးရဲ့ နဖူးမှာတင်မက တစ်ကိုယ်လုံးမှာ စာကပ်
ထားသလိုပါပဲ အန်းကယ်လေးတို့ ဦးဦးတို့ မမတို့ ကိုကိုတို့ရယ်။
ကောင်ကင်းပေါ်မှာ နေဟာ ပြန်ဝင်သွားပြန်သည်။ လမင်းကြီးက
အနောက်ကနေ ထွက်ပေါ်လာပြီး ညဆိုသော အချိန်ကာလကြီးကို
ရောက်ရှိလာပြီ။ သမီးအတွက် ဘာလိုလို ညာလိုလို နှင့် တစ်ရက်က
ကုန်ဆုံးသွားပြန်ပါပြီ။ သမီး အတွက် အချိန်က အရမ်းတန်ဖို့ ရှိတယ်
အစ်ကိုတို့ အမတို့ ။ သမီးက ကင်ဆာသည်ဆိုသော ကိုသေရမယ့်
ကို ထိုင်စောင့်နေရတာ ဖြစ်နေသောကြောင့် သမီးလေ တစ်ရက်
ကုန်သွားတိုင်း စက္ကူအရောင်းစုံလေးတွေဖြင့် ကြိုးကြာကလေး
ခေါက်ပြီး ဗူးထဲမှာ ထည့်ကာ သိမ်းထားတယ်။
အမေရောက်လာပြန်ပြီ။ ဆေးထပ်သောက်ရအုံးမယ်ထင်ပါတယ
သမီး အရမ်း စိတ်ညစ်တာပါပဲ။ ဒါပေမယ့် ဘာတတ်နိုင်မှာလည်း
လေ။ ဆေးကတော့ သောက်ကို သောက်မှဖြစ်မယ်။
''' သမီးလေး ဆေးသောက်ရအောင်နော် '' ပြောတော့ မေမေလက်ဖဝါးပေါ်က ဆေးလုံးတွေ သမီးရဲ့ လည်အိုးထဲ ရောက်သွားတိုငိး ခါးတီးသော ဒဏ် … နာကျင်သော ဒဏ်။
တွေပါ ထိုဆေးလုံးလေးတွေနှင့်အတူတူ
ညဘက်အိပ်ယာဝင်တိုင်း မေမေနှင့် တူတူအိပ်တယ်။ အိပ်တိုင်း
လည်း မေမေက ပုံပြင်ပြောပြပြီး ချော့သိပ်တယ်။ သမီးမေမေ
ပြောပြသော ပုံပြင်လေးတွေကို နှစ်သက်တယ်။ အဘယ်ကြောင့်
ဆိုတော့ သမီးဘဝမှာ မဖြစ်နိုင်တာတွေ… မရရှိနိုင်တာတွေ
အရာအားလုံးကို ပုံပြင်လေးထဲက မင်းသမီးလေးကရရှိနိုင်တယ်လေ
အထူးသဖြင့် စင်ဒဲရယ်လား ပုံပြင်လေးတို့ စနိုးဝဝိုက် ပုံပြင်လေး
တွေကို နှစ်သက်တယ်။ မင်းသမီးလေးကို မင်းသားလေးရှာပုံတော်
တွေနှင့် သမီးဘဝကို နှိုင်းယှဉ်ပြီး သမီးခဏခဏ မျက်ရည်ကျဆင်း
ခဲ့မိတယ်။ သမီး စိတ်မကောင်းတွေ တအားဖြစ်ခဲ့ရတယ်။
သိုသော် မေမေရင်ခွင်လေးထဲတို့ဝှေ့ပြ
ရတာကို သမီးသဘောကျတယ်။
မနက်မိုးလင်းတဲ့ အခါ … အန်းကယ်တို့ ဦးဦးတို့ မမတို့ အစ်ကိုတို့
သိလား… ဘုရား ရှစ်ခိုးရတယ်လို့ မာမီက မှာထားတယ်။
မာမီးကသင်ထားပေးတယ်။ ဘုရား စာဆိုပြတိုင်း ကိုလိုချင်သော
ဆုကို တစ်ခုတောင်းပါ။ ပြည့်တယ်တဲ့ ။ သမီးနေ့တိုင်းတောင်းခဲ့တယ်။
အမတို့ကော ပြည်ခဖူးရဲ့လား။ သမီးဆုတောင်းက တစ်ခြား
မဟုတ်ပါဘူး ဒီကင်ဆာကြီးပျောက်ပြီး သမီးအရမ်းချစ်ရသော မာမီ
ဖြင့် တစ်သက်လုံး အတူတူနေသွားချင်တယ်လို့ တောင်းနေခဲ့တာပါ။
မေမေ သမီးဆုတောင်းကြားပြီး သွားပြီး ကြိတ်ငိုနေတာ သမီး သိတယ်။ သမီး မေမေ ငိုနေတာကိုး သွားချောင်းကြည့်နေခဲ့တယ်
လေ။ သမီးလည်း မေမေ ငိုတာကိုကြည့်ပြီး မငိုဘူးလို့ မျက်ရည်
မကျဘူးလို့ ဆုံးဖြတ်ထားပေမယ့်။ သမီး မျက်ရည်ကျလာမိတယ်။
အစ်ကိုတို့ အမတို့ရယ်။ တကယ်တမ်းတော့ မျက်ရည်ကျတာ
ရှက်စရာမဟုတ်ပါဘူး။ ငိုတာကလည်း ရှက်စရာ မဟုတ်ပါဘူး။
ပန်းကလေး အဲလိုဘဲ တွေးမြင်မိပါတယ်။ လူတစ်ယောက်က
မငိုတာထက်စာရင် ငိုပြီး မျက်ရည်ကျကာ အော်လိုက်ပြီးတိုင်း
နေလိုထိုင်လိုကောင်းသွားတာက
အစ်ကိုတို့ အစ်မတို့ရယ် အချိန်နှင့် ကျန်မာခြင်းတွေကို အလကား
သက်သက် မဖြုန်းတီးပါနဲ့။ သမီးလို ကင်ဆာသည် လူတစ်ယောက်
သာဖြစ်ခဲ့ရင် အဲဒီအရာတွေ တကယ့်ကို တောင်းတ ခဲ့မိပါ။
သမီးကတော့ သေရတော့မယ်ထင်ပါတယ်။ မွေးကတည်းက
ကင်ဆာရောဂါသည်ကလေးဟာ သူရဲ့လမ်းဆုံး ပန်းတိုင်က
မရဏ သေမင်းတံခါးမှာပါပဲ။
ဟိုဘက်အိမ်ကကောင်ကလေးက သမီးနှင့် သက်တူရွယ်တူ။
သူကျောင်းကို သွားတိုင်းကြည့်ပြီး သမီးအရမ်းအာကျခဲ့မိတယ်။
ကျောင်းသွားချင်ခဲ့မိတယ်။ စာသင်ချင်ခဲ့မိတယ်။ သမီးအရမ်းကို
ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်
သမီးအရမ်းဝမ်းနာတာပါပဲ။
သမီးခေါင်းမှ ဆံပင်တွေစတင်ကျွတ်လာပြီ။ သမီး မှန်အရှေ့သွား
ကြည့်တာ… အို သမီးရဲ့ ခန္ဓာကိုယ်လေးဟာ အတော်လေးကို
ပိန်ပါးပြီး ချုံလှီနေပါလား။ ခေါင်းကိုကိုင်ကြည့်ပြန်တော
ဆံပင်တွေလက်ထဲမှာ အများကြီး ကပ်ငြိပါလာတယ်။
သမီးထင်တယ် ဒီလိုအချိန်မျိုးမှာ သမီးနေရာ၌ မမ အရွယ်…
မိန်းကလေးတွေဆိုရင် အရမ်းကိုကြောက်ပြီးငိုမိနေမ
ဒါပေမယ့် သမီးတော့ မငိုဘူး။ အစ်ကို တို့ အမတို့။ သမီးလိမ်ညာ
ပြောတာ မဟုတ်ပါဘူး တကယ်ပြောတာပါ။ သမီး ဒီနေ့ကစပြီး
ခံနိုင်ရည်ရှိအောင် ကျင့်ရမယ်။
သမီးအတွကိ မေမေ ခြံထဲမှာ ဥယျာဉ်လေး တစ်ခုလုပ်ထားပေး
တယ်။ ထိုဥယျာဉ်လေးထဲမှာ ပန်းပေါင်းမျိုးစုံကို စိုက်ထားပေးတယ်။
သမီး ဒီနေ့ပန်းလေး တစ်ခုကို အသစ်စိုက်မယ်လေ။ အဲဒါတစ်ခြား
မဟုတ်ဘူး။ နှင်ဆီ အဖြူရောင်လေးပါ။ နှင်းဆီ အဖြူလေးက
ဆူးပါသော်လည်း သူဟာ ဖြူစင်ခြင်း… ရဲရင့်ခြင်းကို ကိုယ်စား
ပြုတယ်လေ။ သမီးရဲ့ ဘဝဟာလည်း နှင်းဆီဖြူလို ဖြစ်ချင်နေမိ
တယ်။ ဒီတွက် သမီးကြိုးစားတယ်။ တတ်နိုင်သလောက်
ကင်ဆာကို ခံနိုင်ရည်ရှိအောင်… အသက်ရှည်ရှည်လေးနေရအောင်
လို့ပေါ့။ မာမီကို ခွဲမသွားချင်ဘူး။ မာမီကို ခွဲသွားရမှာ ကြောက်တယ်။
သမီးကိုမေမေပြောသည်။ သမီးတို့ ဒီနေရာကနေ ထွက်သွားရမယ်
တဲ့။ ဘာလို့မေမေ လို့ပြန်မေးခဲ့တယ်။
'' မာမီ ဒီအိမ်ကို ရောင်းမလို့လား ? '''
'' မဟုတ်ပါဘူး သမီးရယ် ''
'' ဒါဆို ဘာလို့ သမီးတို့ ဒီအိမ်ကနေ ထွက်သွားရမှာလဲဟင် ''
မေမေပြန်မပြောနိုင်။ နှုတ်ဆိတ်နေသည်။ မျက်ရည်တွေကို တာဆီး
ထားသည်။ သိုသော် မေမေမျက်ဝန်းအိမ်ကို ကြည့်ပြီး သမီးသိလာ
သည်။ နားလည်လိုက်သည်။ မေမေကို ဘာမှဆက်မမေးတော့
ဘူး။ မေမေသဘော အတိုင်းပဲ။
အဲဒါနှင့်ပဲ အိမ်ကို ကော ခြံကိုကော သော့ခတ်ကာ လိုအပ်တဲ့
ပစ္စည်းတွေ ယူပြီး သမီးကိုခေါ်လာခဲ့သည်။ မေမေ သမီးကိုဘယ်
ခေါ်သွားလဲမသိ။ သိုသော်နောက်ဆုံးအဲဒီ နေရာရောက်လာတော့မှ
သမီသိလိုက်ရသည်။ အဲဒီနေရာက ကင်းဆာ ရောဂါဆောင်တဲ့။
သမီးမျက်ရည်တွေ လျှံတက်လာသည်။ ဝဲလာသည်။ မျက်ဝန်းအိမ်တွေစိုကာ နီးမြန်းနေသည်။ မေမေ ရယ် ရက်စက်
လိုက်တာ သမီးကို နောက်ဆုံး ဒီနေရာပိုတယ်တဲ့လား။ မေမေ
သမီးကို ဒီမှာ ထားသွားတော့မလို့လား။ သမီး မနေခဲ့ပါရစေနဲ့။
လိုတောင်းတောင်းပန်ပန်ပြောလ
မဟုတ်ပါဘူး။ သမီးကို ထားခဲ့မှာပါ သမီး သိတယ်။
မေမေရယ် သမီးကို မရက်စက်ပါနဲ့နော် လို့ဘဲ စိတ်ထဲက
ကြိတ်ပြီးဆုတောင်းနေခဲ့မိသည
အထဲရောက်တော့ သမီးအထင်နဲ့ တစ်ခြားစီပါ။ အထဲမှာ သမီး
လိုကလေးတွေအများကြီး အခန်းနံပါတ်တွေဖြင့် … ကုတင်တွေနှင့်
ပေါ့။ သမီးလို ကလေးကင်ဆာသည်တွေ ဒီလောကမှာ အများကြီး
ဆိုတာ သမီးအဲဒီနေ့ကပဲ သိလိုက်ရသည် ။ သမီး အံအားသင့်သွား
ရသည်။ မှေးသက် သွားခဲ့ရသည်။
'' ဒါတွေက … ဒါတွေက ''
'' ဟုတ်တယ် မေမေ့သမီးလေး သူတို့လေးတွေက သမီးနှငိ့ဘဝ
တူလေးတွေပါ'' မေမေ့ ပြောပြချက်ကြောငိ့ သမီးလေ အရမ်းကိုထိတ်လန့်သွားခဲ့ရသည
သမီးထက်ငယ်သော မောင်လေးတွေ ညီမလေးတွေ… ကလေး ငယ်ငယ်လေးတွေ အများကြီးပါလား … အစ်ကိုတို့ မမတို့ရယ်။
သူတို့လေးတွေကိုကြည့်ပြီး ကိုယ်ဘဝတောင် ကိုယ်ကိုမေ့သွားခဲ့ရပြီ
သူတို့ အစား ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာသော
သနားဂရုဏာ သက်မူလေးတစ်ခုကြောင့် သမီးမျက်ရည်လေးတွေ
စီးကျလာခဲ့ရသည်။
သူတို့လေးတွေလည်း ကိုယ်လိုပါပဲလား … အချိန်တိုင်း မိနစ်တိုင်း
စက္ကန့်တိုင်းမှာ သေရမယ့် အချိန်လေးတွေကို ထိုင်စောင့်နေရပါလာ
းပေါ့။ အသိစိတ်ကလေးဖြင့် ကိုယ်ဘဝနှင့်ထပ်တူညီပြီး စာနာမိသွား
ခဲ့သည်။
အဲဒီထက်ပိုးဆိုးတာလေးတွေက အစ်ကိုတို့… အမတို့ရယ် …
လူတောင်မဖြစ်သေးသော အူဝဲအူဝဲ အော်နေသော ကလေးငယ်
လေးပေါက်စလေးတွေက အစဒီရောဂါကို ခံစားနေရရှာတယ်။
သူတို့လေးတွေက ဘယ်လိုခံနိုင်ရည် ရှိပါ့မလဲ? ဘယ်လို လုပ်
ဒီ ကင်ဆာဆိုသော မကောင်းဆိုးဝါးကြီးကို ခံနိုင်ရည်စွမ်းရှိပါ့
မလဲ… ။ သမီးလေ အရမ်းကို သနားဂရုဏ သက်မိသည်။
ဘေးနားကုတင်အမှတ် ၃၁၁ က ကလေးအမေဆို သနားပါတယ်။
မနေ့ညက သူသမီး အသည်းသန်ဖြစ်လို့။ ဆရာဝန်မက ရောက်
လာပြီး လက်ကို မှင်နီလေး ပေါက်ပေးသွားတယ်။ အဲဒီ မှင်နီလေး
ကို နားမလည်လို့ ဆရာမ အားမေးခဲ့မိတယ်။
'' ဆရာမ … ဆရာမ အဲဒီမှင် အနီလေးကို ဘာလို့ ပေါက်တာလဲ
ဟင် … သမီးသိချင်လို့ သမီးကို ပြောပြပါလား ဟင် '''
ဆရာမ ဘာမှမပြော ဒီအတိုင်း ထွက်ခွာသွားခဲ့သည်။
မေမေက နောက်မှ ပြောပြသည်။
'' အဲဒါ သမီးလေး မကြာမှီသေတော့မယ် လူလို့ လာသတ်မှတ်ပေး
သွားတာ ''
'' ရှင် '' သမီးလေ မေမေ့ရဲ့ ပြောစကားလေးကြောင့် လန့်သွားသည်
ဖြစ်မှဖြစ်ရလေ … သနား ဂရုဏ အလွန်သက်ဖို့ ကောင်းလိုက်တာ။
အရမ်းကို သနားဖို့ကောင်းလိုက်တာ အစ်ကိုတို့ အမတို့ရယ်။
အမေပြောပြပြီးတဲ့နောက် တစ်ရက်မှာတော့ အလောင်းလာသိမ်း
သော ဆေးရုံဝန်းထမ်းများကို တွေ့ပြီး ထိတ်လန့်ကာ သွားကြည့်
လိုက်တော့ သမီးအားပိုပြီး တုန်လှုပ်သွားစေခဲ့တာက မနေက
မှင်အနီလေး မှတ်ခံရသော လူနာလေးပါပဲ။ သူရဲ့ မိဘများဟာ
ရင်တွေကွဲပြီး ငိုယိုနေကြသည်။ ဘေးနားဝန်ကျင် ကုတင်က
လူတွေလည်း စိတ်မကောင်းတွေဖြစ်… လူနာများဟာလည်း
ကြောက်ပြီး ငိုနေကြခဲ့သည်။ သူတို့လည်း သေရမှာလားပေါ့။
သူတို့မပြောနဲ့ ကျွန်မတောင် အရမ်းကြောက်သွားခဲ့ရသည်။
သေချင်း တရားကို မကြောက်ပါဘူးဆိုတဲ့ ဒုလားဒေ့လား ဖြတ်သန်း
မယ်ဆုံးဖြတ်ချက်ချထားသော သမီးလေ အရမ်းကို ထိတ်လန့်ပြီး
ကိုယ်နေရာကို ပြေးသွားခဲ့မိပြီး မေမေရဲ့ ရင်ခွင်လေးအား တိုးဝှေ့ပြီး
အနက်ရှိုင်းဆုံးထိ ဖက်တွယ်ထားခဲ့လိုက်မိသည်။ သမီးတရှိုက်ရှိုက်ငိုနေသည်။
မေမေက သမီးအား ပြန်ဖက်ထားပြီး
'' မကြောက်ပါနဲ့ကွယ် မေမေတစ်ယောက်လုံး ရှိပါတယ်။
အမေ့သမီးလေးကို မသေခိုင်းပါဘူး။ မေမေ သမီးလေးကို အမေ
ကတိပေးပါတယ်။ သမီးလေး မသေစေရပါဘူး။ '''
လို့ပြောပြီး အရမ်းအငိုသန်ခဲ့သော ကြောက်နေသော သမီးအား
မေမေ့ကို ပွေ့ဖက်ထားခဲ့တယ်လေ။ သမီးတကယ့်ကို အရမ်းကြောက်တာပါ။ သေခြင်းတရားက အဲလောက်ထိ ကြောက်ဖို့ကောင်းမှန်း သမီးအစက မသိခဲ့ဘူး… အခုလို မျက်မြင်
တွေ့လိုက်ရတော့ သမီး အရမ်းကို ကြောက်တာပါပဲရှင်။
သမီး သေခြင်းတရားကို ရင်မဆိုင်ရဲတော့ဘူး။ ကြောက်တယ်။
သမီး အရမ်းကြောက်တယ်။ ကြောက်တာပဲ သိတယ်။
မေမေ တစ်ယောက် သမီးစားဖို့ အတွက် ဆန်ပြုတ်သွားဝယ်နေ
တုန်း သမီးရေချိုးခန်းထဲမှာ အန်ခဲ့တယ်။ သမီး ပါစပ်ထဲကနေ
သွေးတွေ တရဟော ဝေါ်ခနဲ ဝေါ်ခနဲ အန်ခဲ့သည်။ သွေးများဟာ
တရဟော ထွက်ကျလာခဲ့သည်။ သမီး သွေးတွေ အန်တာအများကြီး
ပဲ။ သမီး အရမ်းကြောက်နေမိသည်။ သိုသော် သမီး အန်တဲ့ အကြောင်းကို အမေ့ကို မပြောပြခဲ့ဖူး။ မေမေ သိရင် စိတ်ပူမှာ စိုးလို့
ပါ။
သမီးဆံပင်တွေကို မေမေခေါင်းဖီးပေးနေသည်။ သမီးခေါင်းမှာ
ဆံပင်တွေ ကျွတ်လွန်းအားကြီးလွန်းလို့
ပြီး နည်းနေခဲ့ပြီ။ သမီး အမေက ခေါင်းဖီးပေးနေရင်း မျက်ရည်တွေ
ကျနေမိသည်။ မေမေကို သမီးပြောတယ်။ အခုတလော အစားစား
ချင်စိတ်မရှိဘူးလို့။ စားတာလည်း သိပ်မဝင်သလိုပါပဲ။ အူပဲကျဉ်း
သွားတာလား … ရောဂါကြောင့်ပဲလား မသိဘူး။
သမီးတစ်ခါတစ်လေ သေချင်မိတယ်။ ဘာကြောင့်လဲဆိုတော့
သမီးသောက်ရသော ဆေးတွေ … မမြင်ချင်လည်း နေတိုင်းမြင်
နေရာသော လူသေအလောင်းတွေ… တော်ကြာ ဟိုနေရာကသေပြန်ပြီ… ဒီနေရာက သေပြန်ပြီ။ ဆေးရုံက ဝန်းထမ်း
တွေလာရောက်ပြီး လူသေတွေကို ကပ်ဖြင့် သယ်သွားကြပြန်ပြီ။
တကယ့်ကို စိတ်မချမ်းမြေ့စရာတွေဖြင့် ပြည့်နေသော ဆေးရုံ
ထဲကနေ သမီးလည်း ဘယ်မှ မသွားနိုင်။ သူတို့လိုဘဲ သေဖို့ ရက်
ကို သမီးမှာ ထိုငိစောင့်နေရသော ဘဝ ။ ဘယ်လောက်တောင်
စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ… တွေးတာ ကြည့်ပါတော့။
သမီး တို့ဆီကို ပါရဟိတ အသင်းတွေ မကြာခဏ ဆိုသလိုပင်
လာရောက်ဖြစ်ကြတယ်။ လျှူဒါန်းကြတယ်။ ပိုက်ဆံတွေပဲဖြစ်ဖြစ်
အစားသောက်လေးတွေဖြစ်ဖြစ် လာရောက်ပေးကမ်းစွန့်ကြဲကြ
သည်။ ထိုလူတွေထဲကဘဲ အနုပညာသမားတွေပါလာတတ်သည်။
အဆိုတော်တွေ… သရုပ်ဆောင်တွေပါလာခဲ့ရင် သီချင်းဆိုပြ…
ကစားကြသည်။ ဟာသ လူရွှင်တော် အစ်ကိုတွေ ပါလာခဲ့ရင်တော့
တခဏသာ ရယ်မောရသည်။ ကိုယ့်ဘဝကိုမေ့ပြီး သူတို့နှင့် ထပ်တူ
ထပ်မျှ ပျော်ရွှင်ရသည်။ သြော် တကယ့်ကို လောကကြီးမှာ စာနာ
စိတ်… ကြင်နာသော စိတ်တွေရှိကြလေသော လူတွေရဲ့ အပြုမူ
လေးတွေကို သမီး သိခွင့် မြင်ခွင့်ရခဲ့သည်။ သမီးလိုဘဲ ကင်းဆာ
ရောဂါ ဝေဒနာကို ခံစားနေကြရရှာသော မောင်လေးတွေ…
ညီမလေးတွေ … အမတွေ အစ်ကိုတွေအားလုံး တခဏသာ
အခိုက်တန့်လေးမှာ ရယ်မောခဲ့ကြသည်။ အပျော်မျက်ရည်လေး
တွေသုတ်ကာ စီးကျနေခဲ့သည်။ ဘဝမှာ ပြည့်စုံမူလေးတွေ ရှိသွား
သလားလို့ပင် ကိုယ်ကိုကိုယ် တခဏတာ ခံစားလိုက်ရသည်။
သူတို့ပြန်သွားတော့ ဒီဆေးရုံကြီးက အရင်လိုဘဲခြောက်သွေ့သွား
ပြန်သည်။ ဆေးရုံမှာ လူနာစောင့်သော လူနာရှင်တွေ… အလှည့်ကျ
လိုက်ကြည့်နေသော ဆရာဝန်တွေ… အောက်စီဂျင်တွေ လိုက်ထား
ပေးနေသော ဆေးရုံဝန်ထမ်းတွေဖြင့်သာ တည်ရှိနေကြသည်။
တစ်ချို့တွေပြောတယ်။ ဆေးရုံးမှာ သရဲခြောက်တယ်တဲ့။
သမီးတို့ ကင်ဆာကလေးတွေမှာတော့ သရဲခြောက်ဖို့နေနေသာသာ
သေခြင်းတရားကိုသာ အလေးနက် စွဲမြဲစွာ ကြောက်နေခဲ့ရသည်။
ငါမသေချင်ဘူး ဆိုလည်း သူလာခေါ်ရင် သမီးတို့ထဲက လူနာတွေ
တကောက်ကောက်လိုက်သွားရတာပါပ
နေ့မြင်ညပျောက် စကားအတိုင်းပါပဲ။ နောက်ပြီး သမီးမျက်လုံး
တွေ မမှိတ်ရဲဘူး။ မှိတ်လိုက်တာနဲ့ ဘယ်တော့မှ ပြန်မဖွင့်နိုင်တော့
ဘဲ တစ်သက်လုံး အိပ်စက်သွားရမယ့် ဘဝမျိုးကို သမီးမလိုလား
ဘူး။ ကြောက်လည်း ကြောက်တယ်။ စိုးလည်း စိုးရွံတယ်။
သမီးလေး အမှန်တိုင်းပြောရရင် အိမ်ကို ပြန်ချင်တယ်။ အိမ်က ခြံလေးထဲက ဥယျာဉ်လေးကို အရမ်းလွမ်းတာပါပဲ။ အခုချိန်ဆို
သမီးစိုက်ထားခဲ့သော နှင်းဆီဖြူလေးက ဘယ်လိုနေမယ် မသိ။
အပင်တောင်ဖြစ်နေပြီလား… အဖူးတောင်ပွင့်နေပြီလား ။
သမီး အရမ်းသိပ်သိချင်တာပါပဲ။
မေမေရောက်လာသည်။ သမီးအနားကို ရောက်လာပြီး ဆေးသောက် ရအောင်သမီးတဲ့။ သမီးလည်း ဆေးသောက်မလို့
ဟန်ပြင် သမီး ရုတ်တရကိ ချောင်းဟန့်ခြင်လို့ လက်အုပ်လိုက်ရာ
ချောင်းတွေတဟွတ်ဟွတ် ဆိုးလိုက်မိသည်။
ဘုရားရေ … သမီးလက်မှာ သွေးတွေပေကျံ့နေတယ်။
မေမေ လန့်ဖြန့်သွားသည်။
သွေးတွေ ပါလာတာကိုကြည့်ပြီး မေမေဟာ ဆရာဝန်သွားခေါ်ခဲ့
တယ်။ မကြာပါဘူး ဆရာဝန် အစ်ကိုကြီး တစ်ယောက်ရောက်လာ
ခဲ့ပြီး သမီးအား ကြွက်သား မရှိလေသော တင်းပါးစုံကို ဆေးတစ်
လုံးထိုးပေးခဲ့တယ်။ မေမေလည်း ဆရာဝန် နောက်လိုက်သွားတယ်။
ဒီတစ်ခါ မေမေ သွားတာ အရမ်းကြာတယ်။ သိုသော် မေမေ ၂
နာရီခန့်ကြာတော့ ပြန်ရောက်လာခဲ့သည်။ မေမေ ငိုထားတဲ့ပုံပဲ။
မျက်လုံးတွေ ဖောင်းကားပြီးမို့နေသည်။
'' မာမီ ဘာလို့ငိုနေတာလဲဟင် !! မာမီ''
မေမေဘာမှမပြော… ဘာမှပြန်မဖြေ ။ အတန်ငယ်ကြာတော့
ဆရာဝန်မလေးတစ်ယောက်ရောက်လာခ
ကို သမီးသိတယ်။ ထိုဆရာမက လက်တွေမှာ မှင်အနီရောင်
လိုက်ဖောက်ပေးနေတာ။
သမီးရဲ့လက်ကို ကိုင်ပြီး အနီရောင် ဖောက်မလို့ ဟန်ပြင် သမီး
ထိတ်လန့်စွာဖြင့်
'' ဆရာမ … ဆရာမ သမီးကို ဘာလုပ်မလို့လဲ? သမီကို အဲဒီ
အနီရောင် မှင်မဖောက်နဲ့လေ '' အတင်းရုန်းကန်နေသည်။
မေမေကပါ သမီးကို လာချုပ်ပေးသည်။ မရုန်းအောင်။
မျက်ရည်တွေဖြင့် '' မရုန်းပါနဲ့သမီးရယ် …မရုန်းပါနဲ့''
ပြောတော့ သမီးငြိမ်ကျသွားသည်။ ဆရာမကလည်း မှင်အနီရောင်
ဖောက်ပြီး ပြန်ထွက်သွားသည်။ သမီး အရမ်းငိုချင်တာပဲရှင်။
သမီးသေရတော့မယ်။ သမီးကို သေဖို့သတ်မှတ်လိုက်ပြီ။
သမီးကြောက်တယ် အမေ … သမီး အရမ်းကြောက်တယ် အမေ။
ပြောပြီး မေမေကိုယ်ကလေး အားတင်းကြပ်စွာ ဖက်တွယ်ထားမိ
သညိ။ ဒီနေ့က သမီးအတွက်နောက်ဆုံးနေ့။ မေမေ့နှင့်လည်း
ခွဲခွာရတော့မယ်။ သမီး မခွဲခွာချင်ဘူး။ မေမေအနားမှာပဲ ရှိချင်
တယ်။
'' မာမီ ''
'' မေမေ့သမီးလေး ပြောလေ ''
'' မာမီ ဒီနေ့ ဘယ်မှမသွားပါနဲ့နော် သမီးအနားကနေ
တဖွားမှ မခွာသွာပါနဲ့နော် သမီး… သမီး အကယ်လိုသေသွား
ခဲ့ရင်တောင် မေမေရင်ခွင်လေးထဲမှာ သေချငိလို့ပါ။ ''
'' သမီး ရယ် '' မေမေကာ တင်းသထက်တင်းအောင် ပွေ့လိုက်
သည်။ သမီးလေ ဒီနေ့နောက်ဆုံး နေ့မိုလိုလား မသိဘူး။
မေမေရဲ့ ရင်ခွင်လေးထဲမှာ တိုးဝှေ့နေရာတာ အရမ်းကို နွေးထွေး
ပြီးနေရထိုင်ရတာ သိပ်ကောင်းသားပဲ။ သမီး ဘဝမှာ ကင်ဆာတာ
မရှိခဲ့ရင် သိပ်ကောင်းမှာပဲ။ ကင်ဆာ ဝေဒနာ ရောဂါသည်တာ
မဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ။ မေမေ နှင့် မခွဲရရင် သိပ်ကောင်းမှာ
ပဲ။
'' မာမီ ''
'' အေး သမီးပြောလေ ''
'' သမီး သေသွားခဲ့ရင် မာမီကိုနောက်ဘဝမှာ ပြန်တွေ့မယ်နော်
မာမီ နောက်တစ်ဘဝကျရင် သက်ဆုံးတိုင် အတူတူနေပြီ။
ဘယ်တော့မှ မခွဲကြ မခွာကြဘူးနော်''
'' သမီး ရယ် … မေမေ ကိုခွင့်လွှတ်ပါကွယ် ''
'' မေမေ သမီးမသေခင် မေမေ့ ကိုယ်တိုင် ပြုတ်ကျွေးသော
ဆန်ပြုတ်လေးကို စားချင်လိုက်တာ ''
'' အေး… အေး အမေ အခုပဲ သွားပြုတ်လိုက်မယ်နော် ''
'' ဟုတ်ကဲ့ အမေ '' လို့ပြောလိုက်သည်။
အမေ အခန်းထဲကနေ ထွက်ခွာသွားသည်။ သမီးသိတယ်။
သမီး အခုသေတော့မယ်လေ။ သမီးသေဖို့ အချိန်ရောက်နေပြီ
ဆိုတာ သမီးသိနေတယ်။ ဒါကြောင့် မေမေ့ကို သမီး ပ ထုတ်လိုက်
တာပါ။ သမီး သေတာကိုကြည့်ပြီး မေမေ့အား မခံစားရစေချင်လို့ပါ။
သမီး နှလုံးတွေ ခုန်တာနှေးလာပြီ။အရမ်းကို နာကျင်သော ဝေဒနာ
ကို ခံစားရင် အသက်တောင်ရှူလို့မဝတော့ဘူး။

No comments: