ပေးဆပ်ချင်းသည် ပြန်ရခြင်လိုမဟုတ်


ဘဝမှာ အခက်ခဲဆုံးတွေကို ဖြတ်သန်း ရင်ဆိုင် ကျော်လွှားရင်း
တဖြည်းဖြည်း ရင်ကျက်လာသော လူတစ်ဦး ဖြစ်လာခဲ့ သလိုပါပဲ ။
ကျွန်တော် ဘဝမှာ အားကိုး စရာ ဆိုလို မိဘနှစ်ပါးဘဲ ရှိတယ်။
မေမေက အမြဲတမ်း စိတ်ပူခဲ့တယ် ။ ငါသေရင် ငါ့သားလေး
ဒုက္ခ ရောက်မှာပဲ တဲ့ အဲဒီစကားက အမှန်ပါပဲ ။ အမေ သေသွားတော့ သားအကြီးကျယ်ကို ဒုက္ခရောက်ခဲ့ပါတယ် ။
အမျိုးတွေ စုံပြီး တိုင်ပင်ကျရာ
''ဒီ ကောင်လေး ကို ဘယ်သူ
တာဝန်ယူမှာလဲ ? ''
ဘယ်သူမှ မပြောကြ ။
'' ဒီကောင်လေးကို ဘယ်သူမှ တာဝန်မယူလို့တော့ မဖြစ်ဘူး ။
သူမှာ မိခင် မရှိတော့ဘူး ။ အားကိုး စရာဆိုလိုလည်း တစ်ခြား
တစ်ဦး မှ မရှိဘူး ။ ''
'' ကျွန်မ ကတော့ ခေါ်မထားနိုင်ပါဘူးရှင် … အဲဒါ ပွင့်ပွင့်လင်းလင်း
ပြောထားတာ ကျွန်မ မှာ သမီးနှစ်ယောက် ရှိသေးတယ် …
အို … မသင့်တော်ပါဘူး တော် ''
'' ကဲ မြဘုန်း ရော ''
'' ကျွန်မလည်း ခေါ်မထားနိုင်ဘူး ဘာကြောင့်လဲဆိုတော့ ကျွန်မတို့
ရဲ့ စီးပွားရေးက အနိုင်နိုင် … ရှင်တို့လည်း သိတဲ့ အတိုင်းပါပဲ ''
ဆိုပြီး နောက်ဆုံး ဘယ်သူမှ ကျွန်တော်ကို တာဝန်မယူချင်ကြဘူး။

ကျွန်တော်လည်း ဘယ်သူကိုမှ အားမကိုးပါဘူး ။ ကိုယ်ဝမ်းရေးစာ
အတွက် ကိုယ်ဘာသာ တစ်ယောက်တည်း ရှာစားနိုင်ပါတယ် ။
လို့ ပြောခဲ့မိတယ် ။ မေမေ မရှိတော့တဲ့ နောက် အဲဒီ အိမ်ကိုကျတော့ မိဘပိုင်အိမ်ဆိုပြီး အမွှေတွေ ခွဲယူခဲ့ကြတယ် ။
ကျွန်တော်ကိုတော့ ၂ သိန်းလေးဘဲ ပေးခဲ့ကြတယ် ။ ကျွန်တော်
တာဝန်တော့ ဘယ်သူမှ မယူချင်ကြဘူး ။ အိမ်ကိုတော့ ခွဲပြီး
ယူကြတယ် ။ တော်တော်ကောင်းတဲ့ အဒေါ်တွေ… အမျိုးတွေ ။
တစ်ယောက်ကို အမြင်မကြည်ဘူး ။ ငါချမ်းသာခဲ့ရင် အားလုံး
ကို ဘယ်သူမှ မခေါ်ဘူး လို့ မျက်ရည်တွေ တောက်တောက်ကျပြီး
အထုပ်ကလေး တစ်ထုပ်လေးကို ပိုက်ကာ ထွက်လာခဲ့မိသည်။

ဘာလိုလို ဖြင့် ရထားဘူတာ ကိုတောင် ရောက်ပြီ ။ မိုးကလည်း
ချုပ်ဆိုတော့ လက်ထဲမှာ ရှိနေသော ပိုက်ဆံလေး ၂ သိန်းကို
မထိရက်မကိုင်ရက် ။ မောလို ထိုင်ခုံမှာ ခဏထိုင်နားနေတာ
ခြင်တွေကလည်း အတော်ကိုက်ပါတယ် ဗျာ ။
'' မေမေ သားသားကို ကောင်းရာမွန်ရာ ဘုံဘဝကနေ တွေရဲ့လား?
မေမေသား အသက် ၁၂ နှစ်လေးကို အမေရဲ့ ညီမတွေ အမတွေ
က ပစ်ထုတ်ထားတယ် ။ နှသ်ထုတ်ကြတယ် ။ မေမေရဲ့ အိမ်လေးကို သားအတွက်ထားထားခဲ့တာ ။ သူတို့ တွေ အပိုင်စီး
ခဲ့ကြတယ် ။ သူတို့ တွေ သားအပေါ် မကောင်းဘူး မေမေ။
လောကမှာ မေမေတစ်ယောက်ဘဲ သားအပေါ်ကောငိးတာ ။
မေမေက စောစောစီးစီး သားကို ထားသွားခဲ့တော့ သားဘယ်သူ
ကို အားကိုးရမှာလဲ အမေရယ် ။ သား ဘဝမှာ ဘယ်သူမှ အားကိုး
စရာမရှိဘူး ။ သား အမေတိုင်း ပြောရရင် သားအရမ်းကြောက်တယ်
မေမေ ။ သား အရမ်းကြောက်တယ် ။ဒီလို ဘယ်သူမှ မရှိတဲ့ ဘူတာ
ရုံ မီးရောင်အောက်ကလေးမှာ သားတစ်ယောက်တည်း ထိုင်နေရ
တယ်။ ခြင်တွေလည်း အကိုက်ခံရတယ် ။ ''လို့ ငိုသံပါပါဝဲဝဲ
လေးဖြင့် ကိုယ်ကိုကိုယ် ပြန်ပြောနေမိသည်။ ကျနေသော မျက်ရည်
လေးကို လက်ကောက်ဝတ်ကလေး ဖြင့် သုတ်ရင်း ဟိုကြည့် ဒီကြည့် ကြည့်နေခဲ့မိသည် ။ လူလည်း တစ်ယောက် မှမရှိ ။
လူတွေ အတော် ပျက်တယ် ။

ကျွန်တော် အဲဒီနေရာမှာ တစ်နာရီလောက်ထိုင်ပြီး ထလာခဲ့တယ်။
ကျွန်တော် ကားလမ်းအပေါ်တက်တော့ ကားတွေ အများကြီးသွား
လာနေကြတယ် ။ အိမ်တိုင်း အိမ်တိုင်းမှာ လူတွေပြန်ရောက်နေ
ကြပြီ ။ သိုသော် သားမှာ သွားစရာ မရှိ ။ နေစရာ အိမ်မရှိ ။ အိပ်စရာ
နေရာ မရှိ။ စားစရာ အစာလည်း မရှိ ။ သား ရဲ့ အိတ်ထဲမှာပါလာတဲ့
၂ သိန်းကိုလည်း ကုန်သွားမှာ ကြောက်တယ် ။ သား ဘာလုပ်ရမှန်း
မသိဘူး ။ သား ငိုချင်တာပဲ သိတယ် ။ သား အရမ်းငိုချင်တယ် ။

သား တစ်သိန်းအုပ်လေးထဲကနေ ၁ထောင်တန်လေး တစ်ရွက်
ထုတ်ပြီး ငှက်ပျောသီးကလေး တစ်လုံးဝယ်စားလိုက်မိတယ်။
သောက်ရေအိုးထဲက ရေနှစ်ခွက် ငှက်ပျောသီး တစ်လုံးဖြင့် ဗိုက်
ဖြည့်ခဲ့တယ် ။

သားဘဝက အဲလိုမျိုးလေးပါ ။ အားကိုးစရာ ခိုကိုးစရာမရှိ ။
ဘဝလေး မို့ အရမ်းကို ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်
မေမေပြောဖူးတဲ့ စကားတစ်ခွန်း ။
'' ငါ့သား ကြီးလေးရင် ပညာတတ်တစ်ယောက်ဖြစ်စေရမယ်လို့
အမေကို ကတိပေးပါကွယ် ''
'' သား ကတိပေးပါတယ် အမေ … သား ကတိပေးပါတယ် ''
မေမေကို ပေးထားသော ကတိမတည်နိုင်တော့ဘူး ။ သား အရမ်း
ဝမ်းနည်းတာပဲ ။ ဘာလို့ သားအပေါ်တစ်ယောက်မှ မကောင်းကြ
တာလဲ ။ ဘာလို့ သားကို ပစ်ထားကြရတာလဲ ။ အသက်၁၂ ရွယ်
ကလေးလေး ဘာမှမသိသေးသော ကလေးငယ်လေးကို
ဘာလို့ ခက်ခဲကြမ်းတမ်းတဲ့ လက်တစ်စုံဖြစ်အောင် ဘဝပျက်အောင် တွန်းပို့ကျရတာလဲ ဗျာ … သား ရင်တွေ အရမ်း
ကို နာကျင်ရတယ် ။ ဒီခံစား ချက်ကို ဘယ်သူမှ မသိနိုင်ပါဘူး။
သူများ စားတာကို ငေးကြည့်နေရုံကလွဲပြီး ဘာမှမတက်နိုင်သော
ကလေးဘဝ ။

လောကကြီးက ရက်စက်တယ် ။ ကလေးငယ်လေးတစ်ယောက်
ဆီက ၂ သိန်းတောင် လုယူရတယ် ။ အကြင်နာ တရားခေါင်းပါး
သော လူတွေပါလား ။

သားတစ်ယောက်တည်း အထုပ်လေး ကို ပိုက်ရင်း စဉ်းစားနေ
မိသည်။ ပိုက်ဆံ ၂ သိန်းလည်း သားမှာ မရှိတော့ဘူး ။
သား မှာ ဘာဆိုဘာမှ မရှိတော့ဘူး ။ သား ဘာလုပ်ရမလဲ
မသိဘူး ။ သား လေ ခေါင်းလေး ငေါက်စိုက်ရင်း မြေကြီးကို
ကြည့်နေမိတယ် ။ လူတွေရဲ့ စာနာစိတ်ကင်းမဲ့ ပုံကို တွေးရင်း
မျက်ရည်တွေ တတောက်တောက် စီးကျခဲ့မိတယ်။ သား ဆီက
ပိုက်ဆံ နှစ်သိန်းတောင် ရိုက်နှက်ပြီးလုယူရတယ်လေ ။
အံကြိတ်ပြီး ငိုတာ အားမရတော့ဘူး ။
'' မေမေ … မေမေ သားကို ဘာလို့ ထားခဲ့ရတာလဲ ?
သား ကို မကယ်နိုင်တော့ဘူးလား ဗျာ !''
လို့အကျယ်ကြီး အော်ငိုလိုက်မိလေတော့သည်။ ထိုအချိန်မှာ
အနောက်မှောင်ချင်းထဲကနေ ကလေးလေးတစ်ယောက် ရဲ့
ငိုသံကို ကြားလိုက်ရလေသည် ။
သူငိုသံလေးက '' အမေ … အမေ '' တဲ့ ။
'' ဟမ် !!'' ဖြစ်သွားမိသည်။
ငိုတာတောင် အား မရသေး ။ နောက်ထပ် ကျွန်တော်လိုမျိုး ကလေးတစ်ယောက် ငိုသံကို ထပ်ကြားလိုက်ရတော့ အံသြသင့်ပြီး
အဲဒီနေရာ သို့လျှောက်သွားခဲ့မိသည်။ ကလေးလေးတစ်ယောက်
ဖြစ်သည် ။ ကျွန်တော် နှင့်အသက်ရွယ်တူလောက်ပါပဲ ထင်တယ်။
'' ဟေ့ … နင်က ဘယ်သူလဲ ဘာလို့ ငိုနေတာလဲ ? ''
လို့မေးတော့ သူက ကျွန်တော်အားကြည့်ပြီး ပြေးဖက်လိုက်သည်။
'' ဟာ ဘာလဲ ပေါ့ '' ဆိုပြီး တွန်းထုတ်လိုက်သည် ။
'' နင်က ဘာလား ? ဘာလဲ ''
သူက '' အ … အ … အ ''' ဖြင့် လက်ဟန်အမူရာဖြင့် ပြလေသည်။
'' ဘာလဲ နင်က စကားမပြောတတ်ဘူးလား ဟုတ်လား ''
ခေါင်းကို ညိတ်ပြသည် ။ ထူးဆန်းလိုက်တဲ့ ဖြစ်ခြင်း ။ အအ မလေးပဲ။ ကျွန်တော်က မေးလိုက်သည် ။
'' နင့်အသက်ဘယ်လောက်လဲ ''
သူက လက်ကိုးချေင်းထောင်ပြသည် ။
'' ဘာလဲ ? ကိုးနှစ်လား ဟုတ်လား ''
ခေါင်းကို ညိတ်ပြပြန်သည် ။ ပိုပြီး အံအား သင့်သွားစေပြန်သည်။
ကိုး နှစ်ရွယ် ကောင်မလေး တစ်ယောက် အအ မလေး ကဘာလို့
ဒီရောက်နေရတာပါလဲ ပေါ့ ။
'' နင်က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ? ''
လက်ဟန်အမူရာဖြင့် ပြတော့ပြသည် ။ သိုသော် သူပြတာနားမလည်။
'' ငါ နင်ပြောနေတာ နားမလည်ဘူး နင်ဘာကိုပြောနေတာလဲ?
ဖြည်းဖြည်း ချင်းစီ ငါ့ကိုပြ '' ပြောတော့ သူလည်း လက်ဟန်း
နှေးနှေးဖြင့် ပြသည် ။
'' နင် ရထား စီးလာတာ ဟုတ်လား ''
ခေါင်းညိတ်ပြသည် ။
''နင် တစ်ယောက်တည်း စီးလာတာလား ??''
ခေါင်းကို ခါးယမ်းပြသည် ။
' မဟုတ်ဘူးပေါ့ ။ '' ဒါဆိုရင် ဘယ်သူနှင့် စီးလာတာလဲ ''
မေးတော့ သူက ကိုယ်ကိုကိုယ် လက်ပုတ်ပြပြီး သူဘေးကိုပြကာ
လက်ချိတ်ပြသည်။
'' နင့် အဖေနှငိ့လား ''
ခေါင်းယမ်းပြသည်။ ''' ဒါဆို နင့်အမေနှင့်လား '' ခေါင်းကို ညိတ်ပြ
သည်။ ကျွန်တော် နားလည် သဘောပေါက်သွားပြီ ။ သူတို့က
သားအမိ နှစ်ယောက်ရထားစီးလာတာ ။ ဘူတာ တစ်ဘူတာ မှာ လွဲ
သွားကြတာ ထင်တယ် ။ သူအမေ့ကို ရှာမတွေ့လို့ သူဒီမှာ လာငိုနေတာပဲ ။
သူက ကျွန်တော်လက်ကို လှုပ်ပြီး လက်ကလေးနှစ်ခုပူးကာ
'' ကူညီပေးပါ ကျေးဇူးပြုပြီး ငါ့အမေကို ဝိုင်းရှာပေးပါ …
ငါတစ်ယောက်တည်း ကြောက်လို့ ''
သြော် ဖြစ်ရမယ် ငါ့ ဘဝ ကလည်း ။ တစ်ယောက်တည်း နေစရာ
မရှိ ။ သွားစရာ မရှိပါဘူး ဆိုမှ ။ နောက်ထပ် အအ မလေး
တစ်ယောက်က တိုးလာပြန်ပြီ ။ ငါမကူညီရင်လည်း သူကို
ကူညီမယ့်လူ မရှိဘူး ။ ငါ့ကူညီမှဖြစ်မယ် ။ အသိဖြင့် ကတိပေး
လိုက်မိသည်။

အအ မလေးတစိယောက် ကို ကျွန်တော်လို အသက် ၁၂ နှစ်သာ
ရှိသေးသော ကလေးတစ်ကောင်က ဘယ်လောက်ထိ ကူညီနိုင်
မှာလဲ ဗျာ ။ ကလေးတစ်ယောက် ရဲ့ စိတ်ဘယ်ရှိတာပါ ။
ကျွန်တော် စိတ်ကောင်းရှိပါတယ် ။ သူ့ကို အငတ်မထားပါဘူး။
အစားခံရတဲ့ ဒုက္ခကို ကျွန်တော် ကောင်းကောင်းကြီး သိနေတယ်။
ထိုကြောင့်လည်း သူကို မရမက ရှာကြံပြီး ကျွေးခဲ့ပါတယ်။
အအ မလေး က '' အ … အ… အ '' အဲဒါ ဘာလဲ လို့မေးသည် ။
'' အဲဒါ မုန့်လေ … အသန့်ကြီး ရှိပါသေးတယ်
ငါကိုယ်တိုင် သွားရှာပေးတာလေ '' ပြောလေသည် ။
သူက လက်ဟန်ခြေဟန်ဖြင့် '' အ … အ … အ … အ ''
'' နင် က ဘယ်က ပိုက်ဆံရတာလဲ ? ''
'' ငါ … ငါ '' ဘယ်လိုပြောရမှန်းတောင် မသိ။
မျက်ရည်တွေ စီးကျလာခဲ့မိသည်။
တကယ်တမ်းတော့ ထိုမုန့်လေးတွေကို ရဖို့အတွက် ကျွန်တော်
ဆိုင်ရှင် ရဲ့ ရိုက်နှတ်မူကို ခံခဲ့ရတာပါ ။
မုန့်ဆိုင် ကနေ ဖြတ်သွားရင်း အအ မလေးကို သတိရမိသည်။
ဝယ်ကျွေးစရာလည်း ကျွန်တော်မှာ ပိုက်ဆံ မရှိ ။
ကိတ်မုန့်လေးတစ်လုံးလောက် သူအတွက် ကျွေးချင်သော စိတ်
တော့ရှိသည် ။ သိုသော် ဘာလုပ်ရမှန်း မသိ။ ဆိုင်ရှင် ဦးလေးကြီး
ကို ပြောလေသည် ။
'' ဦးလေးကြီး … ဦးလေးကြီး
ဒါဘယ်လောက်လဲဟင် ''
မေးတော့ ထိုဦးလေးကြီး က ကျွန်တော်အားကြည့်လေသည်။
ကျွန်တော် ဝတ်ထားသော အဝတ်စားလေးက ကြာနေပြီမို့
အရမ်းကို ဟောင်းနွမ်းနေပြီလေ ။ သူစိတ်ထဲမှာ သူတောင်စား
လေးတစ်ယောက်လို ထင်နေမှာပေါ့ ။
'' ၃၀၀ ပါ ကောင်လေး ''
သုံးရာ ဟုတ်လား ။ သုံးရာ မပြောနဲ့ ငါ့မှာ တစ်ရာတောင်မရှိ ။
ငါ ဘယ်လိုဝယ်ပေးရမှာလဲ? ။
'' သား ကိုလေ အဲဒါလေး တစ်ထုပ်ပေးပါ ''
'' အေး … အေး '' ဆိုပြီး ဖြုတ်ပေးပြီး ပေးလိုက်သည် ။
ကျွန်တော်လက်ထဲမှာ မုန်ရောက်တော့ ဝမ်းသာသွားသည်။
'' ကောင်လေး ငါ့ကို မုန့် ဖိုးပေးအုံးလေ … ပိုက်ဆံ ~ ပိုက်ဆံ ''
'' ကျွန်တော်မှာ ပိုက်ဆံ မရှိဘူး … ''
'' ဟမ် ဒါဆို မင်းဘာလို့ မင်းဖြုတ်ခိုင်းလည်း ''
''ကျွန်တော် ဗိုက်ဆာလိုပါ ''
'' ပေး ပေး ငါ့မုန့်ပြန်ပေး ''
'' ကျွန်တော်ကို ဒီမုန့်လေး အလကားပေးပါလား ?
ဒီမုန့်လေးတစ်ခုလောက်နဲ့ တော့ အန်ကယ် ဆိုင်မှမဖြစ်လောက်
ပါဘူး ''
'' နာငြီးတယ် ပေးပေး ငါ့မုန်းပြန်ပေး ''
ကျွန်တော်လည်း မပေးဘဲ ပြေးကာ လွှားသွားမိသည် ။
အနောက်ကနေ ထိုဆိုင်ရှင်ကြီးကာ ပြေးလိုက်လာခဲ့လေသည်။
ကလေး တစ်ယောက်ရဲ့ ပြေးနှုန်းက ဘယ်လောက်ရှိမလဲ ဗျာ။
လူစိတ်မရှိပုံက ပြေးရင်း လှဲကျသွားသော ကလေးတစ်ယောက်
ကို သူပစ္စည်း ယူပြီး ပြေးရမလား ဆိုပြီး လူတွေအများကြီးထဲမှာ
ခြေထောက်ဖြင့်ကန်လေသည် ။ အလူးအလိမ့်ကို ခံစားရင်း ။
နာကျင်းရင်း ဒဏ်ကို သည်းခံရင်း ။ မြိုသိပ်ရင်း ခံစားရသည် ။
လူတွေက အကြင်နာ တရား ခေါင်းပါးတာပဲ ။ ဒီလောက်
လူအများကြီးကို တစ်ယောက်မှ ဝင်မဆွဲကြဘူး ။ တကယ့်
ကို ကြည့်နေနိုင်ကြတယ် ။ ကလေးတစ်ယောက် ဟာ မုန်းလေး
တစ်ထုပ်တောင်းတာကို ရိုက်ခံနှတ်ခံပြီးမှ ပေးတယ်လို့။
အအ မလေး စားဖို့အတွက် ကျွန်တော် ယူလာခဲ့သော မုန့်
လေးတစ်ထုပ်က အဲလို ပေးဆပ်ခဲ့ပြီးမှ ရလာခဲ့တာပါ ။
ဒါပေမယ့် ကျွန်တော် မစားပါဘူး ။ သူက ကျွန်တော်ထက် ဗိုက်
ဆာနေမှုာ စိုးလို့ ကိုယ်ချင်စာတရားဖြင့် ကိုယ်စားမယ့် မုန့်ကို
သူအား ကျွေးခဲ့ခြင်းဖြစ်သည် ။ သူက ဘာပြောသလဲဆိုတော့ ။
'' နင်မဆာဘူးလားတဲ့ '' လက်ဟန်ဖြင့် ပြသည် ။
'' ငါ မစားပါဘူး ဟာ နင်သာ ဝ အောင်စားပါ ''
ပြောတော့ စားပါ ဆိုပြီး မုန့်အား ကျွန်တော် ပါးစပ်အရှေ့တေ့ပေး
လေသည် ။ ကျွန်တော်လည်း တစ်ကိုက်လောက်စားခဲ့ပေသည်။

သူကို နေရာရောက်အောင် ဘယ်လိုပိုပေးရမလဲ မသိ။ သိုသော်
ကံကောင်းချင်တာက လူပျောက်ကြေငြာ ကပ်ထားတယ် ။
သူ ပုံနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်ကိုပေါ့ ။
အဲဒီ ဖုန်းနံပါတ်ကို ဆက်သွယ်ဖို့ ပိုက်ဆံတောင် မရှိ ။
ဘယ်လိုလုပ်ရင် ကောင်းမယ် မှန်းမသိ ။ အဲဒါနဲ့ ကျွန်တော်လည်း
ကားပေါ်တွေတက် … ကားပေါ်တွေဆင်းဖြင့် ပိုက်ဆံတွေ လိုက်လံ
တောငိးခဲ့ပါသည် ။ တစ်နာရီကြာလောက်အောင် တောင်းလိုက်ပါသာမှ သုံရာ တာ ပြည်လေသည် ။ ထိုပိုက်ဆံ သုံး
ရာလေးဖြင့် သူမရဲ့လိပ်စာ ထံသို့ အကြောင်းကြားပေးခဲ့သည်။

အအ မလေးရဲ့ အမေဟာ ရောက်လာခဲ့ပေသညိ ။
အဖြစ်မှန် အကြောင်းစုံတွေကို ရှင်းပြပြီး သူအမေ လက်ထဲသို့
သူ့အားထည့်ခဲ့ပေးသည် ။ သူအမေက စိတ်ကောင်းရှိတဲ့ လူ
တစ်ယောက်ပါ ။
'' သား မိဘ တွေ ရှိသေးလား ''
သားခေါင်းခါပြလိုက်သည်။
''သားဘယ်မှာ နေလဲ? ''
'' သား မှာနေစရာ ဆိုတာ မရှိပါဘူး ''
'' အဲဒါဆိုရင် အန်တီ တို့နှင့်လိုက်ခဲ့ပါလား ''
'' သား မလိုက်တော့ပါဘူး အန်တီ ''
'' ဘာလို့လဲ သားရယ် အန်တီတို့ဖြင့် လိုက်ခဲ့ပါလား ''
'' သား မလိုက်ချင်လို့ပါ သားအတွက်က အရေးမကြီးပါဘူး
အရေးကြီးတာက ဒီက ညီမလေးပါ ။ သူကို သေသေချာချာ
လေး စောက်ရှောက်ပါနော် ''
ပြောပြီး အအ မလေးကော ထိုအန်တီကော မျက်ရည်တွေ စက်လက်စက်လက်ဖြင့် ခွဲခွာလာခဲ့လေတော့သည် ။

လူဆိုတာ ပေးဆပ်တာ က ဘယ်တော့မှ ပြန်ရချင်သော ဆန္ဒ
ကြောင့် မဟုတ်ပါဘူး ။

စာဖတ်သူ၏ရင်ထဲမှာ တစ်စုံတစ်ရာ ကျန်နေခဲ့သည်ဆိုသည်
နှင့် ကျေနပ်လှပါပြီ။ ( မှတ်ချက်… ။ ။ ကူးယူထားချင် မဟုတ်ဘဲ
ကိုယ်တိုင် ဖန်တီးရေးသားထားခြင်းဖြစ်လေသည်။ )

ဤနေရာတွင် ကျွန်တော် Sti Moe ရေးသားသော
ပေးဆပ်ချင်းသည် ပြန်ရခြင်လိုမဟုတ် ဇာတ်လမ်း ပြီးဆုံးလေသတည်း။

အစဉ်လေးစားလျက်ပရိတ်သတ်
Sti Moe

ပြီးပါပြီ
— with Elizabeth Lwin.

No comments:

Powered by Blogger.