၁၃၇၈ ခုနှစ်မဟာသင်္ကြန်ပွဲတော်ကာလတွင် ရေကစားသူထံမှ ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

ရန်ကုန်မဟာသင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာရေကစားသူများထံမှ ပစ္စည်းများ ကို အလစ်သုတ် ခါးပိုက်နှိုက်မှုများ မဖြစ်ေ စရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ စွန်ရဲစီမံချက်ကို ၁.၃.၂၀၁၇ ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိပါ သ ည်။

သင်္ကြန်ပွဲတော်အကြိုနေ့ဖြစ်သည့် ၁၃.၄.၂၀၁၇ ရက်နေ့ ၁၅၅၀ အချိန်တွင် ရေကစားမဏ္ဍပ်များ၌ ခါးပိုက်နှိုက် မှုများမဖြစ် ပွားစေရေးအတွက် စွန်ရဲ စီမံချက်ဆောင်ရွက်ရန် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင် များက အရပ်ဝတ်ဖြင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ ရေးဆောင်ရွက်လျက်ရှိစဉ် လသာမြို့နယ်၊ (၄)ရပ်ကွက်၊ အေ န်ာရထာလမ်းရှိ  “Sky Net ရေကစားမဏ္ဍပ်”ရှေ့တွင် ဒလမြို့နယ်နေသူများဖြစ်ကြသည့်  သန်းနိုင်(ခ) ခေါလေးနှင့် ချစ် ကိုကို တို့နှစ်ဦးမှ ရေကစားနေသူတစ်ဦးထံမှ ငွေကျပ်(၁၈၃၅၀) ထည့်ထားသော I dollor ပိုက်ဆံအိတ်အား နှိုက်ယူ နေ စဉ်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ၎င်းတို့ထံမှ ခါးပိုက်နှိုက်ရာတွင် အသုံး ပြုသည့် ခေါက်ဓား တစ်ချောင်းအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် လသာမြို့မရဲစခန်းတွင် အမှုရေးဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
အလားတူ ၁၆၀၅ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှရဲတပ်ဖွဲ့ ၀င်များက လသာမြို့နယ်၊ (၄)ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ (၁၉) လမ်းမိသားစုရေကစားမဏ္ဍပ်တွင် ခါးပိုက်နှိုက်ဖမ်းဆီး ရမိရေးဆောင်ရွက် နေစဉ် ဒလမြို့ နယ်နေ သက်ဖြိုးဦးက ရေကစားနေသူတစ်ဦးဝတ်  ဆင်ထားသော ဘောင်ဘီအိတ်ကပ်အတွင်းမှ ကြွပ်ကြွပ်အိ တ်ဖြင့် ထည့်ထား သော ငွေကျပ် (၄၅၀၀)ကို နှိုက်ယူနေစဉ် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ၎င်းထံမှ ခါးပိုက်နှိုက်ရာတွင် အသုံးပြု သည့် ဓားတစ်ချောင်းတို့ အားတွေ့ရှိ  သိမ်းဆီးရမိခဲ့သဖြင့် လသာမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက် လျက် ရှိပါသည်။
၁၈၀၀ အချိန်တွင် အဆိုပါရေကစားမဏ္ဍပ်၌ ဒလမြို့နယ်နေ ကျော်မင်းဦးက  မဏ္ဍပ်ရှေ့တွင် ရေကစားနေသူတစ်ဦးထံမှ Huawei အမျိုးအစား လက်ကိုင်ဖုန်းနှင့် ငွေကျပ် (၄၄၀၀)နှိုက်ယူခဲ့ကြောင်း စစ်ဆေးသိရှိသဖြင့်  ၎င်းအား လသာမြို့ မရဲ စခန်းတွင်လည်းကောင်း၊ ၁၆၀၀ အချိန်တွင် ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ရှေ့တွင် ဒေါပုံမြို့နယ်နေ နိုင်ထက်ဦးက ရေကစားနေသူ တစ်ဦးဝတ်ဆင်ထားသော ဘောင်းဘီအိတ်ကပ်အတွင်းမှ ငွေကျပ် (၁၀ ၂၀၀)နှိုက်ယူခဲ့ကြောင်း စစ်ဆေး  သိရှိရသဖြင့် ကျောက်တံတားမြို့မရဲစခန်းတွင်လည်းကောင်း အမှုများအသီး သီးရေးဖွင့် ကာ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ယခုကဲ့သို့ မဟာသင်္ကြန်ပွဲတော်တွင် အများပြည်သူများ ပျော်ရွှင်စွာရေကစား နေမှုကို အခွင့်ကောင်း ယူ၍ အလစ်သုတ် ခါးပိုက်နှိုက်သူများအား ရဲတပ်ဖွဲ့ ၀င်များက စွန်ရဲစီမံချက်ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့်ရေကစား သူ အများပြည်သူများအနေဖြင့်လည်း ခါးပိုက်နှိုက်မှုများနှင့် အခြားပြစ်မှုများကျူးလွန်သူများ၏ သတင်းကိုရရှိပါက နီးစပ် ရာလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသို့ထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးရှိ199 Call Centre သို့လ ည်းကောင်း သတင်းပေးပို့နိုင်ပါ  ကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police

No comments:

Powered by Blogger.