မန္တလေးမြို့မှာ သင်္ကြန်အကြိုနေ့ တစ်ရက်တည်းအတွင်း ဆေး ရုံရောက်သူ တစ်ရာကျော်ရှိ
မန္တလေးမြို့မှာ သင်္ကြန်အကြိုနေ့တစ်ရက်အတွင်း ယာဉ်မတော်မဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက် ဒဏ်ရာရ ရှိသူ ၁၁၆ ဦး ဆေးရုံကိုရောက်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီး ဆေးလူမှု ဆ က်ဆံရေးဌာန က ပြောပါတယ်။အဲဒီသူတွေထဲမှာ ကျိုးပဲ့ဒဏ်ရာနဲ့ ပွန်းပဲ့ ဒဏ်ရာ ရရှိသူတွေ များတယ်လို့ မန္တလေးဆေးရုံကြီး အရေးပေါ် လူနာလက်ခံ ကုသဆောင်မှာ အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ မဏီစလ လူမှုကူညီရေးအဖွဲ့ က ဦးနေမင်းထွန်း က ပြောပါတယ်။
မနေ့က သင်္ကြန်အကြိုနေ့မှာ မန္တလေးမြို့ ဆေးရုံကြီးကို ရောက်ရှိလာတဲ့ အတွင်းလူနာ ၅၀ ကျော်နဲ့ ပြင်ပလူနာ ၆၀ ကျော် ရောက်ရှိပြီး ၂၂ ဦးကို အရိုးကျောဆေးရုံမှာ လွှဲပြောင်းကုသထားတယ်လို့ သိရပါတယ်။
ဆေးရုံရောက်ရှိလာသူတွေထဲက ထက်ဝက်ကျော်ဟာ အရက်သေစာနဲ့ မူးယစ်ဆေးဝါးကို သုံးစွဲထားသူတွေဖြစ် တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
သင်္ကြန်အတွင်း ခိုက်ရန်ဖြစ်ပွားမှုနဲ့ ထိခိုက်ဒဏ်ရာရရှိသူအများစုဟာ ညနေ ၅ နာရီကနေ ၁၀ နာရီအတွင်းမှာ အများဆုံး ဖြစ်ပွားလေ့ရှိတယ်လို့ ဆေးရုံမှတ်တမ်းအရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မန္တလေးသင်္ကြန်မှာ ထိခိုက်ဒဏ်ရာရရှိသူ ၈၀၀ ဦးခန့်ရှိခဲ့ပြီး ၂၀ ဦး သေဆုံးခဲ့တယ်လို့ မႏၱေလးအေထြေ ထြေ ရာဂါကုဆေးရုံကြီး မှတ်တမ်းတွေအရ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese

No comments: