သာကေတမြို့ နယ်ကအာရဗီစာသင်ကျောင်း၂ကျောင်းချိတ်ပိတ်ခံရ

သာကေတမြို့ နယ်ကအာရဗီစာသင်ကျောင်း၂ကျောင်းချိတ်ပိတ်ခံရ
၂၈၊ဧပြီ၊ရန်ကုန်။
သည်​က​နေ့ည​နေပိုင်းမှာ​တော့ သာ​ကေတမြို့နယ်​ အ​နော်​မာ ၁၁လမ်း(အ​နောက်​)မှာရှိတဲ့ အာရ​ဗီစာသင်​ကျောင်းတစ်​ခုနဲ့ အ​နော်​မာ(၁၂)လမ်းမှာရှိတဲ့ အာရဗီစာသင်​​ကျောင်း​တွေကို တံခါးချိတ်​ပိတ်​လိုက်​ပြီဖြစ်​ပါတယ်​။
အဲသည်​စာသင်​​ကျောင်း​တွေမှာ မွတ်​စလင်​ဘာသာ​ရေးဝတ်​ပြု​နေတယ်​လို့ အမျိုးသား​ရေးသမား​တွေရဲ့ စွပ်​စွဲချက်​​ကြောင့်​ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးရုံးမှ တာဝန်​ရှိသူ​တွေ ၊ အမျိုးသား​ရေးသမား​တွေ၊ ဘာသာ​ရေး​ခေါင်း​ဆောင်​​တွေအပါအဝင်​ ရဲတပ်​ဖွဲ့မှ တာဝန်​ရှိသူ​တွေ ​အချိန်​ နှစ်​နာရီနီးပါး ​ဆွေး​နွေး​ပြောဆိုပြီးတဲ့​နောက်​မှာ အခုလိုချိတ်​ပိတ်​လိုက်​တာဖြစ်​ပါတယ်​။
လော​လောဆယ်​မှာ​တော့ အဲသည်​ရပ်​ကွက်​​တွေမှာ​နေထိုင်​သူ​တွေက စာသင်​​ကျောင်း​တံခါး​တွေကို ချိတ်​ပိတ်​လိုက်​တာနဲ့ပတ်​သတ်​ပြီး တာဝန်​ရှိသူ​တွေက တစ်​စုံတစ်​ရာ​ပြောဆိုခြင်းမရှိ​သေးတာ​ကြောင့်​ မ​ကျေနပ်​မှု​တွေမြင့်​တက်​​နေပါတယ်​။
သည်​က​နေ့မှာဖြစ်​ပွား​နေတာနဲ့ပတ်​သတ်​ပြီးသာကေတမြို့ နယ် ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်ဒေါက်တာဝေဖြိုး​အောင်​က ​-
“ဌာနဆိုင်​ရာ​တွေက ဆက်​ပြီး​ဆောင်​ရွက်​မှာပါ။သတင်းထုတ်​ပြန်​​ပေးပါ့မယ်​။´´လို့ ​ပြောပါတယ်​။
ချမ်းသာ

No comments:

Powered by Blogger.