တရုတ်ကုန်တင် အာကာသယာဉ် အာကာသစမ်းသပ်ခန်းနှင့် ချိတ်ဆက်နိုင်ပြီ (ရုပ်သံ)
တရုတ်နိုင်ငံရဲ့ ပထမဆုံး ကုန်တင် အာကာသယာဉ် ထျန်းကျိုးဝမ်း ဟာ ဧပြီ ၂၂ ရက်နေ့မှာ ထျန်းကုန်း တူး အာကာသ စမ်းသပ်ခန်းနဲ့ အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့တယ်လို့ ဘေကျင်း အာကာသ ထိန်းချုပ်ရေးဌာနက ပြောပါတယ်။
ဒါဟာ အာကာသယာဉ်နဲ့ အာကာသ စမ်းသပ်ခန်းတို့ ပထမဆုံး ချိတ်ဆက်မှုပါ။ ထျန်းကျိုး ၀မ်း အာကာသယာဉ်ကို ဧပြီ ၂၁ ရက်နေ့ ညနေက တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝမ်ချန် အာကာသယာဉ် လွှတ်တင်ရေးဌာနကနေ လွှတ်တင်ခဲ့တာပါ။
ဧပြီ ၂၂ ရက်နေ့ မနက် ၁၀ နာရီမှာ ထျန်းကုန်း တူး အာကာသ စမ်းသပ်ခန်းနဲ့ အလိုအလျောက် စတင်ချဉ်းကပ်မိပြီး မွန်းလွဲ ၁၂ နာရီ ခွဲလောက်မှာ ဆက်သွယ်ချိတ်ဆက် မိခဲ့ပါတယ်။
သူတို့ဟာ ကုန်တင်ကုန်ချလုပ်ငန်း ၂ ကြိမ် ဆောင်ရွက်ဖို့ ရှိပါတယ်။ တတိယအကြိမ် ကုန်တင်ကုန်ချ လုပ်ချိန်မှာ မြန်တဲ့ ကုန်တင်ချမှု နည်းပညာကို သုံးမှာပါ။ ကုန်တင်ကုန်ချ လုပ်ငန်း အတွက် ၂ ရက် အချိန်ကြာနိုင်ပြီး အမြန်ကုန်တင်ကုန်ချ နည်းပညာမှာတော့ ၆ နာရီသာ အချိန်ကြာမှာပါ။
လုပ်ငန်းစဉ်အတွင်း လောင်စာ ဖြည့်တင်းမှာ ဖြစ်ပြီး အဆင့် ၂၉ ဆင့်အတွက် ရက်အတော် ကြာနိုင်ပါတယ်။ ထျန်းကုန်း တူးဟာ တရုတ်ရဲ့ ပထမဆုံး အာကာသ စမ်းသပ်ခန်း ဖြစ်ပြီး ၂၀၁၆ စက်တင်ဘာမှာ လွှတ်တင်ခဲ့တာပါ။ အမြဲတမ်း အာကာသစခန်း တည်ဆောက်ရေး အဓိက ခြေလှမ်းလည်း ဖြစ်ပါတယ်။

No comments: