တမာရွက်၏ ထူးခြားသောအာနိသင်များ



တမာရွက်၊ တမာခေါက်၊ တမာပွင့်တို့ဟာ ဆေးဖက်ဝင်တာကို အများသိပြီး ဖြစ်ပါမှာ။ မြန်မာ့တိုင်းရင်းဆေးအဖြစ်သာမက ရှေးအိန္ဒိယသမားတော်များနဲ့ နိုင်ငံအများအပြားမှာလည်း သဘာဝဆေးအဖြစ် အသုံးပြုနေကြပါတယ်။

(၁) အနာပေါက်လျှင် တမာရွက်ကို ပြုတ်ပြီး တို့စားခြင်း၊ ပြုတ်ရည်ကို အနာပေါ် ဆေးကြောပေးခြင်းဖြင့် ဘတ်တီးရီယားနှင့် ပြင်ပပိုးမွှားများကို သေစေပြီး အနာကို အမြန်ကျပ်စေပါတယ်။

(၂) အရေပြား ယားယံခြင်း၊ အနီစက်ပြောက်များ ထခြင်းတို့ဖြစ်လျှင် တမာရွက်ပြုတ်ရည်ဖြင့် ဆေးကြောပေးခြင်း၊ ရေချိုးပေးခြင်းတို့ ပြုလုပ်ပေးပါ။

(၃) ထိခိုက်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာရလျှင် တမာဆီကို လိမ်းပေးပါ။ တမာဆီကို ဆေးဆိုင်များမှာ မေးဝယ်နိုင်ပါတယ်။

(၄) ဝက်ခြံ၊ နှင်းခူ၊ ယားနာ စတဲ့အရေပြားဝေဒနာအားလုံးကို တမာဆီ ဒါမှမဟုတ် တမာရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို လိမ်းပေးပါက အမြန်ဆုံး ပြန်ပျောက်စေပါတယ်။

(၅) မီးလောင်ဒဏ်ရာကို တမာရွက်ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေး ပါ။ အရေပြားကို အနာအမြန်ကျက်စေပြီး ပိုးမဝင်အောင်၊ ဓါတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ဆံပင်မဖြူ အောင် တမာဆီကို အခြား ဆံပင်လိမ်းဆီတစ်မျိုးမျိုးနဲ့ ရောစပ်ပြီး လိမ်းပေးပါက ဆံပင်ဖြူခြင်းမှ ကာကွယ်ပေးနိုင်ပြီး ဗောက်ထခြင်း၊ သန်းရှိခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ကို သက်သာလျော့ပါးစေပါတယ်။

(၇) ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို တမာဆီလိမ်းပေးရင် သက်သာစေနိုင်ပါတယ်။

(၈) တမာရွက်ကို ပြုတ်ပြီး စားပေးရင် ဝမ်းချုပ်တာနဲ့ အစာမကြေတာကို သက်သာစေပါတယ်။ ရင်ပူမှုမ ဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သန်ကောင်များကိုလည်း သေစေနိုင်တယ်။

(၉) တမာရွက်ကို ပုံမှန်စားပေးရင် သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေပြီး သွေးကိုလည်း သန့်စေပါတယ်။

(၁၀) တမာရွက်ကို စားပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပြီး  ပြင်ပမှ ကူးစက်ရောဂါတွေကိုလည်း အတိုင်းအတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

စောနွဲ့ နေဆိုင် - ပူတာအို
ကိုးကား - Good Health

အစွမ်းထက် သဘာဝဆေးနည်းများ

No comments:

Powered by Blogger.