အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ



(၁) ခန္ဓာကိုယ်ထဲမှ အဆိပ်တောက်များကို ပြေစေရန် ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြား၊ ပျားရည်တို့ဖြင့် စားပေးပါ။ အစို၊ အခြောက်တို့ကို ဟင်းရည်လုပ်သောက်ပါ။

(၂) အဆိပ်အတောက်များ ပြေစေရန် ဖလံတောင်ဝှေးကို ငသိုင်းနှင့် ချက်စားပါ။

(၃) ကိုယ်တွင်းမှ အဆိပ်များပြေစေရန် မုန်လာထုပ်ကို ဟင်းချိုလုပ်၍ တစ်ပတ်ကို ၃ ကြိမ်ခန့် စားပေးပါ။

(၄) အသည်းနှင့် နှလုံးကိုသန့် စင်ပေး၍ အားကောင်းစေရန် ထောပတ်သီးကို မကြာခဏ စားပေးနိုင်ပါတယ်။

(၅) ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန် ကညွတ်နှင့်နွားနို့ကို ကျိုသောက်ပါ။

(၆) ရင်ပြည့်ရင်ကယ်၊ ဗိုက်ပွခြင်းကင်၍ ဆီးရွှင်လာစေရန် လ္ဘက်စိမ်း(green tea) သောက်ပါ။

(၇) အူသိမ်အူမထဲမှ အဆိပ်အတောက်များကို ပြေပျောက်စေပါတယ်။ နေ့ စဉ် သံပုရာရည်ကို မကြာခဏ သောက်ပေးပါ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - Foods for health

အစွမ်းထက် သဘာဝဆေးနည်းများ

No comments:

Powered by Blogger.