သီခ်င္းဆိုၿပိဳင္ပြဲကေန ဆုရလာေတာ့ သီခ်င္းေတြပဲဆိုရမယ္ ေအာက္ေမ့တဲ႔ ျဖိဳးျမတ္ေအာင္ရဲ႕အေမ

ဖြိုးမြတ်အောင်ကတော့ ယနေ့မှာ ပရိသတ်တွေကိုကျေးဇူးဆပ်တဲ့အနေနဲ့ ဟင်္သာတမြို့ကပရိသတ်တွေကို Free Show ဖျော်ဖြေပေးနေတာပဲဖြစ်ပါတယ်။ ဒီ Free Show မှာတော့ ဖြိုးမြတ်အောင်အပါအဝင် နေခန့်မင်းသစ်နဲ့ ငွေဇင်လှိုင်းတို့လည်း ကူညီသီဆိုနေကြတာဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ကတော့ မကြာသေးခင်ကမှ မြန်မာအိုင်ဒေါဝင်းနားဆုရရှိပြီး ကြော်ငြာများလက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်။ အကယ်ဒမီပိုင်ဖြိုးသုနဲ့ ရိုက်ကူးခဲ့တဲ့ ဧကရာဇာဓာတ်မြေသြဇာကြော်ငြာမှာလည်း ဖြိုးမြတ်အောင်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပရိသတ်တွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ ရိုးသားလွန်းလှတဲ့ ဖြိုးမြတ်အောင်ရဲ့ မိခင်ကတော့ ဖြိုးမြတ်အောင်ကို အဆိုပြိုင်ပွဲကနေ ဆုရလာတော့ သီချင်းတွေပဲဆိုရမယ်လို့ ထင်ခဲ့ပါတယ်။

“သီချင်းဆိုပြိုင်ပွဲကနေ ဆုရလာတော့ သီချင်းတွေပဲဆိုရမယ် အောက်မေ့တာ၊ ဒါပေမဲ့ အခုလို အကယ်ဒမီဆုရ မင်းသမီးတစ်ယောက်နဲ့ ကြော်ငြာရိုက်နေတာကို မြင်တော့ အရမ်းလည်းဝမ်းသာမိတယ်၊ နောက်ပြီး လမ်းကြောင်းနှစ်ခုနဲ့ ဗျာများသွားမှာကိုလည်း စိုးရိမ်မိပါတယ်” လို့ သားလေး ဖြိုးမြတ်အောင်နဲ့ပတ်သက်ပြီး စိတ်ပူနေခဲ့ပါသေးတယ်။

“သားငယ်လေးဖြစ်တဲ့ ဘချစ် ကိုလည်း သိပ်မမျှော်လင့်ရဲပေမဲ့ သူ့ကိုလည်း အရည်အချင်းရှိတယ်ဆိုရင် အားပေးကြပါ” လို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။
Credit: We Love Cele

ျဖိဳးျမတ္ေအာင္ကေတာ့ ယေန႔မွာ ပရိသတ္ေတြကိုေက်းဇူးဆပ္တဲ့အေနနဲ႔ ဟသၤာတၿမိဳ႕ကပရိသတ္ေတြကို Free Show ေဖ်ာ္ေျဖေပးေနတာပဲျဖစ္ပါတယ္။ ဒီ Free Show မွာေတာ့ ၿဖိဳးျမတ္ေအာင္အပါအဝင္ ေနခန႔္မင္းသစ္နဲ႔ ေငြဇင္လွိုင္းတို႔လည္း ကူညီသီဆိုေနၾကတာျဖစ္ပါတယ္။

ၿဖိဳးျမတ္ေအာင္ကေတာ့ မၾကာေသးခင္ကမွ ျမန္မာအိုင္ေဒါဝင္းနားဆုရရွိၿပီး ေၾကာ္ျငာမ်ားလက္ခံရိုက္ကူးေနရတာျဖစ္ပါတယ္။ အကယ္ဒမီပိုင္ၿဖိဳးသုနဲ႔ ရိုက္ကူးခဲ့တဲ့ ဧကရာဇာဓာတ္ေျမၾသဇာေၾကာ္ျငာမွာလည္း ၿဖိဳးျမတ္ေအာင္ရဲ့ သ႐ုပ္ေဆာင္စြမ္းရည္ေတြကို ပရိသတ္ေတြေတြ႕ရွိခဲ့ၿပီးျဖစ္ပါတယ္။ ရိုးသားလြန္းလွတဲ့ ၿဖိဳးျမတ္ေအာင္ရဲ့ မိခင္ကေတာ့ ၿဖိဳးျမတ္ေအာင္ကို အဆိုၿပိဳင္ပြဲကေန ဆုရလာေတာ့ သီခ်င္းေတြပဲဆိုရမယ္လို႔ ထင္ခဲ့ပါတယ္။

“သီခ်င္းဆိုၿပိဳင္ပြဲကေန ဆုရလာေတာ့ သီခ်င္းေတြပဲဆိုရမယ္ ေအာက္ေမ့တာ၊ ဒါေပမဲ့ အခုလို အကယ္ဒမီဆုရ မင္းသမီးတစ္ေယာက္နဲ႔ ေၾကာ္ျငာရိုက္ေနတာကို ျမင္ေတာ့ အရမ္းလည္းဝမ္းသာမိတယ္၊ ေနာက္ၿပီး လမ္းေၾကာင္းႏွစ္ခုနဲ႔ ဗ်ာမ်ားသြားမွာကိုလည္း စိုးရိမ္မိပါတယ္” လို႔ သားေလး ၿဖိဳးျမတ္ေအာင္နဲ႔ပတ္သက္ၿပီး စိတ္ပူေနခဲ့ပါေသးတယ္။

“သားငယ္ေလးျဖစ္တဲ့ ဘခ်စ္ ကိုလည္း သိပ္မေမၽွာ္လင့္ရဲေပမဲ့ သူ႔ကိုလည္း အရည္အခ်င္းရွိတယ္ဆိုရင္ အားေပးၾကပါ” လို႔ ပရိသတ္ေတြကို ေတာင္းဆိုလိုက္ပါတယ္။
Credit: We Love Cele

No comments:

Powered by Blogger.