ေက်ာ္ေက်ာ္ဗိုရဲ႕ ကၽြန္ေတာ္ရွက္တယ္ ဇာတ္လမ္းတိုအေပၚ တံု႕ျပန္လိုက္တဲ့ သရုပ္ေဆာင္ လူမင္း

သရုပ္ေဆာင္ အကယ္ဒမီ လူမင္းတစ္ေယာက္ကေတာ့ တစ္ေခတ္တခါတုန္းတည္းက ယခုအခ်ိန္ထိ နာမည္ၾကီးလူၾကိဳက္မ်ားခဲ့တဲ့ ရုပ္ရွင္မင္းသားတစ္ဦးျဖစ္ပါတယ္။ ယခုအခ်ိန္ထိ အႏုပညာနဲ႔ အဆက္အသြယ္မျပတ္ဘဲ ရုပ္ရွင္ဇာတ္ကားေတြမွာေတြ႕ေနရတာလည္း လူမင္းရဲ႕ အရည္အခ်င္းတစ္ရပ္ပဲျဖစ္ပါတယ္။

အကယ္ဒမီ လူမင္းဟာ ရုပ္ရွင္အစည္းအရံုးရဲ႕ဥကၠဌတစ္ဦးျဖစ္ခဲ့သူျဖစ္ျပီး ရုပ္ရွင္ေလာကမွာလည္း ၾကာရွည္စြာ ရပ္တည္လာႏိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာေလာကသားတစ္ဦးျဖစ္တဲ့ သရုပ္ေဆာင္ ေက်ာ္ေက်ာ္ဗိုဟာ လြန္ခဲ့တဲ့ တပတ္က သူ႔ရဲ႕လူမွုကြန္ယက္ေပၚကေန ကြ်န္ေတာ္ရွက္လို႔ ဆိုတဲ့ Short Film အတိုေလး တင္ခဲ့တာျဖစ္ပါတယ္။ ထိုဗီဒီယိုဟာ နာရီပိုင္းအတြင္း ၾကည္႔ရွုသူေထာင္ေသာင္းခ်ီသြားခဲ့တာျဖစ္ျပီး ျမန္မာ့ရုပ္ရွင္ေလာကရဲ႕ အဘက္ဘက္ကယိုယြင္းေနတဲ့ ယိုေပါက္ေတြကို မီးေမွာင္းထိုးျပသြားတာလည္းျဖစ္ပါတယ္။ ထိုဗီဒီယိုအတိုေလးနဲ႔ပတ္သက္ျပီးေတာ့ သရုပ္ေဆာင္လူမင္းကေတာ့ ယခုလိုပဲ တံု႔ျပန္လိုက္ပါတယ္။

မွန္ပါတယ္ က်ေတာ္တုိ႔မွာအားနည္းခ်က္ေတြ လိုအပ္ခ်က္ေတြအမ်ားၾကီးရွိခဲ့တာအမွန္ပါပဲ ဝန္ခံပါတယ္ အဲဒီတိုင္းဘာလို႔ခ်ီတက္လာႏိုင္ခဲ့လဲဆိုေတာ့ အဲဒီတိုင္းကိုအားေပးတဲ့ပရိသတ္နဲ႔ဖန္တီးတဲ့ သူနဲ႔ကို စည္းဝါးကိုက္ျပီးခ်ီတက္လာၾကတာပါပဲ။ ဒါေပမယ့္ က်ေတာ္တုိ႔ခုေလာကၾကီးက ေျပာင္းလဲလာၾကပါျပီ။ ဟိုတေလာက ထြက္တဲ့ရုပ္ရွင္ကားေတြကုိၾကည့္ပါ အရမ္းေကာင္းတဲ့ကားေတြ အမ်ားၾကီး ထြက္လာပါျပီ။ ရုပ္သံ Quality ကိုၾကည့္မလား ဇာတ္လမ္းအမ်ိဳးအစားကိုၾကည့္မလား တကယ့္ကားေကာင္းေတြအမ်ားၾကီးထြက္လာပါျပီ။ အဲေတာ့ က်ေတာ္ဆုိလုိတာက က်ေတာ္တုိ႔ရုပ္ရွင္ေလာကၾကီးဟာ တခ်ိန္လံုးလက္ညိဳးထိုးေဝဖန္ေနရမယ့္ ေလာကၾကီးမဟုတ္ပါဘူး။

အေျပာင္းအလဲေတြျဖစ္ေအာင္လည္းတကယ္လညး္ၾကိဳးစားေနၾကပါတယ္။ၾကိဳးစားမွုေတြရဲ႕ ေျပာင္းလဲမွုေတြကိုလညး္အသိအမွတ္ျပဳေပးၾကပါ။ ဒါေတြကိုလည္းျမင္ေပးၾကပါ တခ်ိန္လံုးရုပ္ရွင္ေလာကလို႔ေျပာလုိက္တာနဲ႔ ေဝဖန္ျပစ္တင္ရွံဳ႕ခ်စရာလို႔ မျမင္ေစခ်င္ပါဘူး။ အားလံုးလည္းေျပာင္းလဲဖို႔ျပင္ဆင္ေနၾကပါတယ္။

က်ေတာ္ရွက္တယ္ဗီဒီယိုထဲက ဟာေတြက အကုန္လံုးအမွန္ေတြၾကီးပါပဲ။ ဒါေပမယ့္ အဲဒါအမွန္လို႔သိတဲ့အခါမွာ ကိုယ့္ဘာကို ေျပာင္းလဲေနတာပဲ။ က်ေတာ္တုိ႔ကေတာ့ထြက္မေျပာဘူး။ ကိုယ့္ဘာကိုေျပာင္းလဲ ၾကိဳးစားေနတာပဲ။ သရုပ္ေဆာင္တိုင္းကေတာ့ ေနာင္တရၾကတာပဲ ဒါသူမွမဟုတ္ဘူး လူတုိင္းမွာ ဒီလိုခံစားခ်က္မ်ိဳးကရွိတယ္ ဒါေပမယ့္လည္း အေၾကာင္းေၾကာင္းေၾကာင့္ရိုက္လိုက္ရတယ္ လုပ္လိုက္ရတယ္ဆိုတဲ့အေၾကာင္းျပခ်က္က လူတုိင္းမွာ ရွိတယ္။ ဒါေပမယ့္လည္း က်ေတာ္တုိ႔ရုပ္ရွင္ေလာကၾကီးက ေျပာလုိက္တာနဲ႔ လက္ညိုးထိုးအျပစ္တင္ေဝဖန္စရာၾကီးေတာ့မဟုတ္ပါဘူး တကယ္လည္းအေျပာင္းလဲေၾကာင့္ ျဖစ္ေပၚတိုးတက္လာတဲ့ ရုပ္ရွင္ကားေတြအမ်ားၾကီးရွိပါတယ္လို႔။

သရုပ်ဆောင် အကယ်ဒမီ လူမင်းတစ်ယောက်ကတော့ တစ်ခေတ်တခါတုန်းတည်းက ယခုအချိန်ထိ နာမည်ကြီးလူကြိုက်များခဲ့တဲ့ ရုပ်ရှင်မင်းသားတစ်ဦးဖြစ်ပါတယ်။ ယခုအချိန်ထိ အနုပညာနဲ့ အဆက်အသွယ်မပြတ်ဘဲ ရုပ်ရှင်ဇာတ်ကားတွေမှာတွေ့နေရတာလည်း လူမင်းရဲ့ အရည်အချင်းတစ်ရပ်ပဲဖြစ်ပါတယ်။

အကယ်ဒမီ လူမင်းဟာ ရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဌတစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ရုပ်ရှင်လောကမှာလည်း ကြာရှည်စွာ ရပ်တည်လာနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုဟာ လွန်ခဲ့တဲ့ တပတ်က သူ့ရဲ့လူမှုကွန်ယက်ပေါ်ကနေ ကျွန်တော်ရှက်လို့ ဆိုတဲ့ Short Film အတိုလေး တင်ခဲ့တာဖြစ်ပါတယ်။ ထိုဗီဒီယိုဟာ နာရီပိုင်းအတွင်း ကြည့်ရှုသူထောင်သောင်းချီသွားခဲ့တာဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောကရဲ့ အဘက်ဘက်ကယိုယွင်းနေတဲ့ ယိုပေါက်တွေကို မီးမှောင်းထိုးပြသွားတာလည်းဖြစ်ပါတယ်။ ထိုဗီဒီယိုအတိုလေးနဲ့ပတ်သက်ပြီးတော့ သရုပ်ဆောင်လူမင်းကတော့ ယခုလိုပဲ တုံ့ပြန်လိုက်ပါတယ်။

မှန်ပါတယ် ကျတော်တို့မှာအားနည်းချက်တွေ လိုအပ်ချက်တွေအများကြီးရှိခဲ့တာအမှန်ပါပဲ ဝန်ခံပါတယ် အဲဒီတိုင်းဘာလို့ချီတက်လာနိုင်ခဲ့လဲဆိုတော့ အဲဒီတိုင်းကိုအားပေးတဲ့ပရိသတ်နဲ့ဖန်တီးတဲ့ သူနဲ့ကို စည်းဝါးကိုက်ပြီးချီတက်လာကြတာပါပဲ။ ဒါပေမယ့် ကျတော်တို့ခုလောကကြီးက ပြောင်းလဲလာကြပါပြီ။ ဟိုတလောက ထွက်တဲ့ရုပ်ရှင်ကားတွေကိုကြည့်ပါ အရမ်းကောင်းတဲ့ကားတွေ အများကြီး ထွက်လာပါပြီ။ ရုပ်သံ Quality ကိုကြည့်မလား ဇာတ်လမ်းအမျိုးအစားကိုကြည့်မလား တကယ့်ကားကောင်းတွေအများကြီးထွက်လာပါပြီ။ အဲတော့ ကျတော်ဆိုလိုတာက ကျတော်တို့ရုပ်ရှင်လောကကြီးဟာ တချိန်လုံးလက်ညိုးထိုးဝေဖန်နေရမယ့် လောကကြီးမဟုတ်ပါဘူး။

အပြောင်းအလဲတွေဖြစ်အောင်လည်းတကယ်လည်းကြိုးစားနေကြပါတယ်။ကြိုးစားမှုတွေရဲ့ ပြောင်းလဲမှုတွေကိုလည်းအသိအမှတ်ပြုပေးကြပါ။ ဒါတွေကိုလည်းမြင်ပေးကြပါ တချိန်လုံးရုပ်ရှင်လောကလို့ပြောလိုက်တာနဲ့ ဝေဖန်ပြစ်တင်ရှုံ့ချစရာလို့ မမြင်စေချင်ပါဘူး။ အားလုံးလည်းပြောင်းလဲဖို့ပြင်ဆင်နေကြပါတယ်။

ကျတော်ရှက်တယ်ဗီဒီယိုထဲက ဟာတွေက အကုန်လုံးအမှန်တွေကြီးပါပဲ။ ဒါပေမယ့် အဲဒါအမှန်လို့သိတဲ့အခါမှာ ကိုယ့်ဘာကို ပြောင်းလဲနေတာပဲ။ ကျတော်တို့ကတော့ထွက်မပြောဘူး။ ကိုယ့်ဘာကိုပြောင်းလဲ ကြိုးစားနေတာပဲ။ သရုပ်ဆောင်တိုင်းကတော့ နောင်တရကြတာပဲ ဒါသူမှမဟုတ်ဘူး လူတိုင်းမှာ ဒီလိုခံစားချက်မျိုးကရှိတယ် ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့်ရိုက်လိုက်ရတယ် လုပ်လိုက်ရတယ်ဆိုတဲ့အကြောင်းပြချက်က လူတိုင်းမှာ ရှိတယ်။ ဒါပေမယ့်လည်း ကျတော်တို့ရုပ်ရှင်လောကကြီးက ပြောလိုက်တာနဲ့ လက်ညိုးထိုးအပြစ်တင်ဝေဖန်စရာကြီးတော့မဟုတ်ပါဘူး တကယ်လည်းအပြောင်းလဲကြောင့် ဖြစ်ပေါ်တိုးတက်လာတဲ့ ရုပ်ရှင်ကားတွေအများကြီးရှိပါတယ်လို့။

No comments:

Powered by Blogger.